ရန်ငြိမ်း လာဘ်လာ ပင်စိမ်း မဟာ

Astrology
ရန်ငြိမ်း လာဘ်လာ ပင်စိမ်း မဟာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ငြိမ်း လာဘ်လာ ပင်စိမ်း မဟာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ငြိမ်း လာဘ်လာ ပင်စိမ်း မဟာ

ကိုယ့်ရဲ့ အိမ်တော် မင်္ဂလာ မှာ ….. မကောင်းသော စွမ်းအားများ ကိန်းဝပ်ခြင်း ၊ တပါးသူ၏ မလိုမုန်းထား ပြသနာများကြောင့် အိမ်ပူ ၊ လာဘ်လာဘ ပိတ်ခြင်း မမြင်ရသော အတိုက်အခိုက် တို့၏ သောက ခံစားနေရခြင်း ၊ မိသားစု အချင်းချင်း မသင့်မြတ်မူ ၊ အတူနေ မိသားစု မကြာခဏ ချူချာခြင်း ၊ ရင်သွေးများ အကြောင်းမဲ့ ငိုကြွေး နေခြင်း စသည် … စသည် ကိစ္စရပ်များ ဖြစ်ပွားနေရင်တော့ ငွေကုန်ကြေးကျလဲ သက်သာပြီး ထူးခြားစွာ အမြန် သက်သာရာ ရစေတဲ့ အောက်ပါ လောကီအစီအရင် ကို ပြုလုပ် ပေးပါ ❞ ။

အရပ် အခေါ် ကုလားပင်စိမ်း လို့ ခေါ်ကြတဲ့ ပင်စိမ်း ကို နေ့သား အလိုက် အောက်ပါ အရပ်မျက်နှာ မှာ စိုက်ပျိုး ပေးပါ ၊ အိမ်ထောင်ရှင်မ ၏ နေ့သား နဲ့ စိုက်ပျိုးပြီး အိမ်ထောင်ရှင်မ ပဲ အောက်ပါ ကိစ္စ ပြုလုပ် ပေးပါ ၊ လူပျို အပျို နေထိုင်သူများ မိမိ
တို့ ကိုယ်တိုင် ပြုလုပ် နိုင်ပါတယ် ။

တနင်္ဂနွေ သားသ္မီး များ အတွက်
အနောက်အရပ် ၊ မြောက်အရပ်

တနင်္လာ သားသ္မီး များ အတွက်
အရှေ့အရပ် ၊ အရှေ့တောင်အရပ်

အင်္ဂါ သားသ္မီး များ အတွက်
အရှေ့တောင်အရပ် ၊ တောင်အရပ်

ဗုဒ္ဓဟူး သားသ္မီး များ အတွက်
တောင်အရပ် ၊ အရှေ့မြောက်အရပ်

ကြာသပတေး သားသ္မီး များ အတွက်
အရှေ့ ၊ အရှေ့တောင်အရပ်

သောကြာ သားသ္မီး များ အတွက်
တောင်အရပ် ၊ အနောက်တောင်အရပ်

စနေ သားသ္မီး များ အတွက်
အရှေ့မြောက်အရပ် ၊ တောင်အရပ်

ဆိုင်မှ ပျိုးပင် ဝယ်ယူတာ ဖြစ်ဖြစ် ၊ အသိမိတ်ဆွေ
ထံမှ ရယူတာ ဖြစ်ဖြစ် ကိုယ်တိုင် ပန်းအိုး လဲချိန်၍
ဘုရားသောက်တော်ရည် စွန့်ထားတာလေး အထဲ
မိမိမှာ ရှိသော ရွှေကို စိမ်ကာ ပင်စိမ်းပင် ရေသွန်း
လောင်းပေးပါ ။

လပြည့်နေ့များ နဲ့ လပြည့်ကာနီး ဝိုင်းစက် လင်းထိန် နေတဲ့ လမင်း ၏ အလင်းရောင် အောက်မှာ ရေသန့် ၁ခွက် ကို လရောင်ခံပြီး မနက် အစော နေထွက်ချိန် ပင်စိမ်းပင် ရေသွန်း လောင်းပေးပါ ။

မနက် ဘုရားဝတ်ပြုပြီးချိန် သို့ ကိုယ်လက်သန့်စင် ပြီးချိန် နဲ့ နေဝင်စ အချိန် ၆နာရီ ဝန်းကျင် နေ့စဉ် ပင်စိမ်းပင် ကို ရေလောင်း ပေးပါ ။

နေ့စဉ် နေဝင်စ အချိန် ၆နာရီ ဝန်းကျင် မှာ ပင်စိမ်းပင် စိုက်ထားသော ပန်းအိုး အနီး မှာ မြေဆီမီးခွက် ထဲမှာ ထောပတ်ဆီ ထည့်ကာ မီးထွန်း ပေးပါ ၊ လောပန် သို့ အမွေးတိုင် မိမိ အဆင်ပြေရာ ထွန်းပါ ။

အနည်းဆုံး ၁ပတ် ၁ခါ သို့ မိမိတို့ အဆင်ပြေ သလို ရက်ခြားကာ ဘုရားသောက်တော်ရည် စွန့်ထားတာ အထဲ ဆနွင်း အစစ် အနည်းငယ် ထည့်ထားကာ ပင်စိမ်းရွက် ၏ ထိပ်ဖျားမှ အခက် ၁ခက် ယူပြီး ပင်စိမ်းခက်ကို ကိုင် ဘုရားသောက်တော်ရည် ထဲ ထည့်ပြီး ပုဗ္ဗဏှသုတ် ကို ရွတ်ဆို ပွားများ ပြီး အိမ်တော် မင်္ဂလာ တခုလုံး ကို ရေလိုက်ဖျန်း ပေးပါ ။

ရှောင်ကျဉ်ရန်

အိမ်မှာ မွေးထားတဲ့ ကြောင်လေး ၊ ခွေးလေးတွေ
ရှိရင် ပင်စိမ်းပင် ကို ကစားတာ ၊ စားတာ စသည်
မလုပ်ပါစေနဲ့ ။

ဧည့်သည် ဖြစ်စေ ၊ မိသားစုဝင် ဖြစ်စေ ပင်စိမ်းပင်
ပန်းအိုး မှာ ဆေးလိပ်မီး သတ်တာ ၊ အမှိုိုက် ပစ်မူ
စသည် မလုပ်ပါနဲ့ ။

အပင် အားဖြည့်သော သဘော နဲ့ ကြက်ဥ
ထည့်တာ မလုပ်ပါနဲ့ ။

အမျိုးသမီး လစဉ်ကိစ္စများ ဖြစ်နေချိန်များ ၌
အထက်ပါ လုပ်ဆောင်မူများ မလုပ်ရပါ ။

ပင်စိမ်းပင် အမြန်ဆုံး ထွားလာလေ ၊ အရွက်များ
စိမ်းစို ဝေဆာလေ မိမိ ကြုံနေရသော သောကတို့့
သက်သာ ပျောက်ကင်းလေ ဖြစ်၏ ။

ရေးသားသူ –ဝေဒင်္ဂ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။