Eras Tour အနေနဲ့ ဩစတြေးလျမှာ ဖျော်ဖြေမယ့်ပွဲမှာ တေလာဆွစ်ဖ် ဝင်ငွေဘယ်လောက်ဝင်မလဲ

Celebrity International News
Eras Tour အနေနဲ့ ဩစတြေးလျမှာ ဖျော်ဖြေမယ့်ပွဲမှာ တေလာဆွစ်ဖ် ဝင်ငွေဘယ်လောက်ဝင်မလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Eras Tour အနေနဲ့ ဩစတြေးလျမှာ ဖျော်ဖြေမယ့်ပွဲမှာ တေလာဆွစ်ဖ် ဝင်ငွေဘယ်လောက်ဝင်မလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Eras Tour အနေနဲ့ ဩစတြေးလျမှာ ဖျော်ဖြေမယ့်ပွဲမှာ တေလာဆွစ်ဖ် ဝင်ငွေဘယ်လောက်ဝင်မလဲ

အဆိုတော် တေလာဆွစ်ဖ်ဟာ သူ့ရဲ့ Eras Tour အနေနဲ့ ဩစတြေးလျနိုင်ငံမှာဆိုရင် နောက်နှစ် ဖေဖော်ဝါရီလမှာ ဖျော်ဖြေသွားမှာပါ။ ဩစတြေးလျပွဲအတွက် လက်မှတ်တွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရောင်းချခဲ့တာပါ။ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို ကြည့်ခွင့်ရဖို့အတွက် ခန့်မှန်းခြေ လူပေါင်း ၈၀၀၀၀၀ ဟာ လက်မှတ်ရဖို့ ၄ နာရီကြာ အွန်လိုင်းကနေ တန်းစီစောင့်ဆိုင်းခဲ့ကြရပါတယ်။

တေလာဆွစ်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး ဩစတြေးလျမှာ ဖျော်ဖြေသွားမှာပါ။ မဲလ်ဘုန်းမြို့မှာ ၂ ရက်နဲ့ ဆစ်ဒနီမြို့မှာ ၃ ရက် ဖျော်ဖြေသွားမှာပါ။ တေလာက ဒီဩစတြေးလျဖျော်ဖြေပွဲကနေ ဝင်ငွေ ဘယ်လောက်ရအောင်လုပ်နိုင်မလဲဆိုတာကို Perth Now သတင်းဌာနက ဖော်ပြထားပါတယ်။ ဩစတြေးလျပွဲတစ်ခုတည်းကတင် ဒေါ်လာ ၃၅ သန်း ရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့ (၂) မြို့မှာပဲ ဖျော်ဖြေဖို့ ဆုံးဖြတ်တာက တေလာကိုယ်တိုင်လုပ်ခဲ့တာလို့ သိရပါတယ်။ ဂျပန်ဖျော်ဖြေပွဲပြီးရင် ဩစတြေးလျကို လာမှာပါ။ ဩစတြေးလျပြီးရင် စင်ကာပူကို တန်းသွားမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။