သူ့ရဲ့ ၁၅ နှစ်အရွယ်သမီးဖြစ်သူကို ကိုယ်ရေးလက်ထောက်အဖြစ် ခန့်ထားတဲ့ အိန်ဂျလီနာဂျိုလီ

Celebrity International News
သူ့ရဲ့ ၁၅ နှစ်အရွယ်သမီးဖြစ်သူကို ကိုယ်ရေးလက်ထောက်အဖြစ် ခန့်ထားတဲ့ အိန်ဂျလီနာဂျိုလီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူ့ရဲ့ ၁၅ နှစ်အရွယ်သမီးဖြစ်သူကို ကိုယ်ရေးလက်ထောက်အဖြစ် ခန့်ထားတဲ့ အိန်ဂျလီနာဂျိုလီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ၁၅ နှစ်အရွယ်သမီးဖြစ်သူကို ကိုယ်ရေးလက်ထောက်အဖြစ် ခန့်ထားတဲ့ အိန်ဂျလီနာဂျိုလီ

၁၅ နှစ်အရွယ်သမီးဖြစ်သူကို သူ့ရဲ့ကိုယ်ရေးလက်ထောက်အဖြစ် ဟောလိဝုဒ်စူပါစတား အိန်ဂျလီနာဂျိုလီ ခန့်အပ်ထားတယ်ဆိုတဲ့ အကြောင်းအရာက သတင်းခေါင်းကြီးပိုင်းအဖြစ် မကြာသေးခင်က ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ဒီဆုံးဖြတ်ချက်က ပရိသတ်တွေအကြား ပြောစရာဖြစ်ခဲ့တာပါ။ တချို့ပရိသတ်တွေက သမီးဖြစ်သူကို ကိုယ်ရေးလက်ထောက်အဖြစ် ခန့်အပ်ထားတာသိရတော့ ဝမ်းသာကြပါတယ်။

ဂျိုလီမှာ ကလေး ၆ ယောက်ရှိတဲ့အနက် အမြွှာသမီးလေး ၂ ယောက်ဖြစ်တဲ့ ရှိင်လော့နဲ့ ဗစ်ဗီယန်၊ မွေးစားသမီး ဇာဟာရာဆိုပြီး သမီးလေး ၃ ယောက် ရှိတယ်ဆိုတာ ပရိသတ်တွေအသိပါပဲ။ အခု သူ့ရဲ့ကိုယ်ရေးလက်ထောက်အဖြစ် ခန့်အပ်လိုက်တာက ဗစ်ဗီယန်ကိုပါ။

လက်ရှိမှာ ဂျိုလီက The Outsider အမည်ရတဲ့ ဝတ္ထုကို အခြေခံထားတဲ့ Broadway Musical အသစ်မှာ ထုတ်လုပ်သူပါ။ လာမယ့် ထုတ်လုပ်ရေးအတွက် သူ့ရဲ့သမီးကို ကိုယ်ရေးလက်ထောက်အဖြစ် အခုလို ခန့်အပ်ခဲ့တာပါ။ “သမီးလေးက ပြဇာတ်နဲ့ပတ်သက်ပြီး လေးလေးနက်နက်တွေးခေါ်တတ်ပြီး ဘယ်လို ပံ့ပိုးကူညီရမယ်ဆိုတာကို အကောင်းဆုံးကြိုးစားနေတဲ့သူပါ”လို့ ဂျိုလီက ပြောပါတယ်။

တချို့ပရိသတ်တွေက ဂျိုလီတို့အတွက် ဝမ်းသာခဲ့ကြပါတယ်။ “သူ့အမေနဲ့အတူ အလုပ်လုပ်ရတော့မယ်၊ ဒါက သူ့အတွက် အရမ်းကောင်း”လို့ ပြောတဲ့ ပရိသတ်ရှိသလို “အံ့ဖွယ်မိခင်”လို့ ဂျိုလီကို ချီးကျူးတဲ့ပရိသတ်လည်း ရှိပါတယ်။ တချို့ကတော့ “The Outsiders” ကို ကြည့်ရဖို့ မစောင့်နိုင်ဖြစ်နေကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။