နိုင်ငံခြားမှာ ကားလိုင်စင်ရဖို့ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ ဒေါက်တာမြဝတ်ရည်

Celebrity Local News
နိုင်ငံခြားမှာ ကားလိုင်စင်ရဖို့ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ ဒေါက်တာမြဝတ်ရည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိုင်ငံခြားမှာ ကားလိုင်စင်ရဖို့ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ ဒေါက်တာမြဝတ်ရည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိုင်ငံခြားမှာ ကားလိုင်စင်ရဖို့ ခက်ခက်ခဲခဲကြိုးစားနေရတဲ့ ဒေါက်တာမြဝတ်ရည်

ဘဝကို အစက ပြန်စရတဲ့အထဲမှာ Driving Licence လည်း အစကနေ ပြန်ယူရတာ ပါတယ် တစ်ခု ကံကောင်းတာ oversea licence ရှိထားပြီးသူတွေက licence transfer လုပ်လို့ရတာပါပဲ Theory နဲ့ practical driving tests တွေတော့ ပြန်ဖြေရမှာပေါ့နော်
မနေ့က Road quiz tests( Theory) သွားဖြေခဲ့ပါတယ်

ပထမတစ်ရက် ဖြေတုန်းက ID documents တွေ မစုံသေးလို့ မဖြေခဲ့ရဘူး
(ဒီမှာက မြန်မာတုန်းကလို မှတ်ပုံတင်တစ်ခုတည်းနဲ့ ID ပြလို့ရတာမျိုး မဟုတ်တော့ ID documents က ၅/၆ ခု ပြမှ ရတယ်)

ဖြေဖို့ စာရင်းသွင်းဖို့ Token ယူ စောင့်နေတုန်း မှတ်တမ်းတင် selfie ဆွဲ
ဖြေပြီး အမှတ်ပြည့်နဲ့အောင်ပြီးလို့ practical driving test အတွက် စာရင်းသွင်းဖို့ Token ယူ စောင့်နေတုန်း selfie ဆွဲ

ပြန်အထွက်ကျမှ Theory အောင်ပြီး အထိမ်းအမှတ် မှတ်တမ်းတင် (Practical မောင်းတာ ဖြေရဦးမှာပါ WA က driving test pass rate က 30-40% ပဲ ရှိပါတယ် အောင်ချက်နည်းတာမို့ ဘယ်နှကြိမ် ဖြေရမယ် မသိသေးပါဘူး just စာတွေ့ပဲ အောင်သေးတာပါ )

အသက် ၄၀ ကျော်မှ ဘဝ ပြန်စရပေမယ့် ဦးနှောက်က လုပ်နိုင်သေးတယ် ကလေးနေမကောင်းရင်းတစ်ဖက် ကိုယ်တိုင်နေမကောင်းရင်းတစ်ဖက်နဲ့ စာဖတ် သွားဖြေရတာမို့
(text book ရော sample quiz တွေရော ကလေးနေမကောင်းလို့ အိပ်နေချိန် ၂ ရက်နဲ့ အပြီးဖတ် ဖြေခဲ့တာ သူ နေကောင်းနေတုန်းက သူနဲ့အတူ လိုက်ဆော့ရ အိမ်အလုပ် အိမ်ရှာရလို့ အပြင်တောက်လျှောက်ထွက်နေရလို့ စာဖတ်ချိန် လုံးဝမရခဲ့လို့)

ဆရာဝန်ပြန်လုပ်ချင်ရင်လည်း အစကနေ စာမေးပွဲတွေပြန်ဖြေရဦးမှာမို့
Fighting MWY
You are doing great.
Good Gooder Goodest ပေါ့နော်

Edited- learner’s permit ပေးမယ်မှတ်လို့ ဓာတ်ပုံရိုက်မယ်ထင်ပြီး အလှပြင်သွားတာ သူတို့ မရိုက်လို့ ကိုယ့်ဘာသာကိုယ်ရိုက်ခဲ့တာ ကလေးမွေးပြီးကတည်းကဆို ပထမဆုံးရိုက်ဖြစ်တဲ့ selfie ပါ ” ဆိုပြီးသူမရဲ့အတွေ့အကြုံကိုဝေမျှပေးခဲ့ပါတယ်။

ရေးသားသူ –Dr. Mya Wut Yee

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။