စားပွဲထိုးအဖြစ် ဟန်ဆောင်ကာ ကင်ဆာရောဂါသည်ပရိသတ်လေးကို အံ့အားသင့်စေခဲ့တဲ့ The Rock

Celebrity International News
စားပွဲထိုးအဖြစ် ဟန်ဆောင်ကာ ကင်ဆာရောဂါသည်ပရိသတ်လေးကို အံ့အားသင့်စေခဲ့တဲ့ The Rock

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စားပွဲထိုးအဖြစ် ဟန်ဆောင်ကာ ကင်ဆာရောဂါသည်ပရိသတ်လေးကို အံ့အားသင့်စေခဲ့တဲ့ The Rock ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စားပွဲထိုးအဖြစ် ဟန်ဆောင်ကာ ကင်ဆာရောဂါသည်ပရိသတ်လေးကို အံ့အားသင့်စေခဲ့တဲ့ The Rock

The Rock လို့ လူသိများတဲ့ ဒွိန်းဂျွန်ဆင်ဟာ သူ့ရဲ့အမာခံပရိသတ်လေးကို တစ်သက်တာအံ့အားသင့်မှုတွေပေးဖို့ စားပွဲထိုးအဖြစ် ဟန်ဆောင်ခဲ့ပါတယ်။The Rock က ရှားပါးအရိုးကင်ဆာကို ခံစားနေရတဲ့ အသက် ၁၂ နှစ်အရွယ် လူနာ ပါရုန်းနဲ့ သူ့ရဲ့မိသားစုကို Hotel Bel Air မှာ အံ့အားသင့်အောင်လုပ်ခဲ့တာပါ။

The Rock က ပါရုန်းရဲ့မိသားစုကို သူ့အတွက် နေ့လယ်စာစီစဉ်ပေးမယ်၊ နေ့လယ်စာစားပွဲဆီ လူကိုယ်တိုင်တော့ တက်ဖြစ်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဒါပေမဲ့ စားပွဲထိုးအဖြစ် ဟန်ဆောင်ကာ အကြီးစား Surprise လုပ်ခဲ့တာပါ။

လူနာက အရမ်းထူးခြားတယ်၊ ကမ္ဘာပေါ်မှာ အသန်မာဆုံးကောင်မလေးတွေထဲက တစ်ယောက်ဖြစ်တယ်၊ ကင်ဆာရောဂါကို နှစ်တော်တော်ကြာခံစားနေခဲ့ရတယ်၊ သူ့ကို အစားအသောက်တွေပြင်ဆင်ပေးပြီး အံ့အားသင့်စေခဲ့တယ်လို့ The Rock က အင်စတာဂရမ်အကောင့်မှာ ဆိုထားပါတယ်။ သူ့ဘဝမှာ အမိုက်စားအလုပ်တွေလုပ်ခဲ့တယ်၊ ဒါပေမဲ့ လူနာရဲ့စားပွဲထိုးဖြစ်ရတာက အမိုက်ဆုံးပဲလို့လည်း ပြောခဲ့ပါတယ်။

သူ့အိုင်ဒေါကို လူချင်းတွေ့ခွင့်ရခဲ့တဲ့ ပါရုန်းက သူ ဘာမှမပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့တယ်၊ နောက်ဆုံးတော့ သူ့ရဲ့ဟီးရိုးနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။ နေ့လယ်စာစားပြီးတဲ့နောက်မှာ The Rock က ပါရုန်းတို့မိသားစုကို Disneyland လက်မှတ်တွေ လက်ဆောင်ပေးခဲ့ပါသေးတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။