လေးဂဏန်းသမားများအကြောင်း

Astrology
လေးဂဏန်းသမားများအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေးဂဏန်းသမားများအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လေးဂဏန်းသမားများအကြောင်း

မည်သည့် ရက်လ မဆို ၄ ရက် ၁၃ ရက် ၂၂ ရက် ၃၁ ရက်နေ့တို့တွင် မွေးဖွားလာကြသော သူများကို ၄ ဂဏန်း သမားများဟု ခေါ်တွင်လေသည်။
ယူရေးနပ်ဂြိုလ်ကို ပိုင်ဆိုင်ထားသော ဂဏန်းတစ်ခု ဖြစ်ပေသည်။ အမဓာတ်ကို ပိုင်ဆိုင်ထားသော ဂဏန်းတစ်ခု ဖြစ်ပေသည်။ ၁ ဂဏန်း၏ မိတ်ဂဏန်းလည်း ဖြစ်ကာ လေဓာတ် စိုးမိုးထားသော ဂဏန်းတစ်ခု ဖြစ်ပေသည်။

တကယ်တော့ ၄ ဂဏန်းသမားတို့သည် ခန့်မှန်းရခက်သော စိတ်ထားပိုင်ရှင်များ ဖြစ်ပေသည်။ ပွင့်ပွင့်လင်းလင်း ရှိသည်ကို နှစ်သက်ကြသူများ ဖြစ်ကြပေသည်။ ရိုးသားသည်။ ရိုးသားမှုကို နှစ်သက်သူများ ဖြစ်ကြပေသည်။ ပြတ်ပြတ်သားသား လုပ်ဆောင်တတ်ကြသူများ ဖြစ်ကြပေသည်။ ရဲရင့်သူများ ဖြစ်ကြပြီး အသစ်အဆန်းများကို တီထွင်ဖန်တီး လုပ်ဆောင်နိုင်ကြသူများ ဖြစ်ကြပေသည်။

စိတ်မြန်ကိုယ်မြန် ရှိနေတတ်သူလည်း ဖြစ်ကြပေသည်။ ရှေ့ကနေ ဦးဆောင် လုပ်ကိုင်ချင်စိတ်များ စိုးမိုးထားသူများလည်း ဖြစ်ကြပေသည်။ ကိစ္စရပ်တော်တောာ်များများကို လူအများနှင့်မတူသော အတွေးအခေါ်တို့ဖြင့် ပြန်လည် တွေးတတ်ကြသူများ ဖြစ်ကြပေသည်။ လူအများနှင့် ဆန့်ကျင်ဖက်ပြုပြီး ပြန်လည် တွေးခေါ်တတ်သူများ ဖြစ်ကြပေသည်။ အများတို့၏ အယူဆနှင့် ကွဲလွဲနေတတ်ကြသူများ ဖြစ်ကြပေသည်။

ရှေးရိုးစွဲ အယူအဆများကို သိပ်ပြီး လက်ခံလေ့မရှိတတ်သူများ ဖြစ်ကြပြီး အယူအဆသစ်များ ပြန်လည်ပြီး ထုတ်တတ်သူများ ဖြစ်ကြပေသည်။ အပေါင်းအသင်းများ သိပ်ပြီး မထားတတ်သူများလည်း ဖြစ်ကြပေသည်။ လွယ်လွယ်နှင့် မိတ်ဆွေ မဖွဲ့ကြပေ။

မှန်ရာကို လုပ်ဆောင်တတ်ကြသူများ ဖြစ်ကြပေသည်။ မှန်တယ်ထင်လျှင်လည်း မည်သူ့ကိုမှ ကြောက်လေ့မရှိတတ်သူများ ဖြစ်ကြပေသည်။ ပစ္စည်း ဥစ္စာများလည်း သိပ်ပြီး တွယ်မက်လေ့မရှိတတ်ကြသူများ ဖြစ်ကြပေသည်။ တစ်ဖန် ၄ ဂဏန်းသမားတို့၏ သုံးစွဲပုံ၊ လုပ်ကိုင်ပုံစနစ်တို့သည်လည်း သူတို့ပါးတို့မှ မှင်သက်လောက်အောင် တစ်မျိုးတစ်မည် ဖြစ်နေတတ်ကြပေသည်။

၄ ဂဏန်းသမားတို့တွင် ရန်ပုန်းများလည်း ရှိနေတတ်ကြသူများ ဖြစ်ပေသည်။ တစ်ဖန် ထိုသူတို့သည် ဖွဲ့ဖွဲ့နွဲ့နွဲ့များလည်း သိပ်ပြီး မပြောတတ်ကြသူ များ ဖြစ်ကြပေသည်။ သို့သော်လည်း ၄ ဂဏန်းသမားတို့သည် အထီးကျန်ခြင်း သဘာဝ ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြပေသည်။ တစ်ဖန် တစ်ခါတစ်ခါတွင်လည်း စိတ်ထိခိုက် တတ်သူများ ဖြစ်ကြပေသည်။

အကျိုးပေးသောနေ့နာမ်နှင့်ရက်ကောင်းများ

လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်၊ ကြံစည်ရာတွင် စနေနေ့၊ တနင်္ဂနွေနေ့၊ တနင်္လာနေ့ တို့တွင် လုပ်ဆောင် ကြံစည်သင့်ပေသည်။ တစ်ဖန် ၄.၁၃.၂၂.၃၁.၁.၁.၁၉.၂၈ ရက်နေ့များတွင် လုပ်ဆောင်ကြံစည်သင့်ပေသည်။

အကျိုးပေးရတနာ

၄ ဂဏန်းသမားတို့၏ အကျိုးပေး ရတနာတို့မှာ နီလာ ဖြစ်ပေသည်။

အကျိုးပေးအရောင်

၄ ဂဏန်းသမားတို့၏ အကျိုးပေး အရောင်များမှာ အဝါရောင်၊ မီးခိုးရောင်နှင့် အပြာနုရောင်တို့ဖြစ်ကြပေသည်။

ကျန်းမာရေး

၄ ဂဏန်းသမားတို့သည် ဆီးအိမ်၊ ကျောက်ကပ် တို့နှင့်ဆိုင်၍ ကျန်းမာရေး အညံ့တို့ ဖြစ်ပေါ်တတ်သူများ ဖြစ်ကြပေသည်။ တစ်ဖန် ၄ ဂဏန်းသမားတို့ဟာ နှလုံးအားနည်းခြင်း၊ သွေးတိုးတတ်ခြင်းများလည်း အချို့တွင် ဖြစ်ပေါ်တတ်ကြပေသည်။ မူးတတ်ခြင်း၊ ခေါင်းကိုက်တတ်ခြင်း၊ အမျိုးသမီးများဆိုလျှင် အမျိုးသမီးကျန်းမာရေးအချို့ဖြစ်ပေါ်စေခြင်း၊ အမျိုးသားဆိုလျှင်လည်း အာရုံကြောအားနည်းစေခြင်းတို့ကိုဖြစ်စေတတ်ပေသည်။

ကံကြမ္မာမှိန်စေတတ်ခြင်းနှင့်စိတ်ဖိစီးစရာအချို့ဖြစ်ပေါ်နိုင်သည့်နှစ်များ

၄ ဂဏန်းသမားတို့အတွက် ကံကြမ္မာ အနည်းငယ် မှိန်စေတတ်သော နှစ်များမှာ ၊ လုပ်ရကိုင်ရ အနည်းငယ် ခက်ခဲစေသည့် နှစ်များမှာ အသက် ၂၂.၂၃.၂၇.၃၁.၃၂.၃၆.၄၀.၄၁.၄၅.၄၉.၅၀.၅၄. ၅၈.၅၉ ပိုင်းများ ဖြစ်ကြပေသည်။

ထိုအသက်ပိုင်းများတွင် သေချာစွာ ကြံစည် ဆောင်ရွက် လုပ်ကိုင်သင့်ပေတော့သည်။
မတူညီသည့်မွေးဖွားချိန်များတွင်မွေးဖွားလာကြသဖြင့်အလုံးစုံတော့မှန်ချင်မှမှန်ပါလိမ့်မည်ဖြစ်ပါတယ်

ရေးသားသူ –Zar Ni Soe EC လက္ခဏာနှင့်ကေပီရှေ့ပြေးနက္ခတ်ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။