“နာမည်ကြီးတဲ့ပက္ခတ်အကြောင်း”

Astrology
“နာမည်ကြီးတဲ့ပက္ခတ်အကြောင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့” နာမည်ကြီးတဲ့ပက္ခတ်အကြောင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“နာမည်ကြီးတဲ့ပက္ခတ်အကြောင်း”

တွက်လိုသူရဲ့ မြန်မာမွေးဖွားခုနှစ်ကိုတည် ၊ (၇) နဲ့ {÷}ပါ ။ အကြွင်းအလိုက် ကိုယ့်ရဲ့နာမည်အစဥ်လိုက် (သို့) ပတ်လည်ကို အောက်မှာ ရှာကြည့်ပါ ။ ကိုက်ညီနေတဲ့ နေ့နံဆိုရင် “ပက္ခတ်မိ” နေသူဖြစ်ပါတယ် ။

ပြန်ပြောပါမယ် ။ ပက္ခတ်မိရင် ဘာဖြစ်တတ်လဲ? ။ ရှေးဗေဒ က၀ိပညာရှိကြီးတွေက ပက္ခတ်မိရင် အသက်ဘေးအန္တရာယ်ထိခိုက်တတ်ကြောင်း ၊ အခက်အခဲ ကြီးကြီးမားမားတွေကြုံတွေ့ ရင်ဆိုင်ရတတ်ကြောင်း ၊ အလုပ်အကိုင် ၊ ကျန်းမာရေး ၊ အိမ်ထောင်ရေး စသည် အညံ့အခိုက်များ မုချကြုံတွေ့ရတတ်ကြောင်းတွေ ရေးသားဖော်ပြထားတာကို လေ့လာတွေ့ရှိရပါတယ် ။

ကဲ…စလိုက်ကြရအောင်။
မဟာဘုတ် (၁)ကြွင်းဖြစ်ခဲ့ရင် မည်သည့်နေ့သားမီးမဆို ….
တနင်္ဂနွေနံ + တနင်္ဂနွေနံ အမည်။
စနေနံ + တနင်္လာနံ + တနင်္လာနံ + စနေနံ အမည်။
သောကြာနံ + အင်္ဂါနံ + အင်္ဂါနံ + သောကြာနံ အမည်။
ဗုဒ္ဓဟူးနံ + ကြာသပတေးနံ + ကြာသပတေးနံ + ဗုဒ္ဓဟူးနံ အမည် ပိုင်ရှင်တွေဟာ “ပက္ခတ်သမား”တွေ ဖြစ်ပါတယ်။

မဟာဘုတ် (၂)ကြွင်းဖြစ်ခဲ့ရင် မည်သည့်နေ့သားသမီးမဆို….
တနင်္လာနံ + တနင်္လာနံ အမည်။
တနင်္ဂနွေနံ + အင်္ဂါနံ + အင်္ဂါနံ + တနင်္ဂနွေနံ အမည်။
ဗုဒ္ဓဟူးနံ + စနေနံ + စနေနံ + ဗုဒ္ဓဟူးနံ အမည်။
သောကြာနံ + ကြာသပတေးနံ + ကြာသပတေးနံ + သောကြာနံ အမည်ပိုင်ရှင်တွေဟာ “ပက္ခတ်သမား”တွေ ဖြစ်ပါတယ်။

မဟာဘုတ် (၃)ကြွင်းဖြစ်ခဲ့ရင် မည်သည့်နေ့သားသမီးမဆို….
အင်္ဂါနံ + အင်္ဂါနံ အမည်။
တနင်္လာနံ + ဗုဒ္ဓဟူးနံ + ဗုဒ္ဓဟူးနံ + တနင်္လာနံ အမည်။
ကြာသပတေးနံ + တနင်္ဂနွေနံ + တနင်္ဂနွေနံ +ကြာသပတေးနံ အမည်။
စနေနံ + သောကြာနံ + သောကြာနံ + စနေနံ အမည်ပိုင်ရှင်တွေဟာ ” ပက္ခတ်သမား”တွေ ဖြစ်ပါတယ်။

မဟာဘုတ် (၄)ကြွင်းဖြစ်ခဲ့ရင် မည်သည့်နေ့သားသမီးဆို….
ဗုဒ္ဓဟူးနံ + ဗုဒ္ဓဟူးနံ အမည်။
အင်္ဂါနံ + ကြာသပတေးနံ + ကြာသပတေးနံ +အင်္ဂါနံ အမည်။
သောကြာနံ + တနင်္လာနံ + တနင်္လာနံ + သောကြာနံ အမည်။
တနင်္ဂနွေနံ + စနေနံ + စနေနံ + တနင်္ဂနွေနံ အမည်ပိုင်ရှင်တွေဟာ “ပက္ခတ်သမား”တွေ ဖြစ်ပါတယ်။

မဟာဘုတ် (၅)ကြွင်းဖြစ်ခဲ့ရင် မည်သည့်နေ့သားသမီးမဆို….
ကြာသပတေးနံ + ကြာသပတေးနံ အမည်။
ဗုဒ္ဓဟူးနံ + သောကြာနံ + သောကြာနံ + ဗုဒ္ဓဟူးနံ အမည်။
အင်္ဂါနံ + စနေနံ + စနေနံ +အင်္ဂါနံ အမည်။
တနင်္ဂနွေနံ + တနင်္လာနံ + တနင်္လာနံ + တနင်္ဂနွေနံ အမည်ပိုင်ရှင်တွေဟာ “ပက္ခတ်သမား”တွေ ဖြစ်ပါတယ်။

မဟာဘုတ် (၆)ကြွင်းဖြစ်ခဲ့ရင် မည်သည့်နေ့သားသမီးမဆို….
သောကြာနံ + သောကြာနံ အမည်။
ကြာသပတေးနံ + စနေနံ + စနေနံ +ကြာသပတေးနံ အမည်။
တနင်္ဂနွေနံ + ဗုဒ္ဓဟူးနံ + ဗုဒ္ဓဟူးနံ + တနင်္ဂနွေနံ အမည်။
အင်္ဂါနံ + တနင်္လာနံ + တနင်္လာနံ +အင်္ဂါနံ အမည်ပိုင်ရှင်တွေဟာ “ပက္ခတ်သမား”တွေ ဖြစ်ပါတယ်။

မဟာဘုတ် (၀)ကြွင်းဖြစ်ခဲ့ရင် မည်သည့်နေ့သားသမီးမဆို….
စနေနံ + စနေနံ အမည်။
သောကြာနံ + တနင်္ဂနွေနံ + တနင်္ဂနွေနံ + သောကြာနံ အမည်။
တနင်္လာ + ကြာသပတေးနံ + ကြာသပတေးနံ + တနင်္လာနံ အမည်။
ဗုဒ္ဓဟူးနံ + အင်္ဂါနံ + အင်္ဂါနံ + ဗုဒ္ဓဟူးနံ အမည်ပိုင်ရှင်တွေဟာ “ပက္ခတ်သမား”တွေ ဖြစ်ပါတယ်။

တစ်နည်းမှတ်ရန်

နာမည်ပက္ခတ်မိသူများအနေနဲ့ကော ပက္ခတ်မမိသူများအနေနဲ့ပါ မိမိတို့နေ့နံအတွဲနှင့် မတွဲသင့်တဲ့နေနံများကိုအိမ်ထောင်ဘက်အဖြစ် လုံး၀ မရွေးချယ်သင့်ပါဘူး ။ ပြုမိပါက အိမ်ထောင်ရေးပက္ခတ် အညံ့အခိုက်များ ကြုံတွေ့ရပါလိမ့်မယ် ။ ထိုကဲ့သို့ အညံ့အခိုက်များကြုံပါမူ အိမ်ထောင်ရေး ပက္ခတ်အညံ့ပြေယတြာများ ပြုလုပ်ပေးမှသာ ကောင်းမွန်လာနိုင်ပါမယ် ။ ထို့ပြင် နာမည်ပက္ခတ်များ ၊ အလုပ်ပက္ခတ်များ ၊ကျန်းမာရေးပက္ခတ်များလည်း ထိုအတိုင်းပင် ယတြာပြုလုပ်ပေးမှသာ အညံ့အခိုက်ပြေစေနိုင်ပါမယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော် (မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။