ဇာတ်နာမယ့် ဇာတ်ရုပ်နဲ့ လီယောင်အေး (ချန်ဂင်) ကို ပရိသတ်တွေ မြင်တွေ့ရမယ်

Celebrity International News
ဇာတ်နာမယ့် ဇာတ်ရုပ်နဲ့ လီယောင်အေး (ချန်ဂင်) ကို ပရိသတ်တွေ မြင်တွေ့ရမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇာတ်နာမယ့် ဇာတ်ရုပ်နဲ့ လီယောင်အေး (ချန်ဂင်) ကို ပရိသတ်တွေ မြင်တွေ့ရမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇာတ်နာမယ့် ဇာတ်ရုပ်နဲ့ လီယောင်အေး (ချန်ဂင်) ကို ပရိသတ်တွေ မြင်တွေ့ရမယ်

“ချန်ဂင်” အဖြစ် မြန်မာပရိသတ်တွေကြား လူသိများတဲ့ ကိုရီးယားမင်းသမီးကြီး လီယောင်အေးဟာ “Eunsoo Good Day” ဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်တော့မှာပါ။ အဓိကဇာတ်ကောင်အဖြစ် ရွေးချယ်ခံရတယ်ဆိုတာကို ဩဂုတ်လ ၁၄ ရက်နေ့မှာ သတင်းထွက်ရှိလာခဲ့တာပါ။ လီယောင်အေးရဲ့အေဂျင်စီကတော့ မင်းသမီးဟာ ဒီဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းချက်ရပြီးတဲ့နောက်မှာ သုံးသပ်အကဲဖြတ်နေတယ်လို့ ဖြေကြားထားပါတယ်။

“Eunsu Good Day” ဇာတ်လမ်းတွဲက နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းကို ပြုစုပေးနေရတဲ့ အသက် ၄၀ အရွယ် အိမ်ထောင်ရှင်မတစ်ဦးအကြောင်းပါ။ အမျိုးသမီးဇာတ်ကောင်က တစ်နေ့မှာ လမ်းပေါ်ကျနေတဲ့ မူးယစ်ဆေးကို မတော်တဆကောက်ယူမိသွားတာကနေ သူ့ရဲ့ဘဝပြောင်းလဲသွားခဲ့ရတဲ့ဇာတ်လမ်းမျိုးပါ။

လက်ရှိမှာတော့ လီယောင်အေးက တယောတီးဝိုင်းခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ Maestra ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူးနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။