ခွေးလှေးယား ဆေးဖက်ဝင်ပုံ

Health Knowledge
ခွေးလှေးယား ဆေးဖက်ဝင်ပုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခွေးလှေးယား ဆေးဖက်ဝင်ပုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခွေးလှေးယား ဆေးဖက်ဝင်ပုံ

မြန်မာဆေးကျမ်း များ အလိုအရ ခွေးလှေးယားသည် ချိုခါးသော အရသာ ရှိ၏ ။ အေးသောဂုဏ်သတ္တိရှိ၏ ။ လေ ၊ သည်းခြေကို နိုင်၏ ။ အစေ့သည် သုက်ကိုပွားစေ၏ ။ အားကို ဖြစ်စေ၏ ၊ ဝဖှိုးစေ၏ ၊ သန်ပိုးများကို နိုင်၏ ၊

အာရုံကြောများကို အားရှိစေ၏ ၊ အမြစ်သည် အကြောများကို အားရှိစေ၏။ ဆီးရွှင်စေ၏။ အစေ့အိမ်၌ ကပ်နေသော အမွေးများသည် သန်ပိုးများကို ကျစေ၍ သွေးလေတို့ကို ကြွစေနိုင်သဖြင့် ထုံကျင်နေသောနေရာတို့၌ လိမ်းပေးရ၏ ။

အသုံးပြုပုံ
အမြစ်

၁ ။ ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနှင့်ရောသောက်သော် သွေးဝမ်းကျရောဂါ ပျောက်၏။

၂ ။ ခွေးလှေယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပျားရည်နှင့် ရောသောက် သော် ကာလဝမ်းရောဂါ ပျောက်၏ ။

၃ ။ ခွေးလှေယားမြစ်ကို ကြိတ်၍ ရေဖျဉ်းရှိသောဗိုက်တွင် လိမ်းပေးခြင်း ၊ အတုံးငယ်ကလေးများပြု၍ ခြေဆစ်လက်ဆစ်တို့၌ ချည်နှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါပျောက်စေ၏။

၄ ။ ခွေးလှေယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးသော် လေရောဂါ လက်မောင်းသိမ်ရောဂါ ပျောက်စေ၏ ။

၅ ။ ခွေးလှေယားမြစ်မှုန့်ကို ဆီနှင့် ချင်ပြီး အဆီကို စစ်ယူ၍ လိမ်းပေးသော် ဆင်ခြေထောက်ရောဂါ ပျောက်၏ ။

အစေ့

၁ ။ ခွေးလှေယားစေ့မှုန့်ကို ရေနှင့် ရောသောက်သော် ဆီးချုပ်ရောဂါ ပျောက်၏ ။

၂ ။ ခွေးလှေယားစေ့အနုကို ဟင်းအဖြစ် ကြော်ချက်စားသော် သွေးအန် သွေးလျှံရောဂါ ပျောက်၏ ။

၃ ။ ခွေးလှေယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ဝစေ၍ အားကို တိုးစေသည်။

၄ ။ ခွေးလှေယားစေ့ကို ကြိတ်၍ ကင်းကိုက်ရာ၌ အုံပေးသော် ကင်းဆိပ်ပျောက်၏ ။

၅ ။ ခွေးလှေယားစေ့သည် အားတိုးဆေး၊ ကာလသားရောဂါပျောက်ဆေး ၊ လေငန်းရောဂါပျောက်ဆေးအဖြစ်လည်း သုံး၏ ။

၆ ။ ခွေးလှေယားစေ့ကို အမှုန့်ပြု၍ နွားနို့သောက်လျှင် သုက်အားကို အထူးပွားစေ၏ ။ အမျိုးသမီးများ နို့ထွက်စေ၏ ။

၇ ။ ခွေးလှေယားစေ့နှင့် ခွေးလှေယားမြစ်ကို ဆတူအမှုန့်ပြု၍ ယင်းအမှုန့်နှင့် သကြားဆတူရောပြီး နွားနို့နှင့် နေ့စဉ်သောက်ပါက ကျန်းမာဝဖြိုးပြီး သုက်အားကို အလွန်အမင်း ကောင်းစေသည်။

အသီး

၁ ။ အသီးတောင့်ကို သန်ကျဆေးအဖြစ် သုံး၏ ။

အရွက် ၁ ။ ခွေးလှေယားရွက်ကို ပြုတ်တို့လျှင် အမျိုးသမီး သားသည် မိခင်များ နို့ထွက်များစေ၏ ။ သွေးအန် ၊ သွေးကျရောဂါ ကို ကာကွယ်နိုင်၏ ။ ယောက်ျားများ ဒူလာပါဒရက်ရောဂါပျောက်စေ၏။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။