သိန်း အစိတ်ရှိမှကြည့်လို့ရမဲ့ အဆိုတော်မျိုးကြီးနဲ့ ဝိုင်းဝိုင်းတို့ရဲ့ ရှိုးပွဲ

Celebrity Local News
သိန်း အစိတ်ရှိမှကြည့်လို့ရမဲ့ အဆိုတော်မျိုးကြီးနဲ့ ဝိုင်းဝိုင်းတို့ရဲ့ ရှိုးပွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သိန်း အစိတ်ရှိမှကြည့်လို့ရမဲ့ အဆိုတော်မျိုးကြီးနဲ့ ဝိုင်းဝိုင်းတို့ရဲ့ ရှိုးပွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သိန်း အစိတ်ရှိမှကြည့်လို့ရမဲ့ အဆိုတော်မျိုးကြီးနဲ့ ဝိုင်းဝိုင်းတို့ရဲ့ ရှိုးပွဲ

လူတဦးစာ ကျပ် ၃ သိန်းကျော်ကျသင့်မယ့် အဆိုတော် မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ရဲ့ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ ဖျော်ဖြေပွဲကိုတော့ သိုသိုသိပ်သိပ်နဲ့ သီးသန့် ဝိုင်းတွေနဲ့ ဖျော်ဖြေမှာဖြစ်ပြီး လူ ၈ ဦးစာ ဝိုင်းတဝိုင်း ကိုတော့ ကျပ် ၂၅ သိန်း ကျသင့်မှာဖြစ်ပြီး တဦးစာကိုကျပ် ၃သိန်းကျော် ကျသင့်မှာပါ။

ယင်းပွဲကိုတော့ လာမည့် ဇူလိုင် ၂၁ ရက်နေ့ ည ၇ နာရီကနေ ည ၁၀ နာရီအထိ ပြုလုပ်မှာ ဖြစ်ပြီး ဖျော်ဖြေပွဲအတွက် ကျပ် ၂၅ သိန်းနဲ့ ဝယ်ယူသူတွေဟာ လူ ၈ ယောက်စာ စားပွဲ၊ အခန်း ၂ ခန်း၊ စကော့ဝီစကီ ၁ လုံး၊ ဘီယာ၊ ဝိုင်နဲ့ အမြည်းတွေကိုတော့ Free Flow သုံးဆောင်နိုင်မယ်လို့လည်း ကြော်ငြာမှာ ဖော်ပြ ထားပါတယ်။

အဆိုပါ ပွဲနဲ့ ပတ်သက်ပြီး တေးချစ်သူပြည်သူတွေက ဝေဖန်လျက် ရှိပါတယ်။ အဆိုတော် မျိုးကြီးနဲ့ ဝိုင်ဝိုင်းကို လည်း ပိုက်ဆံရှာသူတွေအဖြစ် ပြောဆိုနေကြပါတယ်။ ယခင်က ပိုက်ဆံ ၅၀၀၀၊ ၁၀၀၀၀ နဲ့ ကြည့်လို့ ရခဲ့ပေမယ့်လည်း ယခုတော့ လူတယောက်ကို ၃ သိန်း အနည်းဆုံး ရှိမှ ကြည့်ရမယ့် အဖြစ်ကို ရောက်သွားပြီလို့ ပြည်သူတဦးက ပြောပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။