ဖောရောင်ခြင်း၊ အရေပြားရောဂါ၊ ကျောက်ရောဂါတို့အတွက် အထူးကောင်းမွန်တဲ့ ကနဖော့ပင်

Health Knowledge
ဖောရောင်ခြင်း၊ အရေပြားရောဂါ၊ ကျောက်ရောဂါတို့အတွက် အထူးကောင်းမွန်တဲ့ ကနဖော့ပင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖောရောင်ခြင်း၊ အရေပြားရောဂါ၊ ကျောက်ရောဂါတို့အတွက် အထူးကောင်းမွန်တဲ့ ကနဖော့ပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖောရောင်ခြင်း၊ အရေပြားရောဂါ၊ ကျောက်ရောဂါတို့အတွက် အထူးကောင်းမွန်တဲ့ ကနဖော့ပင်

ကနဖော့သည် ငန်အေးခါး အရသာ ရှိ၏ ။ သည်းခြေ ၊ သလိပ်ကိုနိုင်၏ ။ ဖောရောင်ခြင်း ၊ နူနာ ၊ အရေပြားရောဂါ ၊ ချောင်းဆိုးရောဂါ စသည်တို့မှ ကင်းဝေး၏။

အရွက်အသုံးပြုပုံ

၁။ အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက် ပူခြင်းကို အေးစေသည်။ အရေပြားနှင့် အကြောရောဂါများ အတွက်လည်း သုံးသည်။၂။ အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။ ၃။ ကနဖော့ရွက်ကို ကြက်အသည်းအမြစ်နှင့်ချက်စားပါကသည်းခြေပျက်ရောဂါပျောက်ကင်းသည်။

ပဉ္စငါးပါးအသုံးပြုပုံ

၁။ ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။၂။ ကနဖော့ ပဉ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ ၊ အရေပြားရောဂါ ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက်ကင်း၏။၃။ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။

၄။ ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည် ၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏။

ရေးသားသူ –သမားတော်ကြီး ဦးသောင်းရွှေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။