ဝမ်းဗိုက်မှာ အသည်းနှလုံးပုံအမှတ်နဲ့ မွေးဖွားလာခဲ့တဲ့ ဖေဖော်ဝါရီဖွားကလေးလေး

International News

ဝမ်းဗိုက်မှာ အသည်းနှလုံးပုံအမှတ်နဲ့ မွေးဖွားလာခဲ့တဲ့ ဖေဖော်ဝါရီဖွားကလေးလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝမ်းဗိုက်မှာ အသည်းနှလုံးပုံအမှတ်နဲ့ မွေးဖွားလာခဲ့တဲ့ ဖေဖော်ဝါရီဖွားကလေးလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝမ်းဗိုက်မှာ အသည်းနှလုံးပုံအမှတ်နဲ့ မွေးဖွားလာခဲ့တဲ့ ဖေဖော်ဝါရီဖွားကလေးလေး

စုံတွဲတစ်တွဲရဲ့ ကလေးလေးဟာ ဖေဖော်ဝါရီလဖွားဖြစ်တဲ့အပြင် အသည်းနှလုံးပုံမွေးရာပါအမှတ်နဲ့လည်း မွေးဖွားလာခဲ့တာပါ။ ဂျော်ဂျီယာ ဝီလ်ချ်အမည်ရတဲ့ အဲဒီကလေးလေးရဲ့ဝမ်းဗိုက်ဘယ်ဖက်ခြမ်းမှာ အသည်းနှလုံးပုံအမှတ်ပါလာခဲ့တဲ့အတွက် ဆရာဝန်တွေလည်း အံ့အားသင့်ခဲ့ရတာပါ။ သူ့ရဲ့အမှတ်က သားဖွားဆရာဝန်တွေနဲ့သူနာပြုတွေကြား ပြောစမှတ်ပြုသွားခဲ့တာပါ။

သားဖွားဆရာဝန်တွေကတော့ ဂျော်ဂျီယာရဲ့မိဘတွေဖြစ်တဲ့ ဂျိုးနဲ့ ဂျေးတို့ကို အဲဒီအသည်းနှလုံးပုံအမှတ်အသားက ကလေးကြီးလာတာနဲ့အမျှ ပျောက်ကွယ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဂျော်ဂျီယာရဲ့မွေးရာပါအမှတ်က မှေးမှိန်သွားမယ်လို့ ဆရာဝန်တွေ ထင်ခဲ့သလိုမျိုးမဟုတ်ဘဲ (၁) နှစ်မပြည့်ခင် ပိုပြီးကြီးလာပြီး သိသာထင်ရှားစွာ မြင်တွေ့နေရတုန်းပါပဲ။

ဂျော်ဂျီယာက မွေးရမယ့်ရက်ထက် ၃ ရက်စောပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးခါစတုန်းက အနီရောင်အမှတ်က သေးသေးလေးပေမဲ့ ပုံစံကျတဲ့အသည်းနှလုံးပုံပါပဲ။ အဲဒီကတည်းက အနီရောင်အသည်းနှလုံးပုံအမှတ်က ဆက်လက်ကြီးလာခဲ့တာပါ။ ဒီအမှတ်က ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိပါဘူး။ အခုဆို မိခင်ဖြစ်သူ ဂျေးက သူ့သမီးလေးရဲ့မွေးရာပါအမှတ်လိုမျိုး အသည်းနှလုံးပုံတက်တူးထိုးဖို့ အစီအစဉ်ရှိနေပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။