ဆူနာမီလှိုင်းတွေ လာမယ်ဆိုတာ ကြိုသတိပေးပြီး လူ ၁၀၀ ကို အသက်ကယ်ပေးခဲ့တဲ့ မိန်းကလေးငယ်

International News
ဆူနာမီလှိုင်းတွေ လာမယ်ဆိုတာ ကြိုသတိပေးပြီး လူ ၁၀၀ ကို အသက်ကယ်ပေးခဲ့တဲ့ မိန်းကလေးငယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆူနာမီလှိုင်းတွေ လာမယ်ဆိုတာ ကြိုသတိပေးပြီး လူ ၁၀၀ ကို အသက်ကယ်ပေးခဲ့တဲ့ မိန်းကလေးငယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆူနာမီလှိုင်းတွေ လာမယ်ဆိုတာ ကြိုသတိပေးပြီး လူ ၁၀၀ ကို အသက်ကယ်ပေးခဲ့တဲ့ မိန်းကလေးငယ်

၂၀၀၄ ခုနှစ်မှာ တိုင်လီစမစ်က ၁၀ နှစ်သမီး အရွယ်ပဲ ရှိသေးတယ်။ သူတို့ မိသားစုတွေ ထိုင်းကို အလည်လာကြတဲ့အချိန် ဆူနာမီလှိုင်း တိုက်ခတ်မှုနဲ့ ကြုံခဲ့တယ်။ တိုင်လီစမစ်က ထိုင်းကို မလာခင် ၂ ပတ်အလို သူ့ကျောင်းမှာ ပထဝီသင်ရတယ်။ ပထဝီသင်ခန်းစာထဲမှာ ဆူနာမီလှိုင်းတွေ လာရင် ဘယ်လိုရှေ့ပြေးလက္ခဏာတွေ ဖြစ်လေ့ရှိသလဲဆိုတာကို သူ့ဆရာ အန်ဒရူးကီယာနေးက သင်ပေးလိုက်တယ်။

မိုင်ခေါင်ကမ်းခြေကို ဆူနာမီလှိုင်းလုံးကြီးတွေ မတိုက်ခတ်ခင် မိနစ်ပိုင်းအလိုမှာ တိုင်လီစမစ်က ဆူနာမီလှိုင်းတွေ လာတော့မယ်လို့ သူ့မိဘတွေကို ကြိုသတိပေးခဲ့တယ်။ သူ့မိဘတွေက တခြားသူတွေကို လိုက်သတိပေးခဲ့လို့ ကမ်းခြေက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်။ တိုင်လီစမစ်ရဲ့ သတိပေးချက်က လူ ၁၀၀ လောက်ကို အသက်ကယ်နိုင်ခဲ့တယ်လို့ ဆိုတယ်။

၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာထဲမှာ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ဆူနာမီလှိုင်းလုံးကြီးတွေ တိုက်ခတ်ခဲ့လို့ လူ ၂ သိန်းကျော် thayဆုံးခဲ့တယ်။ တိုင်လီစမစ်ရဲ့ သတိပေးချက်ကြောင့် မိုင်ခေါင်ကမ်းခြေမှာတော့ လူthayဆုံးမှု မရှိခဲ့ဘူး။ နောက်ပိုင်းမှာ ကလေးတွေကို ငလျင်၊ ဆူနာမီအန္တရာယ်နဲ့ ဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်ရေး သင်ခန်းစာတွေ သင်ပေးတဲ့အခါ တိုင်လီစမစ်အကြောင်း ထည့်သွင်းသင်ကြားပေးသလို ဂြိုဟ်ငယ်လေးတစ်လုံးကိုလည်း တိုင်လီစမစ်အမည် မှည့်ပြီး ဂုဏ်ပြုပေးခဲ့တယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။