ပြာသိုလ အတွက် အကောင်းဆုံးယတြာ

Astrology
ပြာသိုလ အတွက် အကောင်းဆုံးယတြာ

ပြာသိုလဆန်း(၁)ရက်နေ့(11.1.2024) မှ ပြာသိုလကွယ်နေ့(9.2.2024)တစ်လတာလုံး

“စတီးလင်ဗန်း(သို့မဟုတ်)ကြွေပန်းကန်ပြားတစ်ချပ်
ပေါ်တွင် #လစ်ပိုပုလင်းအသစ်တစ်လုံး တင်လိုက်ပါ။
ထိုလစ်ပိုပုလင်းဘေးပတ်လည်တွင် လက်ဖက်အစို
အနည်းငယ် ဝိုက်ထည့်ပေးလိုက်ပါ။ပြီးလျှင်
ဖက်ဖူးစိမ်းရောင်၊အစိမ်းရောင်၊အဖြူရောင်
မိမိအဆင်ပြေရာ #အလင်းအတိုင် တစ်တိုင်ပေါ်တွင်
*ဧဟိလာဘံ* ဟူ၍ ဖယောင်းတိုင်၏အောက်မှအပေါ်သို့
ဆန်တက်သော သဘောဖြင့် ရေးပေးရပါမည်။
ရေးသည့်စာ မပေါ်လည်းရပါတယ်။ *ဧဟိလာဘံ*
ရေးထားပြီးသား အလင်းတိုင်ကို လစ်ပိုပုလင်းထိပ်တွင်
သေချာစိုက်၍ နေ့စဉ်ထွန်းညှိပူဇော်ပေးနေရပါမည်။
ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့
တင်ထား၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ
လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် #‌လိမ္မော်ရည်တစ်ခွက် ကို
နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။

*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*

ဣတိပိသောဘဂဝါ ဗုဒ္ဓေါ=၆ခေါက်
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်
ဣတိပိသောဘဂဝါ လောကဝိဒူ=၁၉ခေါက်

ပြာသိုလအတွက်နေ့စဥ်လာဘ်ပွင့်အရပ်များ

တနင်္ဂနွေနေ့=အရှေ့အရပ်
တနင်္လာနေ့=မြောက်အရပ်
အင်္ဂါနေ့=အရှေ့တောင်အရပ်
ဗုဒ္ဓဟူးနေ့=အနောက်အရပ်
ကြာသပတေးနေ့=တောင်အရပ်
သောကြာနေ့=အနောက်အရပ်
စနေနေ့=အနောက်မြောက်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်နေ့တိုင်းအရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍လည်း(၂၇)ခေါက်တိတိရွတ်ဖတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုပြာသိုလတစ်လတာလုံး တွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာ
အဖြာဖြာ ဖြင့်အောင်မြင်‌၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို တစ်လလုံး နေ့စဉ်
အထက်ပါနည်းအတိုင်း သတိတရလေးနှင့်
တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့်
ယခုပြာသိုလအတွင်း ကံကောင်းခြင်းများစွာ
ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

လက်ဖက်များ ညှိုးနွမ်းမလာခဲ့မှီ အသစ်တစ်ဖန်
ပြန်၍လဲလှယ်ကာ ယတြာကို ရိုသေစွာဖြင့်
လုပ်ဆောင်ပေးကြပါ။လက်ဖက်အစိုသာသုံးပါ။
ဆီ ဆားနှင့်မနှပ်ထားရသော လက်ဖက် သုံးရမည်။
လစ်ပိုပုလင်းကို တစ်ပတ် တစ်ကြိမ် အသစ်လဲပေးပါ။
အလင်းတိုင်အရောင် မသတ်မှတ်ထားပါ။

ဤယတြာကို ယခုပြာသိုလ တစ်လတာလုံး၌မည်သည့်နေ့ရက်၊အချိန်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု ပြာသိုလတစ်လတာလုံး အတွင်း၌ မိမိသည် အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊
ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။