လိင်ဆက်ဆံတဲ့အသံတွေကြောင့်ပွဲကျခဲ့တဲ့ ယူရို ၂၀၂၄ မဲခွဲပွဲ

Funny International News Sports
လိင်ဆက်ဆံတဲ့အသံတွေကြောင့်ပွဲကျခဲ့တဲ့ ယူရို ၂၀၂၄ မဲခွဲပွဲ

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Prankster ဒန်ဂျားဗစ်ဟာ မနေ့ကကျင်းပခဲ့တဲ့ ယူရို 2024 မဲခွဲပွဲမှာ ဖောင်းဒိုင်းအသံတွေနဲ့ အပြောင်အပျက်လုပ်စနောက်ခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ဟမ်းဘာ့ဂ်မှာပြုလုပ်ခဲ့တဲ့ မဲခွဲပွဲကိုတော့ ဒါဗီး ဆေးလ်ဗားနဲ့ ဘရိုင်ယန် လော့ဒ်ရပ်တို့က ဦးဆောင်မဲခွဲခဲ့ပြီး၊ အဆိုပါကစားသမားဟောင်းနှစ်ဦး မဲခွဲနေစဉ်မှာပဲ လူရွှင်တော်ဂျားဗစ်ရဲ့ဖောင်းဒိုင်းအသံတုတွေထွက်ပေါ်လာခဲ့ကာ အခမ်းအနားတက်ရောက်လာသူတွေကြား ပွဲကျခဲ့ပါတယ်။

X (ယခင် တွစ်တာ)ပေါ်မှာ ဂျားဗစ်က “2024ယူရိုကိုဖောင်းဒိုင်းအသံတွေနဲ့ စနောက်ခြင်း”လို့ tweet ခဲ့တာပါ။ အခုလိုမျိုး အပြောင်အပျက်လုပ်တာဟာ ဂျားဗစ်အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ သူဟာ ယခုနှစ်အစောပိုင်းမှာကစားခဲ့တဲ့ လီဗာပူးနဲ့ဝုလ်ဗ်တို့ရဲ့ FA ဖလားပွဲစဉ်အတွင်း ဂယ်ရီ လိုင်နီကာ အစီအစဉ်တင်ဆက်နေချိန်မှာလည်း စနောက်ခဲ့ပါသေးတယ်။

ယူရို 2024ပြိုင်ပွဲကိုတော့ ဂျာမနီနိုင်ငံမှာ ဇွန်လ 14ရက်နေ့ကနေ ဇူလိုင်လ 14ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး၊ ပြိုင်ပွဲဝင် 24သင်းက ပါဝင်ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။

ရေးသားသူ –Football Corner

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။