ဒိတ်ဒိတ်ကြဲအဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆိုးရဲ့ အချစ်ရေးသတင်း

Celebrity International News
ဒိတ်ဒိတ်ကြဲအဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆိုးရဲ့ အချစ်ရေးသတင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒိတ်ဒိတ်ကြဲအဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆိုးရဲ့ အချစ်ရေးသတင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒိတ်ဒိတ်ကြဲအဆိုအဖွဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆိုးရဲ့ အချစ်ရေးသတင်း

BLACKPINK အဖွဲ့ဝင် ဂျီဆိုးဟာ မင်းသားအန်ဘိုဟွန်းနဲ့ ချစ်သူတွေဖြစ်နေကြပါပြီ။ ဒီသတင်းက ဩဂုတ်လ ၃ ရက်နေ့မှာ ထွက်ရှိလာခဲ့တာပါ။ Dispatch ကိုရီးယားသတင်းဌာနကြီးက ဂျီဆိုးနဲ့ အန်ဘိုဟွန်းတို့ တွဲနေကြတယ်ဆိုတာကို ဂျီဆိုးရဲ့အိမ်မှာ တွေ့ဆုံကြတဲ့ သူတို့နှစ်ဦးရဲ့ပုံတွေနဲ့ ထုတ်ပြန်ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး ဂျီဆိုးရဲ့အေဂျင်စီ YG Entertainment နဲ့ အန်ဘိုဟွန်းရဲ့အေဂျင်စီ FN Entertainment နှစ်ခုလုံးက အခုလို အတည်ပြုပေးထားပါတယ်။ “ကောင်းမွန်တဲ့ခံစားချက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုနားလည်ဖို့ ကြိုးစားရင်း အတူရှိနေကြပါတယ်။ ပရိသတ်တွေက သူတို့နှစ်ယောက်အပေါ်နွေးထွေးမှုတွေနဲ့စောင့်ကြည့်ပေးရင် ကျေးဇူးတင်မိမှာပါ”တဲ့။

အန်ဘိုဟွန်းက ဂျီဆိုးထက် ၇ နှစ်ကြီးပါတယ်။ အန်ဘိုဟွန်းဟာ “Itaewon Class” (2020)၊ “Yumi’s Cells” (2021, 2022)၊ “Military Prosecutor Doberman” (2022)၊ “See You in My 19th Life” (2023) ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရပြီးသားမင်းသားပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။