မျက်ရစ်ခွဲစိတ်ပြုပြင်ပြီးမှ ပိုပြီးနုပျိုသွားတယ်လို့ ခံစားရတယ်ဆိုတဲ့ ရန်အောင်

Celebrity Local News
မျက်ရစ်ခွဲစိတ်ပြုပြင်ပြီးမှ ပိုပြီးနုပျိုသွားတယ်လို့ ခံစားရတယ်ဆိုတဲ့ ရန်အောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျက်ရစ်ခွဲစိတ်ပြုပြင်ပြီးမှ ပိုပြီးနုပျိုသွားတယ်လို့ ခံစားရတယ်ဆိုတဲ့ ရန်အောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျက်ရစ်ခွဲစိတ်ပြုပြင်ပြီးမှ ပိုပြီးနုပျိုသွားတယ်လို့ ခံစားရတယ်ဆိုတဲ့ ရန်အောင်

ပရိသတ်ကြီးရေ… အနုပညာလောကရဲ့ နာမည်ကြီးအကျော်အမော် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ရန်အောင်ကတော့ အကယ်ဒမီဆု ကြီး ငါးဆုတိတိကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါ တယ်။ အဆိုတော်တစ်ယောက်အဖြစ်လည်း သီချင်းအ ယ်လ်ဘမ်တွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့ ရန် အောင်ဟာ အခုဆိုရင် လူကြီးပိုင်းအရွယ်ကိုရောက်ရှိနေ ပြီဖြစ်ပေမယ့် အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

အနုပညာရှင်တစ်ယောက်ပီပီ ကိုယ့်ကိုကိုယ်အမြဲတမ်း ပြင်ဆင် ပြုပြင်ဖြစ်တဲ့ ရန်အောင်ဟာ ဒီတစ်ခါမှာလည်း မျက်ရစ်ခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရန်အောင်က သူ့ရဲ့အသက်အရွယ်ကြောင့် မျက်ခွံတွဲကျ လာတဲ့ပြသနာပြုပြင်ရင်းနဲ့ မျက်ရစ်အသစ် ၁ စုံကို ခွဲစိတ်ပြုပြင်ခဲ့တာကို အခုလိုမျိုးပဲ ဆေးခန်းရဲ့ဖေ့စ်ဘုတ် ပေ့ချ်လေးမှာ ပြောပြထားပါတယ်။

ရန်အောင်ကတော့ အသက် (၅၀)ကျော်အရွယ်မှာ မျက်ရစ်ခွဲစိတ်ပြုပြင်ပြီး ကိုယ့်ကိုကိုယ်ပြောင်းလဲခဲ့တာ ပဲဖြစ်ပါတယ်။ ရန်အောင်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာလည်း သူ့ရဲ့မျက်နှာကို ပြုပြင်ခွဲစိတ်မှုတွေပြုလုပ်ရင်း အသက်အရွယ်ကို ဆွဲဆန့်ထားတာပဲဖြစ်ပါတယ်

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။