ဧပြီလအတွက် ဟောစာတမ်း Part – 2

Astrology
ဧပြီလအတွက် ဟောစာတမ်း Part – 2

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဧပြီလအတွက် ဟောစာတမ်း Part – 2 ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဧပြီလအတွက် ဟောစာတမ်း Part – 2

“Leo”

ဧပြီလဟာ Leo တွေအတွက် ကံကောင်းခြင်းလေးတွေထုတ်ပိုးပြင်ဆင်ထားတယ် ။ သူ့ချည်းပဲတော့မဟုတ်ဘူး ၊ တစ်ဖက်မှာလည်း ဆောင်ရန်ရှောင်ရန်လေးတွေနဲ့ ယှဥ်တွဲစောင့်ကြိုနေပါတယ် ။ ကဲ..အားသာချက်လေးတွေ အရင်ကြည့်ကြမယ် ။

Leo တွေအတွက် ငွေပိုသုံးနိုင်တာ ၊ ငွေပိုစုနိုင်တာလေးတွေရှိနေပါမယ် ။ အခွင့်အလမ်းသစ်တွေ ငွေရပေါက်လေးတွေ မထင်မှတ်တဲ့နေရာက ဝင်လာတတ်တယ် ။ အထူးသဖြင့် လူရင်းထက်စာရင် အသစ်ဆုံတွေ့တဲ့အကြီးအကဲ မိတ်ဆွေသစ်တွေကတဆင့် ရလာဖို့ရှိတယ် ။ ဝင်ငွေအရတိုးတက်ခြင်းရှိလို့ ရာထူးလစာတိုးတာ Bonus မျှော်လင့်နေတဲ့သူတွေရှိရင် အခြေအနေကောင်းမွန်ပါတယ် ။

ကိုယ်လက်ရှိမှာ အကောင်အထည်ဖော်ဖို့တစ်ခုခု ကြိုးစားနေတာရှိလား? ပညာရေး ၊ စီးပွားရေး ၊ အချစ်ရေးစသဖြင့်ပေါ့ ။ ေမျှော်လင့်နေတဲ့ သတင်းကောင်းလေးတွေကြားရဖို့ရှိတယ် ။ ဒီနေရာမှာ Twist တစ်ခုရှိတာက တိုက်ရိုက်ပြေလည်သွားတာထက် ၊ သွယ်ဝိုက်တဲ့နည်းနဲ့ အဆင်ပြေသွားဖို့ပိုမြင်မိတယ် ။

လှေခွက်ချည်းကျန် အလံမလှဲလုပ်နေမယ့်အစား ဇွဲလျော့သင့်တဲ့နေရာလျော့ပြီး မတူတဲ့နည်းလမ်းကနေ ပြန်ဖောက်ထွက်တာ ၊ စဥ်းစားတွေးခေါ်တာမျိုးလေး ပိုအားပေးတယ် ။ ဧပြီအတွက် ကျန်းမာရေးအညံ့ရယ်လို့တော့မရှိဘူး ၊ သိသိသာသာအားနည်းတဲ့နေရာတစ်ခုက အနီးကပ်ဆက်ဆံရေးလေးတွေ ဖြစ်ပါလိမ့်မယ် ။

စိတ်အားထက်သန်မှုများသလို စိတ်ပင်ပန်းရနိုင်တဲ့လတစ်လဖြစ်ဖို့ရှိတယ် ။ လူမှုရေးပြသနာလေးတွေ မျှော်လင့်ထားသင့်တယ် ။ အထူးသဖြင့် ကိုယ်နဲ့လက်တွဲဖော်အကြား တစ်ယောက်တစ်ခွန်းစကားများရတာလေး ရှိနေတယ် ။ ဂုဏ်ချင်းပြိုင်တာ ၊ မာနချင်းပြိုင်တာ ၊ ခံယူချက်ကွဲလွဲတာ သာမန်အဆင်ပြေတဲ့ပြသနာလေးတွေမှာ ညှိယူဖို့ခက်ခဲတတ်တာလေးတွေမြင်မိလို့ စိတ်အေးအေးနဲ့ကျော်ဖြတ်ကြဖို့ မှာချင်ပါတယ် ။

“Virgo”

Virgo တွေအတွက်ဒီတစ်လမှာ အကျိုးရှိမယ့်နေရာ ၊ ပျော်စေမယ့်အရာလေးတွေအတွက် ငွေသုံးရဖို့ရှိတယ် ။ ထောက်ပံ့ချင်သူ ၊ လှူဒါန်းချင်သူ ၊ ချစ်ခင်သူတွေနဲ့ခရီးသွားဖို့ ပျော်ပါးဖို့စီစဥ်ထားသူတွေအတွက် သတင်းကောင်းပေါ့ ။ လုပ်ငန်းချဲ့ထွင်လို့အဆင်ပြေတယ် ၊ သင်တန်းတွေကျောင်းတွေ တက်လို့ရမယ် ။ ငွေစုဖို့ပြင်ဆင်ထားတဲ့ Virgo တွေအတွက်တော့ ဧပြီကိုသိပ်ကြိုက်မယ်လို့ မမြင်မိဘူး ။

မထင်မှတ်ပဲရာထူးလစာတိုးတာ ၊ ဝင်ငွေရလမ်းပေါ်လာတာမျိုးရှိသလို မြန်မြန်ဝင်လာတဲ့ငွေက မြန်မြန်ပြန်ထွက်သွားတတ်တာလေးတော့ သတိပြုပါ ။ တစ်နည်းနည်းနဲ့ပြန်ထွက်တဲ့အထဲ ကျန်းမာရေးကိစ္စလေးတွေ ပါလာတတ်တယ် ။ Anxiety သဘောလေးတွေဖြစ်နိုင်သလို အအေးမိတာ ၊ ဖျားနာတာ ၊ Infection သဘောလေးတွေ ဂရုစိုက်ဖို့လိုမယ် ။

ဒါကိုရှောင်ဖို့ဆိုရင် မထင်ပဲဝင်လာတဲ့ငွေကိုမသုံးစွဲခင် သတ်မှတ်ရာခိုင်နှုန်းတစ်ခုလောက်ဖယ်ပြီး သေချာလေးအလှူအတန်းပြုတာဖြစ်ဖြစ် မိဘကိုကန်တော့တာမျိုးဖြစ်ဖြစ် အကောင်းဆုံးကတော့ ရေနဲ့ပတ်သက်တဲ့ကာလဒါနလေးတွေ လိုအပ်သူတွေဆီရောက်အောင်လုပ်ပေးပါ ။ ပုံမှန်လစာသဘောမျိုး ရနေကျ Fixed Income တွေအတွက်တော့ မလိုအပ်ပါဘူး ။

ဖြစ်နိုင်ရင်တော့ ဒီတစ်လ Personal Time လေးတွေယူပါလို့ အကြံပေးချင်တယ် ။ အလုပ်နဲ့ပတ်သက်လို့ကံတက်ပေမယ့် လူမှုရေး/နှလုံးသားရေးပြသနာလေးတွေ မျှော်လင့်ထားရမယ် ။ ဥာဏ်အလင်းရဖို့ရှိတယ် ၊ ကိုယ့်ရဲ့ Toxic Traits တွေမြင်သာလာသလို ကိုယ့်ဘေးကလူအချို့ မျက်နှာဖုံးကွာကျလာတာကို ကြုံရတတ်တယ် ။

ဧပြီအကုန်မှာ Inward Mindset လေးအားသာနေဖို့ရှိတယ် ။ ဘာဆက်လုပ်သင့်လဲ ၊ ဘယ်ဆက်သွားသင့်လဲ ၊ လက်ရှိနေရာ လက်ရှိလူနဲ့အဆင်ပြေရဲ့လား ၊ ဘယ်နေရာတွေ Improve လုပ်နိုင်မလဲ ၊ ဘယ်လိုနည်းနဲ့ Adjust လုပ်ရမလဲ ၊ ဘယ်အရာတွေထားခဲ့သင့်ပြီလဲစသဖြင့် အတော်လေးအဖြေရှာဖို့မြင်မိသလို အဖြေရှာသွားဖို့လည်းရှိတယ် ။ Growth အတွက်အရေးပါတဲ့အချိန်မို့ အဖြေကိုသိသိလျက် ခေါင်းမာနေဖို့တော့အားမပေးပါဘူး ။

“Libra”

ပထမဦးဆုံးသတင်းကောင်းလေးအနေနဲ့ ဧပြီဟာငွေကြေးအရ အားရဖို့ကောင်းတဲ့အခြေအနေတစ်ခုမှာ ရှိထားပါတယ် ။ လုပ်ငန်းစတင်ဖို့ ချဲ့ထွင်ဖို့လေးတွေအဆင်ပြေတယ် ။ Rush ဖြစ်လို့တော့မရဘူး ။ အလှည့်အပြောင်း အတက်အကျရှိတယ် ။ အလှည့်အပြောင်းဆိုတာမှာ ကိုယ့်အနားကလူ ၊ ငြိမ်နေတဲ့အခြေအနေတစ်ခုက ရုတ်ချည်းပြောင်းလဲတယ်ဆိုတာထက် ကိုယ်တိုင်စတင်ပြီးမှ ကိုယ်ပဲစိတ်ပြောင်းသွားတာမျိုး ပိုလို့တောင်ဖြစ်နိုင်သေးတယ် ။

ဧပြီကို ရှေ့ကိုပြေးတက်ရမယ့်လတစ်လလို့ မသတ်မှတ်ပါဘူး ။ ပြေးနေတဲ့အရှိန်ကိုလျော့ချပြီး ခရီးစဥ်ကိုပြန်သုံးသပ်ရမယ့် ကာလတစ်ခုဖြစ်လိမ့်မယ် ။ ဒါက ကိုယ်နောက်ကောက်ကျစေဖို့မဟုတ်ဘူး ၊ အနာဂတ်ကာလတွေအတွက် မြေပုံပြန်ကြည့်တဲ့အချိန် ၊ ရိက္ခာပြန်စုဆောင်းတဲ့သဘောနဲ့ ပိုတူပါတယ် ။

ရလာဒ်အနေနဲ့ဆိုရင် ကိုယ့်ကိုကိုယ်အားမရဖြစ်ရတတ်တယ် ။ စိတ်အားထက်သန်မှုတွေများပြီး ဘယ်နေရာအသုံးချရမှန်းမသိ ဖြစ်နေတတ်တယ် ။ တွေးစရာတွေများမယ် ။ ရွေးစရာတွေလည်း များဖို့ရှိတယ် ။ အားသာချက်လေးတွေဆိုရင် အခွင့်အလမ်းကောင်းတွေပေါ်လာဖို့ရှိသလို နှစ်ခုသုံးခုအထိပြိုင်ပြီး ပေါ်လာတတ်တာလေးတွေ့ရတယ် ။

အရေးကြီးကိစ္စလေးတွေ ဆုံးဖြတ်စရာလေးတွေ ဖြည်းဖြည်းမှန်မှန်သွားဖို့အဆင်ပြေပါတယ် ။ ဖြစ်နိုင်ရင်တော့ လကုန်ပိုင်းကိုရွေ့ပါ ။ အချိန်သတ်မှတ်ပေးရရင် ကိုယ်စီစဥ်ထားတာတွေ ဒီလထဲအကောင်အထည်ဖော်ဖို့ ဧပြီတတိယအပတ်ဝန်းကျင်က အကောင်းဆုံးဖြစ်လိမ့်မယ် ။ ကျန်းမာရေးနဲ့ပတ်သက်လို့ လေရောဂါ ၊ မျက်စိအားနည်းတာတွေဂရုပြုပါ ။

ဧပြီအတွင်း နှလုံးသားရေးရာမကြေလည်မှုတွေ များဖို့ရှိတယ် ။ အချစ်ရေးကြောင့် စိတ်ပျက်အားလျော့ရနိုင်တယ် ။ ကိုယ်တွဲခေါ်သလောက် သူလိုက်မလာတာ ၊ ကိုယ်ဖြည့်ဆည်းသလောက် သူမမြင်နိုင်တာ စတဲ့မလုံလောက်မှုပြသနာလေးတွေ ပိုများလိမ့်မယ် ။ လက်တွဲဖော်နဲ့ပတ်သက်လို့ အစအဆုံးပြန်တွေးခေါ်ရတတ်တယ် ။ အရေးကြီးဆုံးဖြတ်ချက်တွေ ဧပြီလအစောပိုင်းမှာ မချမှတ်စေချင်ပါဘူး ။

“Scorpio”

ဧပြီအတွင်း မိသားစုပြသနာလေးတွေ ၊ လင်နဲ့မယား အိမ်ထောင်ဖက်တွေကြား စကားအသွားအလာလေးတွေ ပွတ်တိုက်မှုရှိနိုင်ပါတယ် ။ စုံတွဲတွေအတွက်တော့ စိတ်လျော့နိုင်ရင်ကောင်းပေမယ့် တအားကြီးစိတ်ပူဖို့မလိုအပ်ဘူး ။ ရည်းစားမရှိသူတွေတော့ အရှင်းဆုံးပဲ ၊ အပူအပင်ကင်းကင်းနေလို့ရတယ် ။

Positive Things လေးတွေစပြီး Focus လုပ်ရရင် အလုပ်နဲ့ပတ်သက်လို့ ကံကောင်းပါလိမ့်မယ် ။ ယုံကြည်မှုရှိရှိစတင်ချင်တာတွေ မီးစိမ်းပြဖို့ရှိတယ် ။ အကြံကောင်းဥာဏ်ကောင်းရမယ် ၊ အကူအညီကောင်းရမယ် ။ ကိုယ့်အနီးနားမှာရှိတဲ့ အတွေ့အကြုံရှိတဲ့သူတွေကို ချည်းကပ်ပါ ၊ ဆည်းကပ်ပါ ။

ကျန်းမာရေးအညံ့ရှိသူတွေ သက်သာလာဖို့ ၊ အရှင်းပျောက်ကင်းဖို့အားသာနေတယ် ။ ဆရာကောင်းသမားကောင်း တွေ့ဆုံရတတ်တယ် ။ ဧပြီမှာတော့ ငွေကိုင်ထားဖို့အားမပေးဘူး ။ များများလှုပ်နိုင်လေ အကျိုးရှိလေပဲ ။ ဝင်ငွေလည်းများမယ် ၊ Investment နဲ့သက်ဆိုင်တဲ့ကိစ္စအတွက် ငွေရင်းရတာ ၊ အကုန်အကျများရမယ့်လတစ်လ ဖြစ်ပါလိမ့်မယ် ။

သတိထားစရာလေးအနေနဲ့ အကောင်းနဲ့အဆိုးဒွန်တွဲလာတာလေး သတိထားသင့်တယ် ။ စန်းတက်ဖို့ရှိလို့ မျက်နှာပွင့်တာ နာမည်ကောင်းရတာမျိုးလေး ကိုယ့်အတွက်ရှိနေတယ် ။ အချစ်ရေးနဲ့ပတ်သက်လို့ ကမ်းလှမ်းလာသူတွေ ရောက်လာဖို့မြင်တယ် ။ တစ်ဖက်မှာလည်း အကြောင်းမဲ့သက်သက်မနာလိုသူ ၊ တိုက်ခိုက်သူမျိုး ကြိုတင်မျှော်လင့်ထားရမယ် ။ အရင်ရန်စရှိဖူးသူဆို ပိုသတိထားပါ ။

ကံကြမ္မာရဟတ်လည်တဲ့သဘောမို့ အကောင်းရှိတဲ့နေရာက စိတ်အနှောင့်အယှက်လေးကြုံရတတ်သလို ၊ လက်ရှိကံညံ့နေတဲ့နေရာကနေ ပြန်ပြီးအကျိုးပြုလာတတ်တာလည်း Chance တစ်ခုအနေနဲ့ မြင်ထားမိတယ် ။ ခွဲခွာနေသူတွေပြန်ဆုံရတတ်တယ် ။ Break ယူထားတဲ့အချစ်ရေးတွေ ၊ သူတစ်လူငါတစ်မင်းအချစ်ရေးတွေ ဧပြီလဒုတိယအပတ်နောက်ပိုင်းမှာ နားလည်မှုပြန်ရှာတွေ့နိုင်ပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။