၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( July 10 to July 16 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေးကို ပိုမိုဂရုစိုက်ပေးရပါမယ်။ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် မပေါ့ဆပါနှင့်။ မှန်မှန်ကန်ကန် ဆေးကုသမှု ခံယူပေးပါ။

အထူးသဖြင့် ဤကာလအတောအတွင်း ရေရှည် ရင်းနှီးမြုပ်နှံမှုမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ငွေကြေးအားဖြင့် ပုံမှန် အနေအထားတွင် ရှိနေပါလိမ့်မယ်။

မိသားစုအတွင်း ပျော်ရွှင်မှုနှင့် အတူ အေးချမ်းမှု ရှိနေပါမယ်။ မိမိတတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးပါ။

ပြိဿရာသီခွင် – Taurus ( July 10 to July 16 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် မိမိ၏ ကျန်မာ‌ရေးနှင့် ပက်သက်၍ ဂရုမစိုက်ပဲ မနေပါနှင့်။ အထူးသဖြင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။ ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားမှုများကို မဖြစ်မနေ ပြုလုပ်ပေးရပါမယ်။

ငွေကြေးအားဖြင့် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ မြင့်မားသော ငွေကြေး အမြတ်အစွန်းနှင့်အတူ ဘဏ္ဍာရေး အခြေအနေ တိုးတက်မှု ရှိနေပါမယ်။ သို့သော် ငွေကြေး ကိစ္စနှင့် ပက်သက်၍ ဂရုတစိုက် ဆောင်ရွက်ပေးပါ။

ဤကာလအတွင်း မိသားစု၏ လိုအပ်ချက်အတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။ အထူးသဖြင့် ဥစ္စာ ပစ္စည်သစ် ရောက်ရှိလာဖွယ် ရှိနေပါတယ်။ လိုအပ်သော ပံ့ပိုးကူညီမှုကို ရရှိနိုင်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( July 10 to July 16 )========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အလုံအလောက် အနားယူပေးရပါမယ်။ နေ့စဉ် လမ်းလျှောက်ပေးပါ။ ရိုးရှင်းသော လေ့ကျင့်ခန်းအချို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဤကာလအတွင်း ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အကျိုးအမြတ်များ ရရှိခံစားနိုင်ပါမယ်။ ငွေကြေး စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။

မိသားစုဘဝနှင့် ပက်သက်၍ ပိုမိုအားစိုက်ပေးရပါမယ်။ မိမိ၏ လုပ်ငန်း တာဝန်အပြင် အိမ်မှုရေးရာ ကိစ္စရပ်များအတွက်ပါ အချိန်ယူ ဆောင်ရွက်ပါ။

ကရကဋ်ရာသီခွင် – Cancer ( July 10 to July 16 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ သန့်ရှင်း လတ်ဆတ်သော အစားအစာများနှင့် အတူ အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ။ မိမိ၏ စိတ်ကို ပျော်ရွှင်အောင်ထားပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရား၏ ထောက်ပံ့မှုကို ရရှိနိုင်မည် ဖြစ်သောကြောင့် ကြုံတွေ့‌နေရသော အကျပ်အတည်းများမှ လွန်မြောက်နိုင်ပါမယ်။ ဘဏ္ဍာရေး အခြေအနေ တိုးတက်ကောင်းမွန်လာပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာပါမယ်။

သို့သော် ဤကာလအတွင်း မိသားစုဝင်များ အကြား ဆက်ဆံရေးသည် အနည်းငယ် ခက်ထန်နေနိုင့်ပါမယ်။ အထူးသဖြင့် မိသားစု ငြိမ်းချမ်းမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပါ။ စကားကို အချေအတင် ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၊၊ မဟုတ်ပါက အငြင်းပွားမှုတို့ကြောင့် စိတ်ညစ်ရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( July 10 to July 16 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်မာရေး ကောင်းမွန်စေရန် မိမိကိုယ်တိုင် ကြိုးစားပေးရပါမယ်။ အလုံအလောက် အနားယူပေးပါ။ ကျန်းမာရေးနှင့်အညီ အစားအစာများကို အချိန်မှန် စားသုံးပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။ ဥစ္စာပစ္စည်း၊ ငွေကြေး ပျောက်ဆုံးနိုင်ခြေ အခွင့်အလမ်း များနေတတ်ပါတယ်။

မိသားစုဘဝတွင် အေးချမ်းမှုနှင့် အတူ ပျော်ရွင်များ ရှိနေပါမယ်။ မိသားစုဝင်များထံမှ အထောက်အပံ့များကို ရရှိနိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( July 10 to July 16 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် စိတ်ခံစားချက် ပြင်းထန်နေပါမယ်။ အထူးသဖြင့် စိတ်တို‌၊ဒေါသ ဖြစ်လွယ်နေပါမယ်။ ဒါကြောင့် မိမိ၏ ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် တိုးတက်ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး စုဆောင်းမှုအပြင် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်များ အပေါ် အလေး‌ထား ဆက်ဆံပေးရပါမယ်။ မိမိ၏ အပြုအမူကို ဂရုစိုက်ပေးပါ

တူရာသီခွင် – Libra ( July 10 to July 16 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် ရာသီအလိုက် ရောဂါဝေဒနာ ခံစားရနိုင်၍ သတိထားပေးပါ။ အိမ်တွင်းကုသမှုကို အားမကိုးပါနှင့်။ ရောဂါကြီးကြီးမားမား ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေ အားကောင်းနေပါမယ်။ ဆွေမျိုးများနှင့် မိသားစုဝင်များကို ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်နိုင်ပါမယ်။

သို့သော် မိသားစုအတွင်း ပျော်ရွှင်မှုသည် ပျောက်ဆုံးနေတတ်ပါတယ်။ ဒါကြောင့် အလုပ်ကိစ္စအပြင် မိမိ၏ မိသားစုအတွက်ပါ အချိန်ပေး အလေးထားပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( July 10 to July 16 )========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အပြုသဘောဆောင်သော အပြောင်းအလဲများစွာ ရှိနေပါလိမ့်မယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှုရှိအောင် ကြိုးစားအားထုတ်ပေးပါ။

ဤကာလအတွင်း ငွေကြေး ကိစ္စနှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။ အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးသွားခြင်း သို့မဟုတ် ခိုးယူခံရခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( July 10 to July 16 )
========================================

ယခုအပတ်တွင် ဆီးချို၊ သွေးတိုး ဝေဒနာရှင်များ အနေနဲ့ သတိထားပေးရပါမယ်။ အထူးသဖြင့် အစားအသောက်နှင့် ပက်သက်၍ ဂရုစိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုအပြင် နေ့စဉ် လမ်းလျှောက်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ လုပ်ငန်းရှင်များ အနေနဲ့ ကံတရားသည် ကောင်းမွန်နေသောကြောင့် အမြတ်ဝင်ငွေ တိုး‌စေရန် အခွင့်အလမ်းများစွာ ရရှိနိင်ပါတယ်။

ဤကာလအတွင်း အိမ်မှုရေးရာ ကိစ္စရပ်များ ပိုမိုများပြားလာဖွယ် ရှိနေပါတယ်။ အလုပ်တိုင်းကို ဖြည်းဖြည်းမှန်မှန်နှင့် လုပ်ဆောင်ပါ။ လိုအပ်ပါက အခြားအိမ်ထောင်စုဝင်များ၏ အကူအညီကိုလည်း ရယူနိုင်ပါတယ်။

မကာရရာသီခွင် – Capricorn ( July 10 to July 16 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှု ရှိနေမည် ဖြစ်သောကြောင့် ဆုံးဖြတ်ချက်တိုင်းကို အလျင်အမြန် ချမှတ်နိုင်ပါမယ်။

ဤကာလတစ်လျှောက်လုံး ဝင်ငွေ ကောင်းမွန်နေမည် ဖြစ်သော်လည်း ရက်သတ္တပတ် အဆုံးတွင် အထွက်ငွေ ကြမ်းနေတတ်ပါတယ်။ ငွေရေးကြေးရေး အားကောင်းလာစေရန် ကြိုးပမ်းအားထုတ်မှုများ ဆက်လက် လုပ်ဆောင်ပါ။

ကုမ်ရာသီခွင် – Aquarius ( July 10 to July 16 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်ကောင်းမွန်နေပါမယ်။ အထူးသဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် ကျန်းမာရေး အားကောင်းနေပါမယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါလိမ့်မယ်။ သို့သော် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

အကယ်၍ အစိုးရကဏ္ဍနှင့် ဆက်စပ်လုပ်ကိုင်နေပါက အရေးတကြီး လုပ်ဆောင်ပေးရမည့် အချိန်ကာလဖြစ်ပါတယ်။ ‌အကျိုးခံစားခွင့်နှင့် အတူ အမြတ်အစွန်းကောင်းများ ရရှိနိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း မိသားစု၏ လိုအပ်ချက်များ အတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။ သို့သော် မိမိ၏ ဘဏ္ဍာရေးအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပါ။

မိန်ရာသီခွင် – Pisces ( July 10 to July 16 )
========================================

ယခုအပတ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားနိုင်ခြေ ရှိနေသောကြောင့် သတိထားပေးပါ။ မိမိ၏ ကျန်းမာရေးအတွက် ပိုမိုအားထုတ်ပေးရပါမယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ကြုံတွေ့ရတတ်ပါတယ်။

အကယ်၍ စီးပွားရေး လုပ်ကိုင်နေပါက ယခုသီတင်းပတ်၏ အစတွင် ရင်းနှီးမြှုပ်နှံရန် အကြံပြုလိုပါတယ်။ သို့သော် ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ သတိထား ဆောင်ရွက်ပါ။ မိမိအပေါ် အခွင့်ကောင်းယူမှုများ ကြုံတွေ့ရတတ်ပါတယ်။ ဘဏ္ဍာရေးအရ ပုံမှန်အနေအထားတွင် လည်ပတ်နေပါမယ်။

ဤကာလအတွင်း အရေးကြီးပုဂ္ဂိုလ် အချို့နှင့် တွေ့ဆုံရတတ်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။