မိကျောင်းကိုက်ခံရပေမဲ့ ဖြတ်ထိုးဉာဏ်ကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ၁၀ နှစ်သမီး

International News
မိကျောင်းကိုက်ခံရပေမဲ့ ဖြတ်ထိုးဉာဏ်ကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ၁၀ နှစ်သမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိကျောင်းကိုက်ခံရပေမဲ့ ဖြတ်ထိုးဉာဏ်ကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ၁၀ နှစ်သမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိကျောင်းကိုက်ခံရပေမဲ့ ဖြတ်ထိုးဉာဏ်ကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ၁၀ နှစ်သမီး

၁၀ နှစ်အရွယ် မိန်းကလေးငယ် ဂျူလီယာနာက ရေကန်ထဲမှာ ရေကူးနေတုန်း မိကျောင်း ကိုက်ခံရတယ်။ မိကျောင်းက သူ့ခြေထောက်တစ်ဖက်ကို ကိုက်ထားချိန်မှာ ဂျူလီယာနာက သူ့ကို လွှတ်ပေးအောင် မိကျောင်းခေါင်းကို လက်နဲ့ရိုက်တယ်။ ဒါပေမဲ့ မိကျောင်းက လွှတ်မပေးဘူး။ မိကျောင်းက ၉ ပေအရှည်လောက် ရှိတယ်။

အဲဒီအချိန်မှာ ဂျူလီယာနာက Gatorland ( မိကျောင်းဥယျာဉ်) ကို သွားလည်တုန်းက မိကျောင်းကိုက်တဲ့အခါ ဘယ်လို တုံ့ပြန်ရမလဲဆိုတဲ့ သရုပ်ပြကွက်ကို သတိရသွားတယ်။ သူက မိကျောင်း နှာခေါင်းပေါက်ထဲ လက်ထိုးသွင်းလိုက်တယ်။ အဲဒီအခါ မိကျောင်းက အသက်ရှူဖို့ ပါးစပ်ဟရတော့တာပေါ့။ ဂျူလီယာနာရဲ့ ခြေထောက်ကို လွှတ်ပေးရတယ်။

ဒီဖြစ်ရပ်ကတော့ ၂၀၁၇ ခုနှစ်၊ မေလက အော်လန်ဒိုမြို့မှာ ဖြစ်ပွားခဲ့တာပါ။ ဒီသတင်း ထွက်ပေါ်လာချိန်မှာ လူတွေက ဂျူလီယာနာရဲ့ ဖြတ်ထိုးဉာဏ်ကို ချီးကျူးခဲ့ကြပြီး ဖြတ်ထိုးဉာဏ်ကောင်းလို့ အသက်ရှင်ခဲ့တာဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။