သွေးနီဥပမာဏတိုးလာစေမယ့် အာဟာရဓာတ်တွေ

Health Knowledge
သွေးနီဥပမာဏတိုးလာစေမယ့် အာဟာရဓာတ်တွေ

ညဘက်ဆို ကောင်းကောင်းအိပ်စက်ရပေမဲ့လည်း မကြာခဏ ပင်ပန်းနွမ်းလျသလိုခံစားရနေလား။ ဒီအခြေအနေကို မကြာခဏကြုံတွေ့ခံစားရရင် သွေးအားနည်းရောဂါလို့ လူသိများတဲ့ ပြင်းထန်တဲ့ကျန်းမာရေးလက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ သွေးနီဥအရေအတွက်နည်းတဲ့အတွက် သွေးအားနည်းရောဂါဖြစ်လာရတာဖြစ်ပါတယ်။

သွေးနီဥက အောက်စီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ပို့ဆောင်ပေးဖို့အတွက် တာဝန်ရှိပါတယ်။ သွေးနီဥအရေအတွက်နည်းတဲ့အခါ သင့်ခန္ဓာကိုယ်က အောက်စီဂျင်ရဖို့အတွက် ခက်ခက်ခဲခဲလုပ်ဆောင်ရပါတယ်။ ဒါက သင့်ကို စိတ်ဓာတ်ကျတာ၊ လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ရောဂါပိုးကူးစက်နိုင်ခြေများတာတွေဖြစ်လာစေနိုင်ပါတယ်။ ဒီပြဿနာကို သဘာဝအလျောက်ကျော်လွှားဖို့အတွက် သွေးနီဥထုတ်လုပ်မှုမှာ ကူညီပေးနိုင်မယ့် အာဟာရဓာတ်တွေပြည့်ဝဖို့ပါပဲ။ သွေးနီဥပမာဏတိုးလာဖို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေကတော့

သံဓာတ်

သံဓာတ်ချို့တဲ့တာက သွေးအားနည်းရောဂါဖြစ်ရခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒီပြဿနာကို ကျော်လွှားဖို့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ ဒီအာဟာရဓာတ်က သွေးနီဥမှာ တွေ့ရတဲ့ ပရိုတင်းဓာတ် Haemoglobin ထုတ်လုပ်မှုကို တိုးမြှင့်ပေးတဲ့နေရာမှာကူညီပေးပါတယ်။ အနီရောင်သမ်းတဲ့အသား၊ ပဲနီလေး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ သစ်သီးခြောက်တွေက သံဓာတ်ရရှိနိုင်တဲ့အစားအစာအရင်းအမြစ်တွေပါပဲ။

ဖောလစ်အက်ဆစ်

ဖောလစ်အက်ဆစ်က ဗီတာမင်ဘီအမျိုးအစားတစ်ခုဖြစ်ပြီး ရိုးတွင်းခြင်ဆီမှာ သွေးနီဥနဲ့သွေးဖြူဥတွေဖြစ်ပေါ်လာစေဖို့အတွက် လိုအပ်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က haemoglobin ပရိုတင်းဓာတ်ကို ထုတ်လုပ်ဖို့အတွက် ဖောလစ်အက်ဆစ်ကို အသုံးပြုပါတယ်။ သွေးနီဥပမာဏတိုးများလာဖို့အတွက် အရွက်များတဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။

ဗီတာမင် B 12

ဗီတာမင် B 12 ကလည်း သွေးနီဥအရေအတွက်များဖို့အတွက် အဓိကဏ္ဍမှာပါဝင်ပါတယ်။ ဒီအာဟာရဓာတ်ချို့တဲ့မယ်ဆိုရင် သွေးနီဥအရေအတွက်နည်းပါးပြီး သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအာဟာရဓာတ်ကို နို့ထွက်ပစ္စည်းနဲ့တိရစ္ဆာန်တွေဆီကရတဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။

ကော်ပါးဓာတ်

ကော်ပါးဓာတ်က သွေးနီဥထုတ်လုပ်ပေးတဲ့နေရာမှာ တိုက်ရိုက်အကူအညီမပေးနိုင်ပါဘူး။ ဒါပေမဲ့ သံဓာတ်ရရှိဖို့အတွက် သွေးနီဥကို ကူညီထောက်ပံ့ပေးပါတယ်။ ကော်ပါးဓာတ်ပမာဏနည်းမယ်ဆိုရင် ဖြစ်စဉ်တစ်ခုလုံးကို ခက်ခဲစေပါတယ်။ ချယ်ရီသီး၊ ငါးတွေလို ကော်ပါးဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် သွေးနီဥထုတ်လုပ်နိုင်ဖို့အတွက်လွယ်ကူစေမှာဖြစ်ပါတယ်။

ဗီတာမင်စီ

ကော်ပါးလိုပဲ ဗီတာမင်စီက သွေးနီဥထုတ်လုပ်မှုအတွက် တိုက်ရိုက်သက်ရောက်မှုမရှိပေမဲ့ ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာကို စားသုံးတာက သွေးနီဥတိုးလာဖို့အတွက်အကူအညီပေးတဲ့ သံဓာတ်မြင့်မားဖို့အတွက် အရေးကြီးပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကို သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေနဲ့တွဲစားမယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို သံဓာတ်ပိုစုပ်ယူနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

 

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။