အသက် ၁၀ နှစ်ပြည့်သွားပြီဖြစ်တဲ့ ထီးနန်းအရိုက်အရာဆက်ခံမယ့်သူ မင်းသားလေးဂျော့ဂျ်

Celebrity International News
အသက် ၁၀ နှစ်ပြည့်သွားပြီဖြစ်တဲ့ ထီးနန်းအရိုက်အရာဆက်ခံမယ့်သူ မင်းသားလေးဂျော့ဂျ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် ၁၀ နှစ်ပြည့်သွားပြီဖြစ်တဲ့ ထီးနန်းအရိုက်အရာဆက်ခံမယ့်သူ မင်းသားလေးဂျော့ဂျ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက် ၁၀ နှစ်ပြည့်သွားပြီဖြစ်တဲ့ ထီးနန်းအရိုက်အရာဆက်ခံမယ့်သူ မင်းသားလေးဂျော့ဂျ်

ဝီလျံမင်းသားနဲ့ မင်းသမီးကိတ်တို့ရဲ့သားအကြီးဆုံးလည်းဖြစ်တဲ့၊ သူ့အဖေပြီးရင် ထီးနန်းအရိုက်အရာဆက်ခံရမယ့်သူလည်းဖြစ်တဲ့ မင်းသားလေးဂျော့ဂျ်ဟာ ဇူလိုင်လ ၂၂ ရက်နေ့က အသက် ၁၀ နှစ်ပြည့်မြောက်သွားခဲ့တာပါ။ သူ့ရဲ့မွေးနေ့အမှတ်တရအနေနဲ့ သောကြာနေ့က သူ့မိဘတွေက သူ့ရဲ့ဓာတ်ပုံအသစ်ကို တင်ပေးခဲ့ပါတယ်။

ဒီဓာတ်ပုံကို အခုလ အစောပိုင်းက ဗြိတိန်အခြေစိုက်ဓာတ်ပုံဆရာ မီလီ ပီကင်းတန်က ရိုက်ကူးခဲ့တာပါ။ ဓာတ်ပုံဆရာမီလီက ဂျော့ဂျ်ရဲ့ညီလေး မင်းသားလေးလူးဝစ်ရဲ့ အသက် ၅ နှစ်ပြည့်မြောက်ခဲ့စဉ်ကလည်း ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျော့ဂျ်တို့မောင်နှမ (၃) ဦးက နွေရာသီကျောင်းပိတ်ထားပါတယ်။

မင်းသားလေးဂျော့ဂျ်က အသက်တစ်နှစ်ကြီးလာတာနဲ့ ဗြိတိန်ပြည်သူလူထုတွေက ဂျော့ဂျ်ကို လူမြင်ကွင်းမှာ မြင်တွေ့လာရတော့မှာပါ။ သူ့ကို ပွဲအခမ်းအနားတော်တော်များများမှာ သူ့မိဘတွေက တဖြည်းဖြည်း မိတ်ဆက်ပေးလာနေပါပြီ။

နှစ်တိုင်း သူ့မွေးနေ့ရောက်ရင် မင်းသားဝီလျံနဲ့ ကိတ်တို့က ဂျော့ဂျ်ရဲ့ပုံအသစ်တွေတင်ပေးလေ့ရှိပါတယ်။ တချို့ဓာတ်ပုံတွေက မင်းသမီးကိတ်ကိုယ်တိုင်ရိုက်ပေးထားတာပါ။ အခုနှစ်မွေးနေ့အမှတ်တရပုံအပါအဝင် ပြီးခဲ့တဲ့နှစ်တွေတုန်းက မင်းသားလေးဂျော့ဂျ်ရဲ့ပုံတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။