မက်စီနဲ့ရော်နယ်လ်ဒို ဘယ်သူပိုတော်ကြောင်း ငြင်းခုံကြရာမှ ကွာရှင်းလိုက်ကြတဲ့ ဇနီးမောင်နှံ

Funny Sports
မက်စီနဲ့ရော်နယ်လ်ဒို ဘယ်သူပိုတော်ကြောင်း ငြင်းခုံကြရာမှ ကွာရှင်းလိုက်ကြတဲ့ ဇနီးမောင်နှံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မက်စီနဲ့ရော်နယ်လ်ဒို ဘယ်သူပိုတော်ကြောင်း ငြင်းခုံကြရာမှ ကွာရှင်းလိုက်ကြတဲ့ ဇနီးမောင်နှံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မက်စီနဲ့ရော်နယ်လ်ဒို ဘယ်သူပိုတော်ကြောင်း ငြင်းခုံကြရာမှ ကွာရှင်းလိုက်ကြတဲ့ ဇနီးမောင်နှံ

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားသည် လူတွေကို စည်းလုံးညီညွှတ်စေခဲ့ပေမဲ့ ကမ္ဘာ့ဖလားကြောင့် ကွာရှင်းပစ်ခဲ့ကြတဲ့ အဖြစ်မျိုးလည်းရှိခဲ့ပါသေးတယ်။အသက် ၄၀အရွယ်အာဆင်နဲ့ ၃၇နှစ်အရွယ်ဇနီး လက်မိုင်လာတို့သည် ဘောလုံးဝါသနာအိုးများဖြစ်ကြပါတယ်။၂၀၀၂ ခုနှစ်ကမ္ဘာ့ဖလားပွဲမှာ တွေ့ဆုံပြီး ချစ်ကြိုက်လက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်

အိမ်ထောင်သက် ၁၄နှစ်အကြာ ယခုကမ္ဘာ့ဖလားအပြီးမှာတော့ လမ်းခွဲလိုက်ကြပြီဖြစ်ပါတယ်။မက်စီနဲ့ရော်နယ်လ်ဒို ဘယ်သူပိုတော်ကြောင်း ငြင်းခုံကြရာမှ ကွာရှင်းခဲ့ကြခြင်းဖြစ်ပါတယ်

ကမ္ဘာ့ဖလားပွဲစဉ်များ အစပိုင်းတွင် မက်စီမှာ ခြေစွမ်းမပြနိုင်ဖြစ်နေပြီး ရော်နယ်လ်ဒိုကခြေစွမ်းပြနိုင်နေသဖြင့် ရော်နယ်လ်ဒိုပရိသတ်ဖြစ်သူ ဇနီးအတွက် ပြောကွက်ရသွားတော့သည်။ မက်စီ ပင်နယ်တီ လွဲခဲ့ကြောင်း ဇနီးဖြစ်သူက စကားကြုံတိုင်း ထည့်ထည့်ပြော သဖြင့်ခင်ပွန်းဖြစ်သူမှာ မခံမရပ်နိုင်ဖြစ်လာတော့သည်။ဒါပေမဲ့ သူ့ရဲ့ဒေါသကိုမျိုသိပ်ထားခဲ့ပါတယ်။ ကမ္ဘာ့ဖလားနောက်ပိုင်းပွဲစဉ်တွေမှာ မက်စီခြေစွမ်းပိုမိုပြသလာနိုင်ပြီး ယောကျာ်းဖြစ်သူက ပြိုင်ပွဲကထွက်သွားရတဲ့ ရော်နယ်လ်ဒို ပရိသတ်ဇနီးဖြစ်သူကို ပြန်လည်ချေပပြောဆိုတော့သည်။ နောက်ဆုံး ၂ယောက်သားရဲ့ အိမ်ထောင်ရေးလည်း နိဂုံးချုပ်သွားရလေတော့သည်။

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။