အာရှအချမ်းသာဆုံးပုဂ္ဂိုလ်စီးတဲ့ ဗုံးဒဏ်ခံနိုင်ရည်ရှိ မာစီးဒီးစ်ကား

International News
အာရှအချမ်းသာဆုံးပုဂ္ဂိုလ်စီးတဲ့ ဗုံးဒဏ်ခံနိုင်ရည်ရှိ မာစီးဒီးစ်ကား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာရှအချမ်းသာဆုံးပုဂ္ဂိုလ်စီးတဲ့ ဗုံးဒဏ်ခံနိုင်ရည်ရှိ မာစီးဒီးစ်ကား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာရှအချမ်းသာဆုံးပုဂ္ဂိုလ်စီးတဲ့ ဗုံးဒဏ်ခံနိုင်ရည်ရှိ မာစီးဒီးစ်ကား

အာရှတိုက်မှာ အချမ်းသာဆုံး၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းမှာ နံပါတ် (၁၃) ချိတ်တဲ့ အိန္ဒိယနိုင်ငံသား မူကက်ရှ်အမ်ဘာနီဟာ အမေရိကန်ဒေါ်လာ ၈၇.၂ ဘီလျံ ချမ်းသာပါတယ်။ သူ့ရဲ့လုံခြုံရေးကို အထူးသတိထားတဲ့ အမ်ဘာနီက Mercedes-Benz S680 Guard ကားကို ရူပီး ၁၀ ကုဋေ (အမေရိကန်ဒေါ်လာ ၁.၃ သန်းကျော်)နဲ့ ဝယ်ယူခဲ့ပါတယ်။

Mercedes-Benz S680 Guard ကားမှာ polycarbonate မှန်ချပ်တွေ တပ်ဆင်ထားပြီး အလွှာပေါင်းများစွာ ပေါင်းစပ်ထားတဲ့ မှန်ချပ်တွေက ကျည်မပေါက်ပါဘူး။ ကျည်မပေါက်နိုင်တဲ့အပြင် ဗုံးဒဏ်ပါ ခံနိုင်ရည် ရှိပြီး မီးဒဏ်၊ အက်ဆစ်ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိတာကြောင့် လုံခြုံရေး အလွန်မြင့်မားတဲ့ ကားအမျိုးအစားပါ။
ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားသလို အိန္ဒိယမှာလည်း ချမ်းသာကြွယ်ဝသူတွေ၊ ထင်ပေါ်ကျော်ကြားသူတွေ အများစု စီးကြတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။