အိမ်၊ငွေ၊ချစ်သူက အစ ဘဝမှာပိုင်ဆိုင်ထားတဲ့ အရာတွေအကုန်ဆုံးရှုံးပြီး လယ်ထဲ တဲထိုးပြီးနေခဲ့ရဖူးတယ်ဆိုတဲ့ အဆိုတော်ရဲရင့်အောင်

Celebrity Local News
အိမ်၊ငွေ၊ချစ်သူက အစ ဘဝမှာပိုင်ဆိုင်ထားတဲ့ အရာတွေအကုန်ဆုံးရှုံးပြီး လယ်ထဲ တဲထိုးပြီးနေခဲ့ရဖူးတယ်ဆိုတဲ့ အဆိုတော်ရဲရင့်အောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်၊ငွေ၊ချစ်သူက အစ ဘဝမှာပိုင်ဆိုင်ထားတဲ့ အရာတွေအကုန်ဆုံးရှုံးပြီး လယ်ထဲ တဲထိုးပြီးနေခဲ့ရဖူးတယ်ဆိုတဲ့ အဆိုတော်ရဲရင့်အောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်၊ငွေ၊ချစ်သူက အစ ဘဝမှာပိုင်ဆိုင်ထားတဲ့ အရာတွေအကုန်ဆုံးရှုံးပြီး လယ်ထဲ တဲထိုးပြီးနေခဲ့ရဖူးတယ်ဆိုတဲ့ အဆိုတော်ရဲရင့်အောင်


သီချင်းတွေကိုရဲရင့်အောင်ဟာ အသံချိုချိုအေးအေးလေးနဲ့ သာယာနာပျော်ဖွယ်ကောင်းတဲ့ သီဆိုတတ်တဲ့အဆိုတော်ဖြစ်ပါတယ်။ ရဲရင့်အောင်ရဲ့ သီချင်းတွေ ဟာ ၁၉၉၀ ခုနှစ် နှောင်းပိုင်း မွေးဖွားသူတွေအဖို့ တကယ့်ကိုအဖိုးတန် သီချင်း ကောင်းလေးတွေဖြစ်ပါတယ်။ အဆိုတော် ရဲရင့်အောင်ကတော့ လူမှုကွန်ယက် တွင် အချိန်အတော်ကြာ ပျောက်နေတဲ့အတွက် ပရိသတ်များကစိတ်ပူနေကြံတာ ဖြစ်ပါတယ်။

ရဲရင့်အောင်ဟာ အချိန်ကာလတစ်ခုကြာပျောက်နေရာမှ မကြာသေး ခင်ကပြန်လည်ပေါ်ထွက်လာပြီး “ပုံမှန်မဟုတ်ခြင်းများ” ဆိုတဲ့ Album အသစ်နဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းကျုံးယူခဲ့တာဖြစ်ပါတယ် ရဲရင့်အောင်ဟာ အခု တစ်ခါမှာတော့ ပရိသတ်တွေအရှေ့က အချိန်အတော်ကြာပျောက်နေတဲ့ကာလ တစ်ခုမှာ လယ်ထဲမှာတဲထိုးနေခဲ့ရပြီးဘဝပျက်သွားနိုင်တဲ့ ကံကြံမ္မာအလှည့်အပြောင်းတစ်ခုကို လက်ထဲမှာငွေနှစ် သောင်းခွဲထဲရှိပြီး ဘယ်လိုဖြတ်ကျော်ခဲ့လဲဆိုတာ ရင်ဖွင့်လာတာဖြစ်ပါတယ်။

ရဲရင့် အောင်က မိသားစုတိုင်းရဲ့ လူတိုင်းရဲ့ဘဝတိုင်းမှာ ပြသနာဆိုတာရှိတယ်။ ပြသနာ သေးတာနဲ့ ကြီးတာပဲကွာတယ်။ ဘဝပျက်သွားနိုင်တဲ့ ပြသနာရှိကောင်းရှိနိုင်သလို စကားများရုံလောက်ပြီသနာလေးတွေလဲရှိနိုင်တယ်။ ကျွန်တော်ဖြစ်တဲ့ပြသနာက ဘဝတစ်ခုလုံးပြောင်းပြန်လန်သွားနိုင်တဲ့ပြသနာ။ ဘာကြောင့်ဖြစ်တယ် ဘာတွေ ဘယ်လိုတွေဖြစ်သွားတယ်ဆိုတာ ကျွန်တော်ပြောလို့မရဘူး။ ဘာလို့ပြောလို့မရ ဘူးလဲဆိုတော့ ဇာတ်လမ်းထဲမှာ ကျွန်တော်ချစ်ရတဲ့လူတွေပါတဲ့အတွက် ကျွန်တော်သူတို့ကို မထိခိုက်စေချင်ဘူး။ အဲ့တော့ အားလုံးကိုကျွန်တော့်ခေါင်းပဲခံ လိုက်တယ်အဲ့လိုဖြစ်သွားတာကို။

ကျွန်တော် သင်္ကန်းဝတ်နဲ့တစ်နေ့ကို ပြသနာတစ်မျိုးစီ ဒီနေ့ကဒါဖြစ်သွားပြီ မင်းမှာ ဒါမရှိတော့ဘူး အိုကေမရှိဘူးဆိုပြီးလက်ခံလိုက်တယ် နောက်နေ့ဒါလဲမရှိတော့ဘူး အိုကေရတယ်။ နောက်တစ်နေ့ဘာမှမရှိတော့ဘူး။ ဘာမှမရှိတော့ အဲ့တာတွေ အကုန်လုံးကို ကျွန်တော်လက်ခံတယ်။ အဓိကက လက်ခံဖို့ပဲ။

ကျွန်တော်လက်မခံ နိုင်ဘူးဆို ကျွန်တော်ဘာမှဆက်လုပ်လို့ မရဘူး။ ကျွန်တော်နေ့တိုင်းမရှိတော့တဲ့ အရာတွေကို လက်ခံနေရတယ်။ မရှိလဲရတယ် ငါလက်ခံတယ်ဆိုတဲ့ စိတ်နဲ့ ပြန်ပြီး တော့ကြိုးစားရတယ်။ ကျွန်တော့် မိဘတွေကိုလဲ ကျွန်တော်ပြောတယ်။ ကျွန်တော်ဒီလို စီစဉ်လိုက်တယ် ဒီလိုနေလို့ရအောင်ဖန်တီးလိုက်တယ် ရန်ကုန်မှာ နေလို့မရတော့ဘူးလေ။ ကျွန်တော်နဲ့အတူ သုံးနှစ်လောက်ဒုက္ခခံပေးပါ။ သုံးနှစ် လောက်တော့ဒုက္ခရောက်လိမ့်မယ်။ မလုံခြုံတာရှိမယ်။ ရေကြီးတာ သဘာဝဘေးအန္တရာယ်ရှိ မယ် တောထဲမှာဆိုတော့ တိရစ္ဆာန်တွေရဲ့ အန္တရာယ်လဲရှိမယ် အဲ့တာမျိုးတွေ သည်းခံပေးပါဆိုတော့ သူတို့ကလဲ သည်းခံပြီးနေတယ်။

ပြီးတော့ ကျွန်တော်ဘယ် သူနဲ့မှမတွေ့ရဘူး။ ကျွန်တော်အဲ့မှာပဲ ဘာဆက်လုပ်ရမလဲဆိုတာကို နေ့တိုင်း စဉ်းစားတယ် ဘုရားတရားလဲ လုပ်ဖြစ်တယ်။ အဲ့ကာလတွေမှာ ကျွန်တော့်ဆီကို ရောက်လာတဲ့ အလုပ်ကိစ္စမှန်သမျှ ကျွန်တော်ဘာတစ်ခုမှ လက်မခံခဲ့ဘူး။ ကျွန်တော်လဲအဆင်မပြေဘူး ကျွန်တော့်မှာ စားဖို့သောက်ဖို့တောင် ခက်ခဲနေတာ။ ဒါပေမယ့်ကျွန်တော်လက်မခံခဲ့ပါဘူး။ တစ်ပွဲတော့ လက်ခံဖို့ကြိုးစားလိုက်တယ်။

ကြိုးစားလိုက်တာမှာ လူတွေကအမြင်စောင်းကြံတယ်။ အမြင်စောင်းတော့ ပြော ကြံတယ်။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်ထဲကတစ်ယောက်က Instagram မှာ ကျွန်တော့်ကိုလာပြောတယ်။ အဲ့စကားကြောင့် ကျွန်တော်အခုလို ဖြစ်အောင်လုပ်လိုက်တာ။ ဒီအလုပ်ကလွဲပြီး တခြားအလုပ်မလုပ်တတ်ဘူးလားတဲ့ ကျွန်တော့်ကိုလာပြောတယ်။ ခင်များတခြားစီးပွားရေးလေး ဘာလေးလုပ်ပါလား ခင်များအနေအထားနဲ့တဲ့။ သူလာပြောနေတဲ့ကောင်ရဲ့ဘဝကဘာဖြစ်နေလဲဆိုတာသူမသိဘူး။ ကျွန်တော်အနေနဲ့လဲ သူ့ကိုရှင်းပြလို့မရဘူး။ အဲ့အချိန်ကျွန်တော့်လက် ထဲမှာ ပိုက်ဆံနှစ်သောင်းခွဲပဲရှိတယ်။ ကျွန်တော်မနက်ဖန်ဘာစားရမလဲ မိဘကို ဘာကျွေးရမလဲဆိုတာတောင် ကျွန်တော်မသိဘူး။

အဲ့တာကို သူကကျွန်တော့်ကို စီးပွားရေးလာလုပ်ခိုင်းနေတယ်။ အခုချိန်ထိလဲ သူ့ကို Block တွေဘာတွေမလုပ်ပါ ဘူး ကျွန်တော်ထားထားတယ်။ အဲ့တော့ကျွန်တော်တွေးလိုက်တယ် ငါသီချင်းမဆို ရင် ငါသုံးလို့မရတော့ဘူးလား အသုံးမဝင်တော့ဘူးလားပေါ့။ သီချင်းဆိုတာရယ် အနုပညာရယ်မဟုတ်တဲ့ တခြားငွေစီးကြောင်းတစ်ခုကို ကျွန်တော်အဲ့နေ့ကစပြီး ကျွန်တော့်ဘဝထဲမှာရှိအောင် ကျွန်တော်အပင်ပန်းခံပြီးလုပ်တယ်။ တစ်နှစ် လောက်အချိန်ယူလိုက်ရတယ်။ ကျွန်တော် သီချင်းဆိုစရာမလိုပဲနဲ့ ပိုက်ဆံရမယ့် ဟာတစ်ခုကို ကျွန်တော်လုပ်လိုက်တယ်။ ပြီးတော့ ကျွန်တော်ပြန်ရုံးထတယ် အခု လို အလုပ်လေးတွေပြန်ရတော့လဲ အဆင်ပြေသွားတာပေါ့ ဆိုပြီး ရင်ဖွင့်ခဲ့တာဖြစ် ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။