ထောင့်သန်းနာရောဂါဆိုတာ ဘာလဲ၊ အသက် thayစေနိုင်လား

Health International News Local News
ထောင့်သန်းနာရောဂါဆိုတာ ဘာလဲ၊ အသက် thayစေနိုင်လား

ထောင့်သန်းရောဂါပိုးကို ဖြစ်ပွားစေတဲ့ ထောင့်သန်းဘက်တီးရီးယားပိုးမွှားရဲ့ ဆဲလ်တွေနဲ့ မျိုးမှုန်တွေကို အဏုကြည့် မှန်ပြောင်းကနေ မြင်တွေ့ရတာဖြစ်ပါတယ်။

အာဖရိက တောင်ပိုင်းနဲ့ အရှေ့ပိုင်းက နိုင်ငံပေါင်း ၅ နိုင်ငံမှာ ဘက်တီရီးယားပိုးမွှားကနေဖြစ်ပွားတဲ့ ထောင့်သန်းရောဂါ ကူးစက်မှုတွေဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ဒီဇင်ဘာလ ၁၁ ရက်မှာ ပြောလာပါတယ်။

ကင်ညာ၊ မာလာဝီ၊ ယူဂန္ဓာ၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေနိုင်ငံတွေမှာ ပြီးခဲ့တဲ့လအတွင်း ထောင့်သန်းရောဂါ ကူးစက်မှု ၃၇ ခု၊ သံသယဖြစ်ဖွယ်ကူးစက်မှု ၁,၁၀၀ နဲ့ အဲဒီရောဂါနဲ့ဆက်စပ်ပြီး thayဆုံးမှု ၂၀ အထိ စံချိန်တင် ရှိထားတယ်လို့ WHO က ဖြစ်ပါတယ်။

ဒီရောဂါဟာ အဲဒီနိုင်ငံတွေမှာ တွေ့ရလေ့ရှိပြီး နှစ်စဥ် ရာသီပေါ်ကူးစက်မှုဖြစ်တယ်လို့တော့ WHO က ထောက်ပြပြောဆိုပါတယ်။

အဲဒီ ၅ နိုင်ငံထဲမှာ ဇမ်ဘီယာဟာ ကူးစက်မှုအကြီးမားဆုံးလို့ မြင်တွေ့ရပြီး နိုင်ငံ့ပြည်နယ် ၁၀ ခုမှာ ၉ ခုအထိ ကူးစက်မှုရှိနေပါတယ်။

နိုဝင်ဘာလ ၂၀ ရက်အထိဆိုရင် ဇမ်ဘီယာမှာ ထောင့်သန်းနာရောဂါကူးစက်မှုနဲ့ thayဆုံးမှု ၄ ခု၊ အတည်ပြု ကူးစက်မှု ၂၅ ခုနဲ့ သံသယဖြစ်ဖွယ် ကူးစက်မှု ၆၄၈ ခုအထိရှိထားတယ်လို့ WHO က ပြောပါတယ်။

ထောင့်သန်းနာက လူတွေကို ဘာဖြစ်စေနိုင်လဲ

ကင်ညာနိုင်ငံအနောက်ပိုင်းက နာခူရူအမျိုးသားသဘာဝပန်းခြံထဲမှာ ကျက်စားနေတဲ့ ကျွဲတွေရဲ့ပုံ(ပုံဟောင်း)

ထောင့်သန်းရောဂါဟာ ကျွဲ၊ နွားတွေမှာ ကနဦး ကူးစက်တတ်တာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ လူတွေကိုလည်း ကူးစက်မှု ဖြစ်လာစေပါတယ်

အင်္ဂလိပ်လို Anthrax လို့ခေါ်တဲ့ ထောင့်သန်းနာရောဂါဟာ ကျောက်မီးသွေးလို့ အဓိပ္ပါယ်ရတဲ့ ဂရိစကားလုံး anthrakis ကနေ ဆင်းသက်လာတာဖြစ်ပြီး အဲဒီရောဂါဖြစ်တဲ့အခါ အရေပြားဟာ အညိုအမည်းစွဲသလို မည်းသွားပါတယ်။

ထောင့်သန်းနာဟာ ကျွဲ၊နွားလို မွေးမြူခံတိရိစ္ဆာန်တွေမှာ ကနဦးကူးစက်မှုဖြစ်ခဲ့တာဖြစ်ပေမဲ့ ရောဂါကူးစက်တဲ့တိရိစ္ဆာန်တွေနဲ့တိုက်ရိုက်ထိတွေ့တာ ဒါမှမဟုတ် အဲဒီတိရိစ္ဆာန်ထွက် ထုတ်ကုန်တွေကို စားသုံးမိရုံနဲ့ လူသားတွေကိုလည်း ကူးစက်နိုင်ပါတယ်။

မျက်စိနဲ့မမြင်နိုင်တဲ့ ထောင်သန်းရောဂါပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီး ဒဏ်ရာနဲ့ပြတ်ရှရာတွေရှိတဲ့ တိရိစ္ဆာန်တွေရဲ့ အရေပြားထဲကို မဝင်ရောက်ခင်မှာ မျိုးပွားနိုင်တဲ့ မျိုးမှုန်အနေနဲ့ မြေကြီးထဲမှာ နှစ်ပေါင်းများစွာကြာအောင် ပုန်းအောင်းနေနိုင်ပါတယ်။

ထောင့်သန်းနာရောဂါလက္ခဏာ ၃ မျိုးက ဘာတွေလဲ

ထောင့်သန်းနာကို ပုံစံသုံးမျိုးနဲ့ တွေ့နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အရေပြား ထောင့်သန်းနာ – ကူးစက်မှုဟာ အရေပြားပြတ်ရှနာကနေ ကူးစက်ပြီး အများဆုံးတွေ့ရတဲ့ ကူးစက်မှုဖြစ်သလို ကူးစက်ပုံ သုံးမျိုးမှာ ပြင်းထန်မှု အင်အားအနည်းဆုံးဖြစ်ပါတယ်။ အရေပြားပေါ်မှာ ဖု ထွက်လာမှုနဲ့စတင်ပြီး အရေကြည်ဖု ဖြစ်လာကာ အလယ်မှာ အနက်ရောင်ပုံစံနဲ့ မနာကျင်တဲ့ ပြည်တည်နာအဖြစ်ပုံစံပြောင်းသွားပါတယ်။ လူတချို့မှာတော့ နောက်ပိုင်းမှာ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ ဖျားနာတာနဲ့ အန်တာတွေဖြစ်ပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်း ထောင့်သန်းနာ

အစောပိုင်းလက္ခဏာတွေဟာ အစာအဆိပ်သင့်တဲ့ လက္ခဏာတွေနဲ့ဆင်တူပေမဲ့ နောက်ပိုင်းမှာ ဝမ်းဗိုက်နာကျင်မှုပြင်းပြင်းထန်ထန်ဖြစ်တာ၊ သွေးအန်တာနဲ့ ဝမ်းလျှောတာတွေဖြစ်တဲ့အထိ အခြေအနေ ဆိုးနိုင်ပါတယ်။

အဆုတ်ထောင့်သန်းနာ

အပြင်းထန်ဆုံးပုံစံဖြစ်ပြီး ကနဦးမှာ ပုံမှန်အအေးမိတဲ့လက္ခဏာနဲ့ဆင်တူတာမျိုးတွေ့ရပေမဲ့ နောက်ပိုင်းမှာ အသက်ရှုဖို့ အလွန်အမင်း ခက်ခဲတာနဲ့ သွေးလန့်တဲ့အထိ မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်ပါတယ်။

လူthayစေနိုင်လောက်အောင် ပြင်းထန်လား

ဒီရောဂါကူးစက်ခံရသူတွေဟာ ဆေးရုံတက် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒီရောဂါနဲ့ ထိတွေ့သူတွေအနေနဲ့လည်း ကြိုတင်ကာကွယ်ကုသမှုခံယူနိုင်ပါတယ်။ ထောင့်သန်းနာကို ပနက်စလင်လို ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပေမဲ့ ကူးစက်ခံရပြီးပြီးချင်းမှာ ကုသမှုခံယူမှု စတင်ဖို့ လိုအပ်ပါတယ်။

ကုသမှု မခံယူဘူးဆိုရင် အရေပြားထောင့်သန်းနာကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်းကျော်ဟာ thayဆုံးနိုင်တယ်လို့ အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန(CDC) က ပြောပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ကုသမှုရမယ်ဆိုရင် အရေပြားထောင့်သန်းနာကူးစက်ခံရတဲ့လူနာတွေ အားလုံးနီးပါး အသက်ရှင်ကြပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်း ထောင့်သန်းနာကတော့ အသားစိမ်း ဒါမှမဟုတ် အကျက်မချက်ထားတဲ့အသားတွေကို စားမိတဲ့အခါ ဖြစ်နိုင်ပြီး တခါတစ်လေမှာ thayဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ ကုသမှုမခံယူဘူးဆိုရင် အခုပုံစံနဲ့ကူးစက်ခံရနိုင်တဲ့လူနာတွေထဲက တစ်ဝက်နီးပါးဟာ thayဆုံးနိုင်ပါတယ်။ ဒါပေမဲ့ သင့်တင့်တဲ့ကုသမှုနဲ့ဆိုရင် ၆၀ ရာခိုင်နှုန်းဟာ အသက်ရှင်နိုင်တယ်လို့ CDC က ပြောပါတယ်။

ထောင့်သန်းနာရောဂါပိုးမွှားဖြစ်စေတဲ့ မျိုးမှုန်တွေကို ရှုမိတာကြောင့်ဖြစ်တဲ့ အဆုတ်ထောင့်သန်းနာကတော့ ကူးစက်မှုတွေထဲမှာ အသက်ဆုံးပါးမှုအဖြစ်နိုင်ဆုံး ကူးစက်မှုလို့ မှတ်ယူခံထားရပါတယ်။ ကုသမှုမခံယူဘူးဆိုရင် ကူးစက်ခံရသူအားလုံးနီးပါး thayဆုံးနိုင်ပေမဲ့ ပြင်းပြင်းထန်ထန်ကုသမှုခံယူမယ်ဆိုရင်တော့ လူနာတွေထဲက ၅၅ ရာခိုင်နှုန်းဟာ အသက်ရှင်နိုင်တယ်လို့ CDC က ပြောပါတယ်။

ထောင့်သန်းနာ‌‌ရောဂါကို lat nat အဖြစ် ပြောင်းလဲနိုင်လား

၂၀၀၁ ခုနှစ်မှာ ထောင့်သန်းပိုးပါတဲ့စာအိတ်တွေ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ မီဒီယာတိုက်တွေဆီကို ပေးပို့မှုဖြစ်ခဲ့ပါတယ်။

ထောင့်သန်းနာရောဂါပိုးမွှားဖြစ်လာနိုင်တဲ့ မျိုးမှုန်တွေကို သဘာဝအတိုင်း လွယ်လွယ်ကူကူမြင်တွေ့နိုင်တာ၊ ဓာတ်ခွဲခန်းမှာမျိုးပွားနိုင်တာနဲ့ သဘာဝပတ်ဝန်းကျင်မှာ အချိန်အတော်ကြာအောင်ရှင်သန်နိုင်တာကြောင့် ထောင့်သန်းနာကို လက်နက်သဖွယ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆိုရင် နည်းပညာရှုပ်ထွေးတဲ့ဇီဝနည်းပညာအဆောက်အအုံတွေ လိုအပ်ပြီး ပိုးမွေးမြူတဲ့လုပ်ငန်းစဥ်စတင်နိုင်ဖို့အတွက်ဆိုရင်လည်း မူရင်းအစ ထောင့်သန်းဘက်တီးရီးယားပိုးရင်းမြစ်ရှိ ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

ဘယ်သူမှ မသိမထားအောင် ပိုးတွေကို ဖြန့်နိုင်ပါတယ်။ အဏုကြည့်မှန်ပြောင်းနဲ့သာမြင်နိုင်တဲ့ ထောင့်သန်းနာ မျိုးမှုန်တွေကို အမှုန့်တွေ၊ ဖြန်းဆေးတွေ၊ အစားအသောက်နဲ့ ရေတွေမှာ အလွယ်တကူ ရောထည့်နိုင်ပြီး မျိုးမှုန်တွေကို မြင်တွေ့နိုင်ဖို့၊ အနံ့ခံဖို့ခက်သလို အရသာခံဖို့လည်း ခက်ပါတယ်။

ထောင့်သန်းရောဂါပိုးနဲ့တိုက်ခိုက်မှု အရင်ကလည်းဖြစ်ဖူးပြီး အမေရိကန်ပြည်ထောင်စုမှာ ၉/၁၁ တိုက်ခိုက်မှုဖြစ်ရပ်အပြီး ရက်ပေါင်းအနည်းငယ်အကြာမှာ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ မီဒီယာရုံးတွေကို ထောင့်သန်းရောဂါပိုးပါတဲ့စာအိတ်တွေပို့တဲ့တိုက်ခိုက်မှု ဖြစ်ခဲ့ဖူးပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။