မြန်မာတစ်နိုင်ငံတည်းမှာရှိတဲ့ မြန်မာ့လေးကွက်လိပ် သားပေါက်တဲ့ ပထမဆုံး ရုပ်သံမှတ်တမ်းထွက်ပေါ်(ရုပ်/သံ)

Local News
မြန်မာတစ်နိုင်ငံတည်းမှာရှိတဲ့ မြန်မာ့လေးကွက်လိပ် သားပေါက်တဲ့ ပထမဆုံး ရုပ်သံမှတ်တမ်းထွက်ပေါ်(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာတစ်နိုင်ငံတည်းမှာရှိတဲ့ မြန်မာ့လေးကွက်လိပ် သားပေါက်တဲ့ ပထမဆုံး ရုပ်သံမှတ်တမ်းထွက်ပေါ်(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံတည်းမှာရှိတဲ့ မြန်မာ့လေးကွက်လိပ် သားပေါက်တဲ့ ပထမဆုံး ရုပ်သံမှတ်တမ်းထွက်ပေါ်(ရုပ်/သံ)

မြန်မာတစ်နိုင်ငံတည်းမှာရှိပြီး မျိုးသုန်းပျောက်ကွယ်ဖို့ အလွန်နီးစပ်တဲ့ ရေချိုလိပ်မျိုးစိတ်ဝင် မြန်မာ့လေးကွက်လိပ်(Burmese peacock softshell turtle) သားပေါက်နေတဲ့ ပထမဆုံး ရုပ်သံမှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်အဖွဲ့(Flora and Fauna International – FFI)၊ ဒေသခံလုပ်အားပေးတွေနဲ့ အင်းတော်ကြီးရေကန်တစ်ဝိုက်က လိပ်အကြောင်း နှံ့စပ်တဲ့ ထိန်းသိမ်းစောင့်ရှောက်သူတွေ ပူးပေါင်းပြီး မြန်မာ့လေးကွက်လိပ် သားဖောက်ရေး အစီအစဉ်ကို ဖော်ဆောင်ခဲ့ကြတာပါ။

”လိပ်စောင့်ရှောက်သူတွေ”လို့ ခေါ်ကြတဲ့ ဒေသခံတွေဟာ မြန်မာ့လေးကွက်လိပ်တွေ သားပေါက်တဲ့ နေရာတွေကို ရှာဖွေခဲ့ကြပြီး ၂၀၂၂ ခုနှစ် သားပေါက်ရာသီမှာ သားပေါက်တဲ့နေရာ ၅ ခု တွေ့ရှိခဲ့ကြပါတယ်။ သားပေါက်တဲ့နေရာတွေကို မျက်ခြည်မပြတ် စောင့်ရှောက်ပေးခဲ့ကြပြီး မြန်မာ့လေးကွက်လိပ် သားပေါက် ၁၅ ကောင် ပေါက်ဖွားခဲ့တာပါ။

အရှေ့တောင်အာရှရဲ့ အကြီးဆုံး ရေချိုကန်ကြီးတစ်ကန်ဖြစ်တဲ့ အင်းတော်ကြီးရေကန်ဟာ မျိုးရင်းငှက် ၁၅၀ နေထိုင်ကျက်စားရာနေရာဖြစ်သလို ရှားပါးတဲ့ ငါးမျိုးစိတ်၊ တွားသွားသတ္တဝါ၊ ပရိုင်းမိတ်နဲ့ နို့တိုက်သတ္တဝါမျိုးစိတ်တွေ ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။

ကြည့်ရန်- https://youtu.be/lHfmZ5kpdgQ

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။