နိုင်ငံပေါင်း ၈၄ နိုင်ငံမှာ နံပါတ် ၁ ချိတ်နေတဲ့ One Piece Live Action

International News
နိုင်ငံပေါင်း ၈၄ နိုင်ငံမှာ နံပါတ် ၁ ချိတ်နေတဲ့ One Piece Live Action

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိုင်ငံပေါင်း ၈၄ နိုင်ငံမှာ နံပါတ် ၁ ချိတ်နေတဲ့ One Piece Live Action ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၈၄ နိုင်ငံမှာ နံပါတ် ၁ ချိတ်နေတဲ့ One Piece Live Action

Manga နဲ့ anime လောကမှာ အောင်မြင်မှုရရှိထားတဲ့ One Piece ကို Live Action အဖြစ် အသက်သွင်းထားတဲ့ စီးရီးကလည်း Netflix မှာ ထွက်ရှိပြီးပြီးချင်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေဆီက နေ ကောင်းတဲ့သုံးသပ်ချက်တွေရရှိထားပါတယ်။ Rotten Tomato မှာ နံပါတ် ၁လူကြိုက်အများဆုံးရှိုးအဖြစ် အဆင့်သတ်မှတ်ခံရသလို အဖွင့်သီတင်းပတ်မှာတင် နိုင်ငံပေါင်း ၈၄ နိုင်ငံမှာလည်း နံပါတ် ၁ နေရာကို ရယူထားပါတယ်။

One Piece က အဖွင့်သီတင်းပတ်မှာ နိုင်ငံပေါင်း ၈၃ နိုင်ငံတင် နံပါတ် ၁ နေရာယူခဲ့ကြတဲ့ “Stranger Things” Season 4 နဲ့ “Wednesday” Netflix စီးရီးတွေရဲ့စံချိန်ကို ချိုးပစ်ခဲ့တာပါ။ ဒီစီးရီးဟာ ဩဂုတ်လ ၃၁ ရက်နေ့က Netflix မှာ ထွက်ရှိခဲ့ပြီး အခုဆို အကောင်းဆုံး anime Live Action စီးရီးတွေထဲကတစ်ခုအဖြစ် အသိအမှတ်ပြုခံလိုက်ရပါပြီ။

အဲဒီစီးရီးမှာ Zoro အဖြစ် သရုပ်ဆောင်ထားတဲ့ အသက် ၂၆ နှစ်အရွယ် မင်းသား Mackenyu ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်နေပါပြီ။ နှုတ်ခမ်းနီမလေးတွေအတွက် စိတ်မကောင်းစရာကတော့ Mackenyu က အိမ်ထောင်ရှိပါတယ်။ သူ့ချစ်သူကောင်မလေးနဲ့ မကြာသေးခင်ကမှလက်ထပ်ထားတာပါ။ သူ လက်ထပ်လိုက်တယ်ဆိုတာကိုလည်း သူ့ရဲ့တွစ်တာအကောင့်ကတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။