အလုပ်အင်တာဗျူး လာဖြေသူတွေနဲ့ ဘီယာအတူတူသောက်၊ လမ်းအတူတူ လျှောက်ပြီးမှ အင်တာဗျူး လုပ်လေ့ရှိတဲ့ စတိဗ်ဂျော့

Celebrity International News
အလုပ်အင်တာဗျူး လာဖြေသူတွေနဲ့ ဘီယာအတူတူသောက်၊ လမ်းအတူတူ လျှောက်ပြီးမှ အင်တာဗျူး လုပ်လေ့ရှိတဲ့ စတိဗ်ဂျော့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အလုပ်အင်တာဗျူး လာဖြေသူတွေနဲ့ ဘီယာအတူတူသောက်၊ လမ်းအတူတူ လျှောက်ပြီးမှ အင်တာဗျူး လုပ်လေ့ရှိတဲ့ စတိဗ်ဂျော့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အလုပ်အင်တာဗျူး လာဖြေသူတွေနဲ့ ဘီယာအတူတူသောက်၊ လမ်းအတူတူ လျှောက်ပြီးမှ အင်တာဗျူး လုပ်လေ့ရှိတဲ့ စတိဗ်ဂျော့

Apple ကုမ္ပဏီ အမှုဆောင်ချုပ် (ဟောင်း) စတိဗ်ဂျော့ သက်ရှိထင်ရှား ရှိစဉ်က ဝန်ထမ်းသစ်ခေါ်ဖို့ အလုပ်အင်တာဗျူး လုပ်တဲ့အခါ အင်တာဗျူး လာဖြေသူနဲ့ ဘီယာအတူတူ သောက်တာ၊ ပန်းခြံထဲ အတူတူ လမ်းလျှောက်တာမျိုးလုပ်ပြီး မေးခွန်းမေးလေ့ရှိတယ်လို့ as.com က ဖော်ပြပါတယ်။

ခေါက်ရိုးကျိုးနေတဲ့ အစဉ်အလာတွေထဲက ခွဲထွက်ချင်တဲ့ စတိဗ်ဂျော့ဟာ ပုံသေကားကျ အင်တာဗျူး အမေး – အဖြေတွေကို ငြီးငွေ့ပြီး ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း စကားပြောရတာကို နှစ်သက်သူပါ။ ဒါကြောင့် အင်တာဗျူး လာဖြေတဲ့သူတွေ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဘီယာအတူတူသောက်၊ လမ်းအတူတူလျှောက်ပြီး သူ မေးချင်တာတွေကို ဒဲ့ဒိုးမေးတယ်လို့ ဆိုပါတယ်။

” မင်းဘဝမှာ အောင်မြင်မှုရတယ်လို့ ခံစားခဲ့ရတဲ့ နောက်ဆုံးအချိန်က ဘယ်တုန်းကလဲ။ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာလုပ်ခဲ့သလဲ” ဆိုတဲ့ မေးခွန်းမျိုးကို စတိဗ်ဂျော့က မေးလေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှု တည်ဆောက်ကာ အင်တာဗျူးလာဖြေသူအကြောင်း ကောင်းကောင်းသိအောင် လုပ်လေ့ရှိပါတယ်။

စတိဗ်ဂျော့က သက်ဆိုင်ရာ နယ်ပယ်မှာ အထူးချွန်ဆုံးသူတွေ Apple ကုမ္ပဏီအတွက် တစ်စုတစ်စည်းတည်း အလုပ်လုပ်ကြအောင် ရည်မှန်းခဲ့သူဖြစ်ပြီး သူ့ရဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်မှုတွေကြောင့်လည်း Apple ကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။