ထိုင်းလေဆိပ် ရွေ့လျားလျှောက်လမ်းမှာ ခြေထောက်ညပ်နေတဲ့ အမျိုးသမီးကို ခြေထောက်ဖြတ်ပြီး ကယ်တင်ခဲ့ရ

International News
ထိုင်းလေဆိပ် ရွေ့လျားလျှောက်လမ်းမှာ ခြေထောက်ညပ်နေတဲ့ အမျိုးသမီးကို ခြေထောက်ဖြတ်ပြီး ကယ်တင်ခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းလေဆိပ် ရွေ့လျားလျှောက်လမ်းမှာ ခြေထောက်ညပ်နေတဲ့ အမျိုးသမီးကို ခြေထောက်ဖြတ်ပြီး ကယ်တင်ခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်းလေဆိပ် ရွေ့လျားလျှောက်လမ်းမှာ ခြေထောက်ညပ်နေတဲ့ အမျိုးသမီးကို ခြေထောက်ဖြတ်ပြီး ကယ်တင်ခဲ့ရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ရဲ့ ရွေ့လျားလျှောက်လမ်း (travelator)မှာ ခြေထောက်ညပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ရေးသမားတွေက ခြေထောက်ဖြတ်ပြီး ကယ်ဆယ်ခဲ့ရပါတယ်။ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ အမည်မဖော် အမျိုးသမီးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်ပိုင်းက လေဆိပ်ရွေ့လျားလျှောက်လမ်းမှာ လက်ဆွဲအိတ်နဲ့ခလုပ်တိုက်လဲပြီး ခြေထောက်ညပ်သွားခဲ့တာပါ။
အမျိုးသမီး ခြေထောက်ညပ်ခဲ့တဲ့ ရွေ့လျားလျှောက်လမ်းဟာ ၁၉၉၆ ခုနှစ်ကတည်းက ဒွန်မောင်းလေဆိပ်မှာ တပ်ဆင်အသုံးပြုခဲ့တာဖြစ်ပြီး ဟောင်းနွမ်းနေတဲ့ ရွေ့လျားလျှောက်လမ်းတွေကို ၂၀၂၅ ခုနှစ်မှာ လဲလှယ်သွားဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အခုဖြစ်ရပ်ကြောင့် ရွေ့လျားလျှောက်လမ်းတွေကို မကြာမီ အသစ်လဲလှယ်တပ်ဆင်သွားဖို့ ရှိနေပါတယ်။

ဒွန်မောင်းလေဆိပ်က ဒီဖြစ်ရပ်ကြောင့် အလွန်ဝမ်းနည်းမိပြီး အမျိုးသမီးရဲ့ ဆေးကုသစရိတ်အားလုံးကို ကျခံပေးမှာဖြစ်ကာ နစ်နာကြေးပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရသလဲဆိုတာကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။