သူဌေးကြီး ဦးအောင် (အောင်သမာဓိ) ပြောပြတဲ့ ဂိမ်းရောဂါ

Celebrity Local News
သူဌေးကြီး ဦးအောင် (အောင်သမာဓိ) ပြောပြတဲ့ ဂိမ်းရောဂါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူဌေးကြီး ဦးအောင် (အောင်သမာဓိ) ပြောပြတဲ့ ဂိမ်းရောဂါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူဌေးကြီး ဦးအောင် (အောင်သမာဓိ) ပြောပြတဲ့ ဂိမ်းရောဂါ

ဦး ကျွန်တော်တောင်းပန်ပါတယ်ဗျ မနေ့ညတုန်းက ကျွန်တော့တပြည့် ည(၁၀)နာရီကျော်ထိ အသံအကျယ်ကြီးဖွင့်ဂိမ်းဆော့နေတာပါ နောက်မဖြစ်စေရပါဘူးဗျ..
မကြာခင်မှာဖွင့်တော့မည့်ရွှေဆိုင်အတွက် ပြင်ဦးလွင်ခြံထဲမှာ ရွှေကောင်တာတွေလုပ်နေတဲ့ အဖွဲ့ထဲက လူငယ် (၄)ယောက်ခြံထဲမှာနေရင်းအလုပ်ဆင်းကြပါတယ် မနေ့ညက မီးကလည်းလာ ဝိုင်ဖိုင်ကလည်း ဖရီးသုံးခွင့်ပြုထားတော့ ဂိမ်းဆော့ဆူညံနေလို့ အိပ်မရတော့ ဒါနဲ့ အိပ်နေတဲ့သူ့တို့ခေါင်းဆောင်ကိုနှိုးခိုင်းပြီး ညလုံခြုံရေသမားနဲ့ပြောခိုင်းမှ ငြိမ်သွားပါတယ်

မနက်အိပ်ရာထ(၈)နာရီထမင်းစားနေတုန် ခေါင်းဆောင်လာတောင်းပန်တော့ အေး မင်းလူတွေအကုန်ခေါ်ခဲ့ကွာ လူငယ်လေးယောက် ရောက်လာပါတယ် အေး မနေ့ညက ဂိမ်းဆော့ အသံအကျယ်ကြီးနဲ့ အလိုက်ကန်းဆိုးမသိ လုပ်တာဘယ်သူလည်းကွ
ကျွန်တော်ပါလူပုံက နှုတ်ခမ်းမွေးမုတ်ဆိတ်နဲ့ မျက်နှာရှည် ထောင့်မကျိူးတဲ့ပုံနဲ့ ကျန်တဲ့အပြစ်မရှိသူ (၃)ယောက်က ရို့ရို့လေးတွေအပြစ်ရှိသူက လက်နောက်ပြစ်လို့..

ပြင်ဦးလွင်က ည(၈)နာရီဆိုတိတ်ဆိတ်နေပါပြီ (၉) နာရီဆိုအေးလို့အိပ်ရာထဲရောက်ကြပီလေ အေး မင်းငါမေးမယ် မနေ့ ညက ဒီမှာဒို့လူကြီးတွေရှိတာမသိဘူးလား..မင်းဘယ်ဇာတိလည်း..ရန်ကုန်ကပါ..မင်းဒီမှာဝင်ကျယ်ခြံကျယ်နဲ့ ရန်ကုန်မှာနေရတာ ဘယ်ဟာအေးချမ်လည်းကွ.ဒီကအေးချမ်းပါတယ်..အေးငါတို့အိပ်ချိန်မှာ မင်းကဂိမ်းဆော့ အသံအကျယ်ကြီးဖွင့်ဆော့တော့ အိပ်မရဘူး ဒီခြံထဲမှာ ဆက်အလုပ်ပြီး အလုပ်လုတ်ခြင်ကြရင်တော့နောက်ဒီလိုစည်းကမ်းမရှိနေထိုင်ရင် အားလုံးနေခွင့်မပြုဘူး မှတ်ထားကြ
စေတနာ

သူတို့ဆူပြီးပြန်လွတ်လိုက်ရင် ဘာမှအကျိုးမရှိပါဘူးလေ ဒီကလေးတွေအတွက် ဆုံးမစကားလေးပြောလိုက်ပါအုန်းမယ်
ဟေ့ ဂိမ်းဆော့တဲ့ကောင်လေး မင်းဘယ်နှစ်တန်းလဲ (၁၀)တန်ပါ အသက် (၃၀)ပါ မင်း မိန်းမရှိလာ းရှိပါတယ် ကလေးရောရှိလား? မိန်းမဗိုက်ကြီးနေပါပြီ အော် မင်းကလေးရတော့မဲ့အဖေက ဂိမ်းစွဲနေပြီ ဆေးလိပ်ရော သောက်ပါတယ် အော် အင်း အရက်တို့ လောင်းကစားတို့တော့ ဆက်မမေးတော့ပါဘူး..

ဘာကြောင့်ဆင်းရဲကြ??

မင်းတို့ အလုပ်ကြမ်းလုပ်နေကြရတာနေ မချမ်းသာချင်ဘူးလား ချမ်းသာချင်ပါတယ်ဗျ
အေးဒါဆို ကြီးပွါးကြောင်းစာအုပ်တွေဖတ်ဘူးလား ၂ ယောက်က ဖတ်သလို မဖတ်သလိုလို ဂိမ်းသမာနဲ့နောက်တယောက်ကတော့ ဘာစာအုပ်မှမဖတ်ပါဘူးတဲ့
ကဲ ဒါဆိုမင်းတို့ ငါထပ်မေးပါအုန်းမယ် ဖုန်းနဲ့ အင်တာနက်သုံး Videoတွေကြည့်နေကြတော့ ဆရာကြီး ဦးအောင်းသင်းရဲ့ စာပေဟောပြောပွဲVideo တွေနားထောင်ဘူးကြလား? မသိပါ မကြည့်ပါတဲ့ အေးမင်းတို့ငါ့အကြောင်းရောသိသိလား ငါ လူငယ်တွေတိုးတက်ဘို့ပြောထားတဲ့ Video တွေကြည့်ဘူးလား ၃ ယောက်ကမသိဘူးဗျ ဖြူဖြူ ပုပု တယောက်က သိပါတယ်ဗျ အဲလိုဆို မှတ်မိသလောက်ပြန်ပြောကွာဆိုတော့ မှတ်မိတော့ဘူးဗျ ဒါဆို

ဒါဆိုငါမင်းတို့အရွယ် အသက်၃၀နီနီးက ဘယ်ဘဝကလာတယ်ဆိုတာမင်းတို့သိကြလား?? (၃)ယောက်ကမသိပါဘူး(၁) ယောက်ကသိပါတယ် ကဲပြောပါအုန်း
ငယ်ငယ်က ကွမ်းယာရောင်းခဲ့ရတယ်ဘို့ကြားဘူးပါတယ်
အေး ဘယ်လိုသိတာလည်း ဦးဇော်ဇော်Video တွေကြည့်ရင်း တွဲပါလာလို့သိတာပါ..
အေး ဦးဇော်ဇော်ပြောတာတွေ မှတ်မိသလောက် ပြန်ပြေပြစမ်းကွာ ဘာမှမှတ်မိပါဘူးဗျ..

အေး အေး ရပါပြီ
မင်တို့ပြန်ကြတော့ ငါ့ငယ်ဘဝကွမ်းယာသည်ဆိုတာ တကယ်သိအောင် ငါ့ကွမ်းယာဆိုင်ဘုတ်လေးဘယ်လို အမြတ်တနိုးထားတယ်ဆိုတာ ငါ ဧည့်ခန်းထဲမင်းတို့ဝင်ကြည့်သွားကြ

မင်းတို့ငယ်ကြသေးတယါကွ ကြီးပွါးဘို့ဆို ဂိမ်းနဲ့အချိန်မကုန်ကြစေနဲ့ စာတွေဖတ် တရားနာကြ ကြီးပွါးကြောင်းVideoတွေဆရာတွေအင်တာနက်မှာပြောထားတာတွေနားထောင် လိုက်နာကြ အသောက်အစား လောင်းကစားကင်းအောင်နေကြ ..
ငါတော့ အသက်(၂၅)နှစ်မှာဆရာကြီးရွှေဉဒေါင်း ဘာသာပြန်ရေးသားထားတဲ့ အကြံညာဏ်ဖြင့်ကြီးပွါးရေး စာအုပ်တအုပ်ဖတ်တာနဲ့ ဘဝအပြောင်းအလဲဖြစ်ခဲ့တဘဲကွာ..
ကဲသွားကြတော..

ပြောမဲ့သာပြောရဂိမ်းမစွဲတာ ကိုယ်တယောက်ထဲများဖြစစ်နေပီလားတော့? မသိတော့ဘူး.. လူကြီးတွေလည်း ဂိမ်းစွဲပြီး လက်တွေမြှောက်မရ မျက်စေ့ရောဂါရကြနဲ့ ..နိုင်ငံခြားမှာတော့ ဂိမ်းကုမ္မဏီကြီးတွေဖွင့်ပြီးစီးပွါးဖြစ်နေကြတာ အထပ်မြင့်တိုက်ကြီးတွေမှဟီးလို့..
စာတစ်လုံးကြောင့် ဂိမ်းရောဂါကင်းနိုင်ကြပါစေ

ရေးသားသူ –U Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။