(၇)ရက် သားသမီးများ အရောင်းအဝယ် ကောင်းစေရန်နှင့် လာဘ်လာဘ ရွှင်စေရန် ယတြာ

Astrology

(၇)ရက် သားသမီးများ အရောင်းအဝယ် ကောင်းစေရန်နှင့် လာဘ်လာဘ ရွှင်စေရန် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၇)ရက် သားသမီးများ အရောင်းအဝယ် ကောင်းစေရန်နှင့် လာဘ်လာဘ ရွှင်စေရန် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


(၇)ရက် သားသမီးများ အရောင်းအဝယ် ကောင်းစေရန်နှင့် လာဘ်လာဘ ရွှင်စေရန် မိမိ ဆိုင်ဘုရားစင်မှာ သို့မဟုတ် မိမိ အလုပ်စာပွဲးပေါ်မှာ ဘာပန်း/ ဘာအညွှန့် ထိုးရမလဲ မသိတဲ့ ထမင်းရှင်၊ မိတ်ဆွေများ အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

Gold saw a pause this year. But will it shine in 2022? - BusinessToday

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ (၁၀) နာရီခွဲအတွင်း ပိတောက် (၁၂) ညွှန့်ကို မိမိ ဆိုင်ဘုရားစင်မှာ သို့မဟုတ် မိမိ အလုပ်စာပွဲးပေါ်မှာ ကပ်လှူ ထားပေးပါ။

တနင်္လာ သားသမီးများ

တနင်္လာနေ့ နံနက် (၉) နာရီမှ (၁၀) နာရီခွဲအတွင်း လက်ပံ (၉) ညွှန့် ဒါမှမဟုတ် လိမ္မော်သီး (၉) လုံးကို မိမိ ဆိုင်ဘုရားစင်မှာ သို့မဟုတ် မိမိ အလုပ်စာပွဲးပေါ်မှာ ကပ်လှူ ထားပေးပါ။

အင်္ဂါ သားသမီးများ

အင်္ဂါနေ့ နံနက် (၉) နာရီမှ (၁၀) နာရီခွဲအတွင်း သရက် (၁၀) ညွှန့်ကို မိမိ ဆိုင်ဘုရားစင်မှာ သို့မဟုတ် မိမိ အလုပ်စာပွဲးပေါ်မှာ ကပ်လှူ ထားပေးပါ။

ဗုဒ္ဓဟူး သားသမီးများ

ဗုဒ္ဓဟူးနေ့ နံနက် (၉) နာရီမှ (၁၀) နာရီခွဲအတွင်း ကသစ် (၈) ညွှန့် ဒါမှမဟုတ် ကွမ်းသီး (၈) စိပ်ကို မိမိ ဆိုင်ဘုရားစင်မှာ သို့မဟုတ် မိမိ အလုပ်စာပွဲးပေါ်မှာ ကပ်လှူ ထားပေးပါ။

ကြာသပတေး သားသမီးများ

ကြာသပတေးနေ့ နံနက် (၉) နာရီမှ (၁၀) နာရီခွဲအတွင်း အင်ကြင်း (၂၁) ညွှန့် ဒါမှမဟုတ် တရုတ် စကားပန်း (၂၁) ညွှန့်ကို မိမိ ဆိုင်ဘုရားစင်မှာ သို့မဟုတ် မိမိ အလုပ်စာပွဲးပေါ်မှာ ကပ်လှူ ထားပေးပါ။

သောကြာ သားသမီးများ

သောကြာနေ့ နံနက် (၉) နာရီမှ (၁၀) နာရီခွဲအတွင်း ဇလပ် ဒါမှမဟုတ် ဇီဇဝါ ဒါမှမဟုတ် ဇောင်းလျား (၇) ညွှန့်ကို မိမိ ဆိုင်ဘုရားစင်မှာ သို့မဟုတ် မိမိ အလုပ်စာပွဲးပေါ်မှာ ကပ်လှူ ထားပေးပါ။

စနေ သားသမီးများ

စနေနေ့ နံနက် (၉) နာရီမှ (၁၀) နာရီခွဲအတွင်း ဝင်အူး (၅) ညွှန့် ဒါမှမဟုတ် ရွက်လှ (၄) ညွှန့်နှင့် အုန်း (၁) ညွှန့်ကို ပေါင်းပြီး မိမိ ဆိုင်ဘုရားစင်မှာ သို့မဟုတ် မိမိ အလုပ်စာပွဲးပေါ်မှာ ကပ်လှူ ထားပေးပါ။

မှတ်ချက်။ ။ ဗုဒ္ဓဟူး သားသမီးနှင့် ရာဟု သားသမီးတို့ အတူတူပါပဲ။ အပေါ်တွင် ပြောထားသော အချိန်တွင် အဆင်မပြေပါက နံနက်ခင်း ကြိုက်တဲ့ချိန် လုပ်ပြီး နေ့လည် ၁၂ မကျော်ခင် ပြုလုပ်ပေးပါ။ တစ်ပတ် တစ်ခါ စွန့်ပြီး အသစ် ပြန်လှဲပေးပါ။
(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။