လူမစုံတော့တဲ့ ACID အဖွဲ့ကိုယ်စား တစ်ယောက်တည်းပဲ အမေရိကန်နိုင်ငံမှာ tourလုပ်တော့မယ်ဆိုတဲ့ ရန်ရန်ချမ်း

Celebrity Local News
လူမစုံတော့တဲ့ ACID အဖွဲ့ကိုယ်စား တစ်ယောက်တည်းပဲ အမေရိကန်နိုင်ငံမှာ tourလုပ်တော့မယ်ဆိုတဲ့ ရန်ရန်ချမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူမစုံတော့တဲ့ ACID အဖွဲ့ကိုယ်စား တစ်ယောက်တည်းပဲ အမေရိကန်နိုင်ငံမှာ tourလုပ်တော့မယ်ဆိုတဲ့ ရန်ရန်ချမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူမစုံတော့တဲ့ ACID အဖွဲ့ကိုယ်စား တစ်ယောက်တည်းပဲ အမေရိကန်နိုင်ငံမှာ tourလုပ်တော့မယ်ဆိုတဲ့ ရန်ရန်ချမ်း

ပရိသတ်ကြီးရေ.. အဆိုတော် ရန်ရန်ချမ်းကတော့ ပရိသတ်ကြီးသိပြီးသားအတိုင်း ACID အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရန်ရန်ချမ်းဟာ နိုင်ငံရေးပဋိပက္ခတွေကြားမှာ သူယုံကြည်ရာ လမ်း ကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့ အနုပညာအလုပ်တွေကိုလည်း ရပ်နားခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရန်ရန်ချမ်းက သူ့အနေနဲ့ မကြာခင်မှာ ACID အဖွဲ့ဝင်အားလုံးကိုယ်စား မြန်မာပြည်အတွက် ရန်ပုံငွေရှာဖို့ အမေရိကန်နိုင်ငံမှာ Tour လုပ်ရင်း သီချင်းဆိုသွားဖို့ရှိတယ်လို့ ပြောလာပါတယ်။ ရန်ရန် ချမ်းက “ဒီလောကထဲဖြတ်သန်းလာတာဒီနေ့ဆို ၂၃ နှစ်ရှိ ပြီ။

မရှိတဲ့သူတွေလည်းမရှိတော့ဘူး။ ငါတစ်ခါမှမ စဉ်းစားဘူးတဲ့ us မှာ tourပတ်ဖို့ကို အက်စစ်ကိုယ်စားငါ တစ်ယောက်ထဲပတ်ရတော့မယ်။ မင်းတို့ကိုတိုင်တည် ပြီးပြောရဲတယ် ငါတို့ပွဲကရသမျှ ငါတို့နိုင်ငံအတွက်ပဲ ဖြစ်ရမယ်။ အဲ့အတွက်ဝိုင်းဝန်းကြမဲ့ဘော်ဒါများ ပြည်နယ်တိုင်းကမြန်မာပြည်သားများအယောက်စီတိုင်း ကိုကျေးဇူးတင်တယ်”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ပြောလာပါတယ်။

ပရိသတ်ကြီးသိပြီးသားအတိုင်းACID အဖွဲ့ဝင် ဟိန်းဇော်က (၂၀၀၆) ခုနှစ်မှာ ကွယ်လွန် သွားခဲ့တာဖြစ်ပြီး ဇေယျာသော်က ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်တစ် ယောက်ဖြစ်တဲ့ အနဂ္ဂကတော့ ပရိသတ်တွေအားလုံး ရှေ့က ပျောက်ကွယ်နေတာဖြစ်ပြီး လက်ရှိ ACID အဖွဲ့ အတွက် ရန်ရန်ချမ်းတစ်ယောက်ပဲ ကျန်ရစ်တော့တာပဲ ဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။