၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မှ ဇူလိုင်လ ၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မှ ဇူလိုင်လ ၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မှ ဇူလိုင်လ ၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မှ ဇူလိုင်လ ၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( July 3 to July 9 )

ယခုအပတ်သည် Aries ရာသီခွင်တို့အတွက် ပရောဂျက်အသစ်များ သို့မဟုတ် အကျိုးတူ လုပ်ငန်းများ စတင်ရန် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း တိုးတက်မှုများ ရှိနေပါမယ်။မိမိ၏ လမ်းကြောင်းပေါ် ရောက်ရှိလာမည့် အခွင့်အလမ်းများကို အကောင်းဆုံး အသုံးချပါ။

သို့သော် အချစ်ရေးနယ်ပယ်တွင် ပြင်းထန်‌သော အခိုက်အတန့်အချို့ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် နားလည်မှု လွဲမှားခြင်းများကြောင့် ဖြေရှင်းရတတ်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးကြား ဆက်ဆံရေးတွင် အပြန်အလှန် စိတ်ရှည်သည်းခံပေးပါ။

ပြိဿရာသီခွင် – Taurus ( July 3 to July 9 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ကြုံတွေ့ရတတ်ပါတယ်။ အသက်မွေးဝမ်းကြောင်းနှင့် ငွေကြေးကိစ္စများတွင် မမျှော်လင့်ထားသော အပြောင်းအလဲများ သို့မဟုတ် အနှောင့်အယှက်အချို့ရှိနေနိုင်ပါတယ်။

သို့သော် စိန်ခေါ်မှုများမှ တိုးတက်မှုနှင့် အတူ အောင်မြင်မှုကို ရရှိနိုင်ပါမယ်။ စိတ်ကူးသစ်၊ နည်းလမ်းသစ်များဖြင့် ကြိုးစားပါ။ မိမိ၏ အရည်အချင်းကို ယုံကြည်ပါ။

အချစ်ရေး နယ်ပယ်တွင် ပဋိပက္ခများ သို့မဟုတ် နားလည်မှုလွဲမှားမှုများ ရှိနေနိုင်ပါတယ်။ မလိုအပ်ဘဲ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ကြဉ်ပါ။

မေထုန်ရာသီခွင် – Gemini ( July 3 to July 9 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ယာဉ်မတော်တဆ ဖြစ်ပွားနိုင်ခြေ ရှိနေပါတယ်။ အထူးသဖြင့် ညဘက် သွားလာခြင်းကို ရှောင်ကြဉ်ပါ။ မဟုတ်ပါက ထိခိုက်ဒဏ်ရာ ရရှိတတ်ပါတယ်။

ဤကာလအတွင်း ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေကောင်းမွန်ခြင်းနှင့် အတူ စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။ သို့သော် တခါတရံ ငွေကြေး ဆုံးရှုံးတတ်၍ သတိထားပေးရပါမယ်။

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ မိသားစုဘဝတွင် အနှောင့်အယှက် အချို့ ရှိနေနိုင်ပါတယ်။ မိမိ၏ အပြောအဆို၊ အပြုအမူတို့ကို ဂရုစိုက်ပေးပါ။ အကယ်၍ အစုစပ် စီးပွားရေးနှင့် ပက်သက်နေပါက စိတ်ဖိစီးရတတ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( July 3 to July 9 )

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် မိမိ၏ စိတ်ကို ပျော်ရွှင်အောင်ထားပါ။

ရင်းနှီးမြုပ်နှံမှုကို ပြုလုပ်လိုပါက အနည်းငယ် စောင့်ဆိုင်းပေးပါ။ ဤကာလအတွင်း ငွေကြေး ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ မိမိမျှော်မှန်းသလောက် အပြည့်အဝ မရရှိနိုင်ပေ။

မိသားစုဝင်တို့၏ ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ ကျန်းမာရေးနှင့် ပက်သက်၍ ငွေကြေး သုံးစွဲရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အိမ်မှုရေးရာ တာဝန်များ ပိုမိုလုပ်ဆောင်ရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( July 3 to July 9 )

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ စိတ်အား ထက်သန်စွာ အလုပ်များကို လုပ်ဆောင်နိုင့်ပါမယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် နေ့စဉ်ပုံမှန် လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း ငွေကြေး ရင်းနှီးမြုပ်နှံလိုပါက ‌အသေအချာ စဉ်းစားပေးပါ။ ငွေကြေးအရ ကံတရားသည် နိမ့်ပါးနေတတ်ပါတယ်။ အယုံမလွယ်ပါနှင့်။

မိသားစုနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ မိသားစု တာဝန်များကို ဦးစားပေး ဆောင်ရွက်ပေးပါ။ မိသားစုဝင်တို့၏ စိတ်ဆန္ဒကိုပါ အလေးထားပေးရပါမယ်။

ကန်ရာသီခွင် – Virgo ( July 3 to July 9 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ပိုမိုအားထုတ်ပေးရပါမယ်။ ကိုယ်ခံအားနည်းခြင်းတို့ကြောင့် ရောဂါ၊ ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။ အထူးသဖြင့် မိသားစုဝင်တို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ပေးပါ။

ကျန်းမာရေးအရ ငွေကြေး သုံးစွဲရဖွယ် ရှိနေပါတယ်။ ငွေရေးကြေးရေးအဖြင့် ကံတရားသည် နိမ့်ပါးနေတတ်ပါတယ်။ ငွေကြေး ကုန်ကျမှုများ မြင့်မားလာဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း ဧည့်သည်အချို့သည် မိမိတို့ နေအိမ်သို့ လာရောက် လည်ပတ်နိုင်ပါတယ်။ မိသားစုအတွင်း ပျော်ရွှင်မှုများ ရှိနေပါမယ်။ မိသားစုဘဝအတွက် အချိန်ပိုမို ရရှိနိုင်ပါမယ်။

တူရာသီခွင် – Libra ( July 3 to July 9 )

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် အားနည်းနေပါမယ်။ စိတ်ပိုင်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အရ ကြံ့ခိုင်မှုရှိအောင် ကြိုးစားပါ။ ကိုယ်လက်လှုပ်ရှားမှုအပြင် လုံလောက်စွာ အနားယူပေးရပါမယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေ တိုးတက်မှု ရှိနေပါမယ်။ ငွေကြေးဆိုင်ရာ အခွင့်အလမ်းများ ပြန်လည်ရရှိဖွယ် ရှိနေပါတယ်။ သို့သော် ငွေကြေး သုံးစွဲရာတွင် အကန့်အသတ် ထားပေးရပါမယ်။

မိသားစုနှင့် ပက်သက်၍ ပျော်ရွင်မှုများ ရှိနေပါမယ်။ မိသားစုဝင်များ အကြား ဆက်ဆံရေး ကောင်းမွန်နေပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( July 3 to July 9 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ်မှု အပြင် ယုံကြည်မှု ပျောက်ဆုံးနေတတ်ပါတယ်။ အထူးသဖြင့် မိမိ၏ စိတ်ကို ပျော်ရွှင်အောင်ထားပါ။ စိတ်ထိခိုက်စေနိုင်သော အကြောင်းအရာများမှ ဝေးဝေး နေထိုင်ပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေး အခြေအနေ ကောင်းမွန်နေပါမယ်။ ငွေကြေး အကျိုးခံစားခွင့်များနှင့် အတူ ငွေကြေး စု‌ဆောင်းမှုများကိုပါ ပြုလုပ်နိုင်ပါမယ်။ တစ်ချိန်တည်းမှာပင် စီးပွားရေး နှင့် ပက်သက်၍ တိုးချဲ့မှုများ ပြုလုပ်နိုင်ပါမယ်။

ယခုရက်သတ္တပတ်တွင် ဧည့်သည်များသည် မိမိ၏ နေအိမ်သို့ ရုတ်တရက် လာရောက် လည်ပတ်နိုင်ပါတယ်။ မိသားစုဝင်များ အကြား ဆက်ဆံရေး ကောင်းမွန်ကာ ပျော်ရွှင်မှုများ ရှိနေပါမယ်။

ဓနုရာသီခွင် – Sagittarius ( July 3 to July 9 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် အချိုဓာတ်များသော အစားအစာများကို လျော့စားပေးရပါလိမ့်မယ်။ အထူးသဖြင့် သွေးတိုး၊ ဆီးချို ဝေဒနာရှင်များ အတွက် သတိထားပေးရမည့် အချိန်ကာလ ဖြစ်ပါတယ်။

ဤကာလအတွင်း ငွေရေးကြေးရေး အခြေအနေသည် အနည်းငယ် ကျပ်တည်းနေနိုင်ပါမယ်။ ငွေကြေး ကံတရားသည် ညံ့ဖျင်းနေတတ်၍ ရသင့်ရထိုက်သော အကျိုးအမြတ်ကို အပြည့်အဝ ရရှိနိုင်မည် မဟုတ်ပါ။ ငွေကြေး ပြဿနာများ ဖြစ်ပေါ်နိုင်ဖွယ် ရှိနေပါတယ်။

အကယ်၍ အတိတ်ကာလတွင် မိသားစုဝင်များကြား အထင်အမြင် လွဲမှားမှုများ ရှိခဲ့ပါက ယခုအပတ်တွင် ပျောက်ကွယ် သွားပါလိမ့်မယ်။ မိသားစုအတွင်း ငြိမ်းချမ်းမှု ပြန်လည် ရရှိလာပါမယ်။

မကာရရာသီခွင် – Capricorn ( July 3 to July 9 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်ပေမယ့်လို့ စိတ်ပိုင်းဆိုင်ရာအရ အားနည်း နေနိုင်ပါမယ်။ အထူးသဖြင့် စိတ်လှုပ်ရှားကာ မသေချာမရေရာမှုတွေ ခံစားရတတ်ပါတယ်။

ဤကာလအတွင်း ငွေကြေးအားဖြင့် ကံတရား၏ အားပေး ထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ မိမိကြိုးစားအားထုတ်သလောက် အကျိုးဖြစ်ထွန်းမည့် အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အထောက်အပံ့များ ရရှိနိုင်ပါတယ်။

မိမိတတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီ ဆောင်ရွက်ပါ။ မိသားစုဝင်များထံမှ အကြံဉာဏ်များကိုလည်း ရယူနိုင်ပါတယ်။ မိတ်ဆွေ၊ အပေါင်းအသင်းသစ်များ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ကုမ်ရာသီခွင် – Aquarius ( July 3 to July 9 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ လမ်းလျှောက်ခြင်းသည်လည်း ကျန်းမာရေးအတွက် ကောင်းမွန်သော အလေ့အကျင့် ဖြစ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ပုံမှန်လည်ပတ်နေပါမယ်။ ငွေကြေး ချေးငှားမှုများ ရှိနေနိုင်ပါတယ်။

မိသားစု လိုအပ်ချက်များ အတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။ ငွေကြေးနှင့် ပက်သက်၍ စိုးရိမ်စရာ မလိုအပ်ပေ။

မိန်ရာသီခွင် – Pisces ( July 3 to July 9 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ တိုးတက်မှုများ ရှိနေပါမယ်။ ယခင် ခံစားခဲ့ရသော ရောဂါ၊ ဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။

ဤကာလအတွင်း ယာဉ်မောင်းနှင်ရာတွင် သတိထားပေးပါ။ လျော်ကြေး ပေးဆောင်ရဖွယ် ရှိနေပါတယ်။

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် မိသားစုဘဝအတွက် အချိန်ပိုမို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မှုရေးရာ ကိစ္စများကိုလည်း ကူညီဆောင်ရွက်နိုင်ပါလိမ့်မယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။