ရောမရဲ့ရှေးဟောင်းအထင်ကရအဆောက်အဦးပေါ် ချစ်သူကောင်မလေးရဲ့နာမည်ရေးမိလို့ ထောင် ၅ နှစ် ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့ အမျိုးသား

International News
ရောမရဲ့ရှေးဟောင်းအထင်ကရအဆောက်အဦးပေါ် ချစ်သူကောင်မလေးရဲ့နာမည်ရေးမိလို့ ထောင် ၅ နှစ် ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့ အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရောမရဲ့ရှေးဟောင်းအထင်ကရအဆောက်အဦးပေါ် ချစ်သူကောင်မလေးရဲ့နာမည်ရေးမိလို့ ထောင် ၅ နှစ် ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့ အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရောမရဲ့ရှေးဟောင်းအထင်ကရအဆောက်အဦးပေါ် ချစ်သူကောင်မလေးရဲ့နာမည်ရေးမိလို့ ထောင် ၅ နှစ် ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့ အမျိုးသား

အီတလီနိုင်ငံ၊ ရောမမြို့က နှစ်ပေါင်း ၂၀၀၀ နီးပါးရှိတဲ့ ရှေးဟောင်းအထင်ကရအဆောက်အဦး ကိုလော့စီယမ်မှာ ချစ်သူကောင်မလေးရဲ့နာမည်ကို ထွင်းခဲ့တဲ့ အမျိုးသားတစ်ဦးက ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ထားရပါတယ်။ အီဗန် ဒီမီဒရိုဗ်ဟာ ရောမမြို့ကို လာလည်ရင်းနဲ့ အခုလိုလုပ်မိခဲ့တာပါ။

ကိုလော့စီယမ်မှာ နာမည်ထွင်းနေတဲ့ အဲဒီအမျိုးသားရဲ့ဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများအပြားက သူ့ရဲ့လုပ်ရပ်ကြောင့် ဒေါသထွက်ခဲ့ကြပါတယ်။ ကိုလော့စီယမ်က ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းခံထားရတာကြောင့် အီဗန်က ဒဏ်ငွေ ပေါင် ၁၂၈၅၀ (သို့) ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်တာပါ။

နောက်ပိုင်းမှာ အီတလီအမျိုးသားရဲတပ်ဖွဲ့က အီဗန်တို့စုံတွဲကို ဘူလ်ဂေးရီးယားမှာ ခြေရာခံကာ တွေ့ရှိခဲ့ပါတယ်။ အီဗန်ကို ရဲတပ်ဖွဲ့က စကားပြောတဲ့အချိန် သူ့ရဲ့လုပ်ရပ်တွေအတွက် စိတ်ရင်းမှန်နဲ့ နောင်တရပြီး တောင်းပန်စကားဆိုခဲ့တယ်လို့ အီတလီအမျိုးသားရဲတပ်ဖွဲ့ဝင် ရောဘတ်တို မာတီနာက ဆိုပါတယ်။

အီဗန်က တရားခွင်ရဲ့အကျိုးဆက်တွေကို စိုးရိမ်နေတယ်လို့ ထင်ကြောင်း၊ ထောင်ဒဏ် ၂ နှစ်ကနေ ၅ နှစ်အထိ ချမှတ်နိုင်ပြီး ဒဏ်ငွေလည်းပေးဆောင်ရနိုင်တယ်လို့ ရှင်းပြခဲ့ကြောင်း မာတီနာက ပြောပါတယ်။ “သူ ဘာလို့ အဲဒါကို လုပ်ခဲ့တာလဲဆိုတာကို ကျွန်တော်တို့ မမေးခဲ့ပါဘူး။ ဒီမေးခွန်းကို တရားသူကြီးက ကြားနာသွားရမှာပါ။ သူက သံသယရှိသူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုခံယူရမယ်ဆိုတာ ကျွန်တော်တို့ သူကို ပြောခဲ့တယ်”လို့ သူက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။