သူနဲ့ရဲရင့်အောင်ရဲ့ပက်သက်မှုနဲ့ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ဖြေရှင်းခဲ့တဲ့ဧငြိမ်းဖြူ

Celebrity Local News
သူနဲ့ရဲရင့်အောင်ရဲ့ပက်သက်မှုနဲ့ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ဖြေရှင်းခဲ့တဲ့ဧငြိမ်းဖြူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူနဲ့ရဲရင့်အောင်ရဲ့ပက်သက်မှုနဲ့ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ဖြေရှင်းခဲ့တဲ့ ဧငြိမ်းဖြူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူနဲ့ရဲရင့်အောင်ရဲ့ပက်သက်မှုနဲ့ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ဖြေရှင်းခဲ့တဲ့
ဧငြိမ်းဖြူ

ပရိသတ်ကြီးရေ အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် သရုပ်ဆောင်မလေး ဧငြိမ်ဖြူတို့ကတော့ ပရိသတ်တွေကပါ Idol Couple လို့ သတ်မှတ်ခဲ့ရပြီး အားကျခဲ့ရတဲ့အခိ လိုက်ဖက်တဲ့ စုံတွဲလေးတစ်တွဲဖြစ်ခဲ့တာ နှစ်အတော်လေးကို ကြာခဲ့ပါတယ်နော်။ လတ်တလောမှာတော့ သူ့တို့ နှစ်ယောက် ရဲ့ လမ်းခွဲပြတ်ဆဲမှုကလည်း ပရိသတ်တွေကြားမှာ တော်တော် လေးအံ့ဩစရာတစ်ခုဖြစ်နေခဲ့ပါတယ်။

သူတို့စုံတွဲရဲ့တွဲဖက်မှုကို သဘောကျ အားကျကြတဲ့ ပရိသတ် တွေကတော့ ဒီစုံတွဲလေးရဲ့ ပြတ်ဆဲလမ်းခွဲတဲ့ သတင်းလေးကို ကြားပြီး ပုံမှန်လိုပဲ စိတ်ဆိုးစိတ်ကောက်ကြတာဖြစ်ပါစေလို့ ဆုတောင်းနေခဲ့ကြပေတဲ့ သူတို့ရဲ့လမ်းခွဲခြင်းကတော့ တကယ်ကို အတည်ဖြစ်ခဲ့ပါတယ်။ အခုလို လမ်းခွဲကြတဲ့ အပေါ်မှာလည်း ချစ်ကြတဲ့ ပရိသတ်တွေကတော့ ဂရုဏာ ဒေါသနဲ့ တစ်ဖက်စီကနေ ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ဧငြိမ်းဖြူကတော့ အခုလို သူတို့နှစ်ယောက်အပေါ် ဝေဖန်မှု တွေ ကောလဟာလတွေနဲ့ပတ်သက်လို့ မနေ့ကညကတော့ သူ ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့နှစ်ဦးသား သဘောတူညီစွာနဲ့ လမ်းခွဲခဲ့တာ ကြာပြီဖြစ်ကြောင်းနဲ့ နှစ် ယောက်စလုံးကိုယ့် ဘဝနဲ့ကိုယ် အေးဆေးဖြစ်နေကြပြီးမို့ စိတ်မပူကြပါနဲ့လို့ကောလဟာလတွေကို ဖြေရှင်းလာခဲ့ပါ တယ်။ ပရိသတ်ကြီးရေ ကာယကံရှင်တွေလည်း အေးဆေး လမ်းခွဲခဲ့တာမို့ ပရိသတ်တွေကလည်း အေးဆေးလေးပဲနေ ပေးပြီး လက်ခံပေးလိုက်ကြပါနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။