Grand Canyon မှာ ပေ ၁၀၀ နီးပါးကနေ ပြုတ်ကျခဲ့တဲ့ ၁၃ နှစ်သား အသက်ဘေးမှ လွတ်မြောက်

International News
Grand Canyon မှာ ပေ ၁၀၀ နီးပါးကနေ ပြုတ်ကျခဲ့တဲ့ ၁၃ နှစ်သား အသက်ဘေးမှ လွတ်မြောက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Grand Canyon မှာ ပေ ၁၀၀ နီးပါးကနေ ပြုတ်ကျခဲ့တဲ့ ၁၃ နှစ်သား အသက်ဘေးမှ လွတ်မြောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Grand Canyon မှာ ပေ ၁၀၀ နီးပါးကနေ ပြုတ်ကျခဲ့တဲ့ ၁၃ နှစ်သား အသက်ဘေးမှ လွတ်မြောက်

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာရှိတဲ့ Grand Canyon မှာ ပေ ၁၀၀ နီးပါး အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် လူငယ်ဟာ အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့ပါတယ်။ ဝက်ကော့ဖ်မန်းဟာ Grand Canyon ရဲ့ မြောက်ဘက်ကမ်းပါးယံမှာ လမ်းလျှောက်နေတုန်း ဓာတ်ပုံရိုက်နေတဲ့ လူတွေကို ရှောင်ကွင်းပေးရင်း ခြေချော်ပြီး ပြုတ်ကျသွားခဲ့တာပါ။

အဲဒီနောက်မှာ ကယ်ဆယ်ရေးရဟတ်ယာဉ် ရောက်ရှိလာပြီး ကယ်ဆယ်ရေးအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာက ဝက်ကော့ဖ်မန်းကို ချောက်ထဲကနေ ဆွဲတင်ဖို့ ၂ နာရီကြာ ကြိုးပမ်းခဲ့ရပါတယ်။ ရဟတ်ယာဉ်နဲ့ ဆင်းဖို့ မဖြစ်နိုင်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့က ချောက်ထဲကို ဆင်းပြီး ဝက်ကော့ဖ်မန်းကို ကယ်တင်ခဲ့ရတာပါ။

ဝက်ကော့ဖ်မန်းဟာ ကျောရိုးဆစ် ၉ ချောင်း ကျိုးခဲ့ပြီး သရက်ရွက် ပေါက်ပြဲဒဏ်ရာ၊ အဆုတ်ဒဏ်ရာနဲ့ လက်ကျိုးခဲ့ပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားလို့ သူ့ကို ဆေးရုံ အရေးပေါ် တင်ပိုခဲ့ရပေမဲ့ အခုအခါမှာတော့ ကျန်းမာရေးစိတ်ချရပြီဖြစ်လို့ ဆေးရုံကနေ ပြန်ဆင်းခွင့်ရခဲ့ပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။