ထွက်ရှိပြီး ၅ ရက်အတွင်း Signups လုပ်တဲ့သူ သန်း၁၀၀ ရှိသွားပြီဖြစ်တဲ့ ဇူကာဘတ်ရဲ့ Threads အက်ပ်

International News Tech
ထွက်ရှိပြီး ၅ ရက်အတွင်း Signups လုပ်တဲ့သူ သန်း၁၀၀ ရှိသွားပြီဖြစ်တဲ့ ဇူကာဘတ်ရဲ့ Threads အက်ပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထွက်ရှိပြီး ၅ ရက်အတွင်း Signups လုပ်တဲ့သူ သန်း၁၀၀ ရှိသွားပြီဖြစ်တဲ့ ဇူကာဘတ်ရဲ့ Threads အက်ပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထွက်ရှိပြီး ၅ ရက်အတွင်း Signups လုပ်တဲ့သူ သန်း၁၀၀ ရှိသွားပြီဖြစ်တဲ့ ဇူကာဘတ်ရဲ့ Threads အက်ပ်

မက်ခ် ဇူကာဘတ်ရဲ့ Meta ကနေ ဖြန့်ချိလိုက်တဲ့ အက်ပ်အသစ် Threads က ၅ ရက်အတွင်း Signups လုပ်သူ သန်း ၁၀၀ ကျော်ရောက်ရှိနေပါပြီ။ ဒါကြောင့် Threads က အခုဆို ChatGPT နဲ့ TikTok နှစ်ခုစလုံးကို ကျော်ဖြတ်ပြီး သမိုင်းတစ်လျှောက် အလျင်မြန်ဆုံးကြီးထွားလာနေတဲ့ အက်ပ်ဖြစ်ပါတယ်။ သန်း ၁၀၀ ရှိပြီဆိုတာကို မက်ခ် ဇူကာဘတ်ကိုယ်တိုင်က ကြေညာခဲ့တာပါ။

အရင်ကတော့ ChatGPT အက်ပ်က ၂ လအတွင်း လစဉ်အသုံးပြုသူ သန်း၁၀၀ ရှိခဲ့တဲ့အတွက် သမိုင်းတစ်လျှောက် အလျင်မြန်ဆုံးကြီးထွားလာနေတဲ့အက်ပ်အဖြစ် သရဖူဆောင်းခဲ့တာပါ။ TikTok က အသုံးပြုသူများလာဖို့ ၉ လအချိန်ယူခဲ့ရပြီး အင်စတာဂရမ်က အသုံးပြုသူ သန်း ၁၀၀ အထိရောက်ဖို့ ၂ နှစ်အချိန်ယူခဲ့ရတာပါ။

လူတော်တော်များများက တွစ်တာကနေပြောင်းပြီး ဒီအက်ပ်ကို အသုံးပြုလာမယ်လို့ မျှော်လင့်ထားတာကြောင့် Threads ကို “Twitter Killer” လို့ ခေါ်ဆိုထားပါတယ်။ ဒါပေမဲ့ Threads က အခြားသုံးပြုသူတွေဆီ တိုက်ရိုက်မက်ဆေ့ချ်ပေးပို့နိုင်တာ (သို့) hashtags အသုံးပြုနိုင်တာလို တွစ်တာမှာ ရနိုင်တဲ့ အခြားအသုံးပြဝန်ဆောင်မှုတော်တော်များများမရှိသေးပါဘူး။

Meta က Threads ကို အသုံးပြုသူ ၂ ဘီလျံရှိတဲ့ အင်စတာဂရမ်နဲ့ ပေါင်းစည်းခြင်းဖြင့် ကြီးမားတဲ့ အရှိန်အဟုန်နဲ့ စတင်စေခဲ့ပါတယ်။ တွစ်တာကို ကမ္ဘာ့တစ်ဝှမ်း အသုံးပြုသူ သန်း ၅၀၀ လောက် နည်းပါးသွားစေခဲ့ပါတယ်။ Threads က အင်စတာဂရမ်အသုံးပြုသူတွေကို ဝန်ဆောင်မှုအသစ်မှာ သူတို့ရဲ့အသုံးပြုသူတွေကို အလိုအလျောက် Follow လုပ်ခွင့်ပေးနေပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။