ဝါတွင်းကာလမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းပွားမျာမည့် ဓမ္မမိတ်ဆွေတို့အတွက် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်များ

Religion
ဝါတွင်းကာလမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းပွားမျာမည့် ဓမ္မမိတ်ဆွေတို့အတွက် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝါတွင်းကာလမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းပွားမျာမည့် ဓမ္မမိတ်ဆွေတို့အတွက် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းပွားမျာမည့် ဓမ္မမိတ်ဆွေတို့အတွက် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်များ

ဝါတွင်းကာလမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းပွားများပြီး အဓိဋ္ဌာန်ဝင်ကြတော့မယ့် ဓမ္မမိတ်ဆွေတို့အတွက် မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို မြန်မာလိုအာရုံပြုနိုင်အောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဘုရားဂုဏ်တော် ၉ ပါး

အရဟံ
ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။
ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင့်တကွ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ
သိစရာအားလုံးတို့ကို အမှန်အတိုင်း၊ ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။

ဝိဇ္ဇာစရဏသမ္ပန္နော
အသိဉာဏ်ရော၊ အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။)

သုဂတော
ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။
(မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။)
ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။

လောကဝိဒူ
လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။
(သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။)

အနုတ္တရောပုရိသဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တဝါတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

သတ္တာဒေဝမနုဿနံ
နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
(နတ်လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား။)

ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်းသိအောင် ဟောတော်မူသော မြတ်စွာဘုရား။

(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော) သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောတော်မူသော မြတ်စွာဘုရား။

ဘဂဝါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁။ ဣဿရိယဘုန်းတော်
မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
ဓမ္မဘုန်းတော်
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ယသဘုန်းတော်
များပြားသော အခြံအရံ၊ ပျံ့နှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

သိရီဘုန်းတော်
အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ကာမဘုန်းတော်
လိုအင်ဆန္ဒ တောင့်တမှုမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
ပယတ္တဘုန်းတော်
အတုမရှိသော လုံ့လဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုရားဂုဏ်တော် (၁၃) ပါး

အရဟံ ဗဟိအန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ။
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏာမာမိ ဇိနံ။

အရဟံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ ပဏာမာမိ-ရှိခိုးပါ၏ အရှင်ဘုရား။

ဗဟိအန္တဇယံ – အတွင်းအပရန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

သုဂတံ – ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

အမိတံ – မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာ ရှိတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

လလိတံ – တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

အတုလံ – အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

စရဏံ – အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

တိဘဝူပသမံ – ဘုံ (၃) ပါး၌ ကိလေသာအပူငြိမ်းအေးတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

ယမကံ – ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

သုခဒံ – ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

သရဏံ – ကိုးကွယ်အားထားရာ ဖြစ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

ဇိနံ – မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။