ဇွန်ဘီမှိုလို့ခေါ်တဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့မှိုများ

Knowledge
ဇွန်ဘီမှိုလို့ခေါ်တဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့မှိုများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇွန်ဘီမှိုလို့ခေါ်တဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့မှိုများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇွန်ဘီမှိုလို့ခေါ်တဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့မှိုများ

•သက်ရှိတစ်ကောင်ကို အသေကောင်လိုဖြစ်သွားစေပြီး သူ့ရဲ့စိတ်ကို လိုသလိုစေခိုင်းနိုင်တာမျိုး ရုပ်ရှင်တွေထဲမှာပဲ ရှိနိုင်တယ်လို့ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ အပြင်လက်တွေ့လောကမှာလဲ ဒီလိုဖြစ်စဉ်မျိုး ရှိလို့နေပါတယ်။

• ဒါကို ပြုလုပ်နိုင်တဲ့အရာတွေကတော့ ကပ်ပါးမှိုတွေပါပဲ။ ဒါပေမဲ့ ဒီမှိုတွေဟာ သက်ရှိတိုင်းကို ပြုလုပ်နိုင်တာတော့ မဟုတ်ပါဘူး။ ပုရွက်ဆိတ်၊ ယင်ကောင်၊ ပုစဉ်း၊ ပင့်ကူတွေလို အင်းဆက်ပိုးမွှားလေးတွေကိုပဲ ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။

• တချို့ကတော့ ဒီမှိုတွေဟာ သိုး၊ နွား၊ သမင်တွေလို စားကျက်မြေမှာ လွှတ်ထားတတ်တဲ့ တိရစ္ဆာန်တွေကိုပါ ထိန်းချုပ်လို့ရတယ်လို့ ပြောကြပေမဲ့ တိကျသေချာတဲ့ သက်သေပြစရာတော့ မရှိသေးပါဘူး။ လေ့လာချက်တွေအရ လူတွေမှာတော့ ဒီလိုမျိုး ဇွန်ဘီမှိုကူးစက်ထိန်းချုပ်ခံရတာမျိုး လုံးဝမရှိသေးပါဘူး။

• ဒီထဲကမှ နာမည်ကြီးတာကတော့ ပုရွက်ဆိတ်တွေကို ထိန်းချုပ်တဲ့ Ophiocordyceps လို့ခေါ်တဲ့ ဇွန်ဘီမှိုပါပဲ။ ဒီမှိုရဲ့ မျိုးမှုန်တွေဟာ ပုရွက်ဆိတ်တွေပေါ်ကို ကျသွားတာနဲ့ ကိုယ်ထဲကိုစိမ့်ဝင်သွားပြီး အာရုံကြောစနစ်ကို စတင်တိုက်ခိုက်ပါတော့တယ်။

• ဇွန်ဘီမှိုတွေဟာ ပုရွက်ဆိတ်တွေရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ထူးခြားတဲ့ အမည်မသိဓာတုပစ္စည်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်စေတယ်ဆိုတာကလွဲလို့ ဘာဓာတုပစ္စည်းတွေ ဖြစ်တယ်ဆိုတာကို ခုထိလေ့လာနေရဆဲပဲ ဖြစ်ပါတယ်။

• ဒီမှိုရဲ့ ထိန်းချုပ်တာကိုခံလိုက်ရတဲ့ ပုရွက်ဆိတ်ဟာ ဇွန်ဘီတစ်ကောင်လိုပဲ အသိစိတ်မရှိတော့ဘဲ သူ့ရဲ့ခန္ဓာကိုယ်ဟာ မှိုရဲ့အလိုကျ သူ့မျိုးမှုန်တွေကို ဖြန့်ချပေးနိုင်မဲ့ အပင်မြင့်တွေပေါ်ကို တက်သွားရပါတော့တယ်။

• လေ့လာချက်တွေအရ အဲဒီပုရွက်ဆိတ်တွေဟာ ၂၅ စင်တီမီတာလောက်မြင့်တဲ့ နေရာရောက်ရင် သစ်ရွက် ဒါမှမဟုတ် သစ်ကိုင်းကို မလွတ်တမ်းကိုက်ခဲပြီး သေတဲ့အထိနေသွားတာကို တွေ့ရပါတယ်။ ဒီအမြင့်ဟာ ဇွန်ဘီမှိုတွေအတွက် ရှင်သန်ဖို့နဲ့ မျိုးမှုန်ကောင်းကောင်းဖြန့်နိုင်ဖို့အတွက် အပူချိန်နဲ့ စွတ်စိုမှုရှိတဲ့နေရာ ဖြစ်တာကိုတွေ့ရပါတယ်။

• ကူးစက်ခံရတဲ့ပုရွက်ဆိတ်ဟာ အဲအချိန်ရောက်ပြီဆိုတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို မှိုကတဖြည်းဖြည်းစားသုံးတာကို ခံရပါတော့တယ်။ ဒီလိုနဲ့ပဲ ပုရွက်ဆိတ်ရဲ့ခန္ဓာကိုယ်ဟာ Fruiting body လို့ခေါ်တဲ့ မှိုတွေအတွက် မျိုးမှုန်ဖြန့်ပေးနိုင်တဲ့ ခန္ဓာကိုယ်ဖြစ်လာပြီး တခြားပုရွက်ဆိတ်တွေပေါ်ကို ဆက်ကူးသွားစေပါတော့တယ်။
• သိပ္ပံပညာရှင်တွေဟာ ဇွန်ဘီမှိုတွေအနေနဲ့ ဘယ်လိုဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပြီး သက်ရှိတွေကို ဘယ်လိုမျိုးထိန်းချုပ်နိုင်တာလဲ စတဲ့ အကြောင်းရင်းတွေကို လေ့လာနေဆဲပဲဖြစ်ပြီး ဒီလိုရှုပ်ထွေးတဲ့ မှိုနဲ့အင်းဆက်တွေရဲ့ ဆက်စပ်မှုတွေကနေတစ်ဆင့် သဘာဝတရားကြီးရဲ့ အံ့ဩကြောက်မက်စရာတွေကို ဆက်လက်ဖော်ထုတ်နေဆဲပဲ ဖြစ်ပါတော့တယ်။

ရေးသားသူ –Thoughts

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။