Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့မြန်မာရုပ်ရှင်ဇာတ်ကား

Celebrity Local News
Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့မြန်မာရုပ်ရှင်ဇာတ်ကား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့မြန်မာရုပ်ရှင်ဇာတ်ကား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Netflix မှာ ပြသခွင့်ရတဲ့ ပထမဆုံးမြန်မာရုပ်ရှင်ဇာတ်ကား

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်တွေကို အွန်လိုင်းကနေ ကြည့်ရှုလို့ရတဲ့ ပလက်ဖောင်းတခုဖြစ်တဲ့ Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့ မြန်မာဇာတ်ကားဖြစ်လာပါတယ်။ ‌ Netflix ရဲ့ ဒေသအလိုက်သာ ကြည့်ရှုနိုင်တဲ့ ကန့်သတ်ချက်ကြောင့် ထိုင်းနိုင်ငံတနိုင်ငံတည်းကနေသာ ကြည့်လို့ရပါသေးတယ်။

၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားကို ထိုင်းဒါရိုက်တာ Chartchai Ketnust က ရိုက်ကူးခဲ့ပြီး နိုင်နိုင်း၊ ဝတ်မှုန်ရွှေရည်၊ ဒေါင်း တို့အပါအဝင် ပြည့်ပြည့်၊ တုန်တုန် စတဲ့ ကလေးသရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။

အင်္ဂလိပ်လို “The Only Mom” လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားဟာ သည်းထိတ်ရင်ဖို (Horror) အမျိုးအစားဖြစ်ပြီး မြန်မာပြည်မှာရုံတင်ပြသခဲ့ချိန်ကလည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တာဖြစ်ပါတယ်။

အခုနှစ်ပိုင်းတွေထဲ ဒီရုပ်ရှင်ဇာတ်ကားကို အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က ရုပ်ရှင်ရုံတွေမှာ ပြသနိုင်ခဲ့ပါတယ်။

အာရှရုပ်ရှင်ဆုပေးပွဲတခုဖြစ်တဲ့ (Asian Academy Creative Awards)ရဲ့ ၂၀၁၉ ခုနှစ်ဆုပေးပွဲ မှာ ကလေးသရုပ်ဆောင် ပြည့်ပြည့်က အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့သလို ဒီဇာတ်ကားကနေ ဆု ၆ ဆုအထိ ရရှိခဲ့ပါတယ်။

ပြည်တွင်းရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာလည်း လိပ်ပြာစံအိမ်ဇာတ်ကားကနေ ဆုတွေ ရနိုင်တယ်လို့ ကနဦးမှာခန့်မှန်းခဲ့ကြပေမဲ့ ကိုဗစ်ကြောင့်ရော စစ်အာဏာသိမ်းမှုကြောင့်ပါ မကျင်းပဖြစ်ခဲ့တဲ့ သုံးနှစ်စာ အကယ်ဒမီပေးပွဲကို ၂၀၂၃ ခုနှစ်မှာ ပြန်ကျင်းပချိန်မှာတော့ ဒီဇာတ်ကားနဲ့ ဆုရရှိခဲ့တာမတွေ့ရပါဘူး။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။