ဘူးသီးတောင်နှင့်မောင်တောတွင် ဆေးဝါးနှင့် ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီး ဆန် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခွဲနီးပါး စျေးပေါက်

Local News

ဘူးသီးတောင်နှင့်မောင်တောတွင် ဆေးဝါးနှင့် ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီး ဆန် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခွဲနီးပါး စျေးပေါက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘူးသီးတောင်နှင့်မောင်တောတွင် ဆေးဝါးနှင့် ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီး ဆန် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခွဲနီးပါး စျေးပေါက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောမြို့ကို အကြမ်းဖက်စစ်အုပ်စုက ဖြတ် လေးဖြတ်ပြုလုပ်ထားတာကြောင့် ဆေးဝါးနှင့် ရိက္ခာပြတ်လု နီးပါးဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မောင်တောမြို့မှာတော့ ဆန်တစ်အိတ်ကျပ်တစ်သိန်းခွဲထိပေးနေရပြီး ဆန်ထပ်မဝင်တော့တာကြောင့် ၂ လစာသာ ရိက္ခာကျန်တော့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ-ဘူးသီးတောင်နဲ့ မောင်တောဆေးရုံ

ပြည်သူ့ဆေးရုံတွေမှာလည်း ဆေးဝါးတွေပြတ်လပ်နေပြီး ခွဲစိတ်ကုသမှုတွေ မပြုလုပ် နိုင်တော့ကြောင်း၊ ခွဲစိတ်ကုသဖို့ အရမ်းအရေးကြီးတဲ့ လူနာမှပဲကုသပေးနိုင်တော့တယ်လို့ မောင်တောဆေးရုံကြီးနှင့် နီးစပ်တဲ့ ဒေသခံတစ်ဦး ကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့ပြီး စက်တင်ဘာလလောက်ကစလို့ ဆေးဝါးတွေကို ရခိုင်ပြည်နယ်အတွင်း သယ်ယူပို့ဆောင်တာတွေမလုပ်ဖို့ စစ်ကောင်စီကနေ တားမြစ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်တို့ကြားတိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ပြည်နယ်အနှံ့ သက်ကြီးရွယ်အိုတွေပါမချန် thet ဖြတ်တာတွေနဲ့ ရမ်းသမ်းဖမ်းဆီးတာတွေကိုလည်း နေ့စဉ် ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။