ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်

International News
ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်

လက်ဇီ အယ်ဖို့ဒ် အမည်ရတဲ့ အမေရိကန်အမျိုးသမီးဟာ ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တာပါ။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံကို သွားရောက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့အသက် ၂၁ နှစ်ပဲရှိပါသေးတယ်။ အရင်က ဒီစံချိန်ကို ချိုးခဲ့တဲ့သူက အသက် ၂၄ နှစ်အရွယ် ဂျိမ်းစ် အက်ကွစ်သ်ဆိုသူပါ။

အခု အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လက်ဇီဟာ ငယ်စဉ်ကတည်းက နိုင်ငံပေါင်း ၁၉၆ နိုင်ငံလုံးကို အလည်ပတ်သွားမယ်ဆိုတဲ့ ရည်မှန်းချက်ရှိခဲ့တာပါ။ ခရီးထွက်ရတာဝါသနာကြီးတဲ့မိသားစုကနေ ကြီးပြင်းလာခဲ့တာပါ။ သူ့မိဘတွေက ခရီးတွေထွက်ရင် သူ့ကိုခေါ်သွားလေ့ရှိပြီး မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေကို ပြသပေးလေ့ရှိပါတယ်။ အဲ့ဒါတွေက သူ့ရဲ့ကမ္ဘာကြီးကို စူးစမ်းလေ့လာလိုစိတ်ပြင်းထန်စေခဲ့ပါတယ်။

လက်ဇီက ကမ္ဘောဒီးယားရဲ့ရေပေါ်ကျေးရွာတွေကစပြီး ဒူဘိုင်းရဲ့ ခါလီဖာ မိုးမျှော်တိုက်၊ အာဂျင်တီးနားရဲ့Ushuaia မြို့၊ အီဂျစ်နိုင်ငံရဲ့ပိရမစ်ကြီးတွေအထိ ခရီးသွားအတွေ့အကြုံတွေအများကြီးရှိခဲ့တာပါ။

မတူညီတဲ့ဘဝနေထိုင်မှုပုံစံတွေအကြောင်း သိချင်စိတ်ပြင်းပြမှုနဲ့ ပျော်ရွှင်မှုရှာတာတွေက သူ့ရဲ့ခရီးစဉ်ကို ပုံဖော်ဖြစ်စေခဲ့တာပါ။ အစကတော့ သူ့ရဲ့စူးစမ်းလိုစိတ်ကြောင့် ခရီးထွက်ခဲ့ပေမဲ့ နောက်တော့ သူ့ရဲ့ခရီးစဉ်က အခြားသူတွေ အထူးသဖြင့် ငယ်ရွယ်တဲ့မိန်းကလေးတွေကို ကန့်သတ်ချက်တွေကို တွန်းလှန်ပြီး ကမ္ဘာကြီးကို အကြောက်တရားကင်းစွာနဲ့ စူးစမ်းလေ့လာဖို့ လှုံ့ဆော်ပေးနေတယ်ဆိုတာ နားလည်ခဲ့ပါတယ်။ လက်ဇီက ကမ္ဘာ့တစ်ဝှမ်းမှာ ရှိနေတဲ့ အကြင်နာတရားနဲ့ အလှတရားတွေကို ပြသဖို့ ရည်ရွယ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။