သြဂုတ်လ ၂၆ ရက်မှာ ထိုးသတ်ဖို့ ကမ်းလှမ်းထားပေမဲ့ အီလွန်မက်စ်ဘက်က အကြောင်းမပြန်သေးဘူးလို့ ဇူကာဘတ် ဆို

Celebrity International News
သြဂုတ်လ ၂၆ ရက်မှာ ထိုးသတ်ဖို့ ကမ်းလှမ်းထားပေမဲ့ အီလွန်မက်စ်ဘက်က အကြောင်းမပြန်သေးဘူးလို့ ဇူကာဘတ် ဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သြဂုတ်လ ၂၆ ရက်မှာ ထိုးသတ်ဖို့ ကမ်းလှမ်းထားပေမဲ့ အီလွန်မက်စ်ဘက်က အကြောင်းမပြန်သေးဘူးလို့ ဇူကာဘတ် ဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သြဂုတ်လ ၂၆ ရက်မှာ ထိုးသတ်ဖို့ ကမ်းလှမ်းထားပေမဲ့ အီလွန်မက်စ်ဘက်က အကြောင်းမပြန်သေးဘူးလို့ ဇူကာဘတ် ဆို

သြဂုတ်လ ၂၆ ရက်မှာ တွစ်တာကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်နဲ့ ကြိုးဝိုင်းထဲ ထိုးသတ်ကြဖို့ သူ့ဘက်က ကမ်းလှမ်းထားပေမဲ့ အီလွန်မက်စ်က အကြောင်းမပြန်သေးဘူးလို့ ဖေ့ဘွတ်ခ်စီအီးအို မက်ခ်ဇူကာဘတ်က ပြောပါတယ်။

အီလွန်မက်စ်ဘက်က ကြိုးဝိုင်းထဲမှာ ထိုးသတ်ကြဖို့ စိန်ခေါ်ခဲ့ပြီးနောက် ဇူကာဘတ်က UFC ကြယ်ပွင့်တွေဖြစ်တဲ့ အဒီဆန်ညာ၊ ဗိုကာနော့စကီးတို့နဲ့ လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ အီလွန်မက်စ်နဲ့ ထိုးသတ်ဖို့ စိုးစဉ်းမျှ ပူပန်မှုမရှိဘူးလို့ ဇူကာဘတ်က ဆိုခဲ့သလို အချိန်မရွေး အသင့်ဖြစ်နေပြီလို့လည်း စိန်ခေါ်ထားပါတယ်။

သူတို့နှစ်ယောက် ထိုးသတ်မယ့်ပွဲကို တွစ်တာပလက်ဖောင်း (X) မှာ တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ အီလွန်မက်စ်က ဆိုခဲ့ပေမဲ့ ” ပရဟိတရန်ပုံငွေ ကောင်းကောင်းရနိုင်ပြီး စိတ်ချယုံကြည်ရတဲ့ လူမှုကွန်ရက်ပလက်ဖောင်းမှာ ပြသရင် ပိုမကောင်းဘူးလား”လို့ ဇူကာဘတ်က တုံ့ပြန်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။