၄ ရက်အတွင်း ၄၂၅ မိုင်ပြေးပြီး ကမ္ဘာ့စံချိန်သစ်တင်

International News
၄ ရက်အတွင်း ၄၂၅ မိုင်ပြေးပြီး ကမ္ဘာ့စံချိန်သစ်တင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၄ ရက်အတွင်း ၄၂၅ မိုင်ပြေးပြီး ကမ္ဘာ့စံချိန်သစ်တင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၄ ရက်အတွင်း ၄၂၅ မိုင်ပြေးပြီး ကမ္ဘာ့စံချိန်သစ်တင်

သြစတြေးလျနိုင်ငံသား ဖီလ်ဂိုရီဟာ ၄ ရက်အတွင်း ၄၂၅ မိုင်ပြေးပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။ Dead Cow Gully Backyard Masters အယ်လ်ထရာမာရသွန်ပြိုင်ပွဲဟာ ပန်းတိုင်မရှိတဲ့ ပြေးပွဲလို့ တင်စားကြပါတယ်။

ပြိုင်ပွဲဝင်တွေဟာ တစ်နာရီမှာ ၆.၇ ကီလိုမီတာပတ်လမ်းအပြည့် ပြေးရပြီး နောက်ဆုံးပြိုင်ပွဲဝင် တစ်ယောက်တည်းကျန်တဲ့အထိ ပြေးရတာပါ။
၂၀၂၃ ခုနှစ် Dead Cow Gully Backyard Masters အယ်လ်ထရာမာရသွန်ပြိုင်ပွဲကို ဘရစ္စဘိန်းမြို့ အနောက်မြောက်ဘက် ၁၁၂ မိုင်အကွာက ခြံထဲမှာ ကျင်းပတာ ဖြစ်ပါတယ်။

ဖီလ်ဂိုရီဟာ ၆.၇ ကီလိုမီတာပတ်လမ်းကို ၁၀၂ ကြိမ် ပြေးခဲ့ပြီးနောက် အနိုင်ရခဲ့တာပါ။ ဘယ်လ်ဂျီယံအပြေးသမား ၂ ယောက်ရဲ့ ပြေးလမ်း ၁၀၁ ပတ် စံချိန်ကို ပြေးလမ်းတစ်ပတ်အသာနဲ့ စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။