ရည်းစားဟောင်းဘက်က ကိုယ့်အပေါ်မှာ စိတ်ခံစားချက်တွေ ကျန်နေသေးလား?

Astrology
ရည်းစားဟောင်းဘက်က ကိုယ့်အပေါ်မှာ စိတ်ခံစားချက်တွေ ကျန်နေသေးလား?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရည်းစားဟောင်းဘက်က ကိုယ့်အပေါ်မှာ စိတ်ခံစားချက်တွေ ကျန်နေသေးလား? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရည်းစားဟောင်းဘက်က ကိုယ့်အပေါ်မှာ စိတ်ခံစားချက်တွေ ကျန်နေသေးလား?

သေချာအာရုံပြုပြီး ပုံတပုံရွေးချယ်ပြီး ပုံနံပါတ်အတိုင်းဖတ်ကြည့်လိုက်ပါ

Pile 1

Pile 2

Pile 3

 

 

 

Pile 1

တဖက်လူက ကိုယ့်အပေါ် ခံစားချက်တွေ ကျန်နေသေးလားဆိုရင် သ်ိပ်ကျန်တာပေါ့…ကိုယ်နဲ့ ပတ်သတ်ပြီး အဆင်မပြေခဲ့တဲ့ အနေအထားနဲ့ ပတ်သတ်ပြီးလဲ နောင်တတွေ တပုံကြီး ရနေတယ်…ပြန်လဲ အရမ်း လာချင်နေတယ်…အရင်လိုလဲ ချစ်ပေးချင်နေတယ်…ဒါပေမယ့် တဖက်လူက ချစ်တတ်လွန်းသူကြီးလို့ ပြောလို့ရတယ်…အချစ်တွေ များတဲ့ energy မျိုးပေါ့…ကိုယ့်အပြင် တခြားသူတွေရဲ့ energy တွေလဲ တွေ့ရတယ်…(အထူးသဖြင့် လိင်တူချစ်သူလေးတွေပေါ့)

ကိုယ်နဲ့ deal လုပ်နေစဉ်မှာတင် တခြားသူတွေကြောင့် ပြသနာ ဖြစ်ခဲ့ရတာမျိုး ရှိတတ်သလို အဲ့လို မဟုတ်ခဲ့ရင်တောင် လက်ရှိအချိန်မှာ သူ့ရဲ့ စိတ်က ကိုယ့်တယောက်ထဲဆီမှာ မဟုတ်ဘဲ ခွဲဝေပေးထားရတာမျိုးပေါ့…ကိုယ့်ကိုယ်လဲ ကိုယ့်အလျောက် မမေ့နိုင်ဘူး…

တခြား တယောက်ဆိုလဲ တခြား တယောက်မို့လို့ ရွေးချယ်ချင်နေတယ်…
တဖက်က မိဘဆိုလဲ မိဘ မို့လို့ လုံးဝ မပယ်ရှားချင်ဘူး…
အဲ့တော့ သူ့စိတ်က ကိုယ့်မှာ ရှိနေသေးပေမယ့်100% ကိုယ်မှကိုယ် ရာနှုန်းပြည့် ဖြစ်ဖို့ကတော့ အချိန်ယူပြီး သူ့စိတ်သူ သေချာ ဆုံးဖြတ်ချက်ချနိုင်ဖို့တော့ လိုသေးတာပေါ့နော်…

ကိုယ်မှ ကိုယ်လဲ မဟုတ်နေသလို တခြားသူအပေါ်လဲ 100% စိတ်မရှိနေဘူး…
ကိုယ့်အပေါ် လုံးဝ စိတ်မရှိတော့ဘူးဆိုတာထက် ကိုယ့်အပေါ် မေတ္တာရှိနေသေးတယ်…ကိုယ့်အပေါ် ပြန်ပြီး ဂရုစိုက်ပေးချင်နေသေးတယ်ဆိုတာနဲ့တင် ကြည်နူးမယ်ဆိုလဲ ကြည်နူးလို့တော့ ရတာပါပဲ

Pile 2

တဖက်လူက ကိုယ့်အပေါ် စိတ်ရှိနေသေးလားဆိုရင် ရှိတော့ ရှိနေသေးတယ်…but
emotional love ဆိုတာထက် physically ပိုင်း ပိုတဲ့ passion လေးတွေ ပိုတွေ့ရတယ်…ကိုယ်နဲ့ တုန်းက ရခဲ့တဲ့ ရင်ခုန်မှုလေးတွေ skinship နဲ့ အထိအတွေ့လေးတွေကို ပိုပြီးတော့ စိတ်ထဲ ရှိနေတတ်တယ်…တဖက်လူက လက်ရှိမှာ ချစ်သူ ရှိနေတာမျိုးတို့ deal လုပ်နေတဲ့သူ ရှိနေတာမျိုးတို့လဲ ဖြစ်တတ်သေးတာပေါ့…

သူ့ဘက်က အရမ်းကြီး 100% ရိုးသားပြီး ဟန်ဆောင်မှု ကင်းတဲ့ energy မျိုးတော့ မရှိနေသေးဘူး…ကိုယ့်အပေါ် အဲ့လို စိတ်မျိုး ရှိနေသေးပေမယ့် ဘာမှ ခံစားချက် မရှိတော့သလိုလိုမျိုးလဲ ဟန်ဆောင်နေတတ်သေးတယ်…သူ့ဘက်က ကိုယ့်ကို ဆက်သွယ်ချင်တယ် စကားပြောချင်တယ်ဆိုတဲ့ စိတ်လေးတွေတော့ တွေ့ရတယ်…

ဒီ pile ရွေးတဲ့သူတွေက တဖက်လူ ကိုယ့်အပေါ် စိတ်ရှိသေးလား သိချင်နေပေမယ့် ကိုယ်ကိုယ်တိုင်ကကြ အရမ်း guard up လုပ်ထားတယ်…
ကိုယ့်ဘက်ကလဲ ပြန်ပြီး လက်မခံချင်သလိုလိုမျိုးပေါ့…

ပြန်လာရင်တောင် နိုးပါ လက်မခံတော့ဘူးဆိုတာမျိုးတွေ ပြောတာ ပြထားတာမျိုးလေးတွေ ရှိတတ်တော့ တဖက်လူကလဲ ရှိန်နေတာမျိုးလေးတွေ ရှိတတ်တယ်…
အဲ့အတွက် ကိုယ့်ဘက်က ပြန်လိုချင်ရင် နည်းနည်းတော့ မီးစိမ်းပြရမယ်…
တခုရှိတာက ပြန် deal လုပ်မယ်ဆိုရင် နှစ်ယောက်ကြားမှာ passion ရှိပေမယ့် emotional love အပိုင်းမှာတော့ လုံလုံလောက်လောက် သိပ်မကျန်တော့တာတော့ သတိချပ်ပြီး ကြိုးစားရပါလိမ့်မယ်

Pile 3

တဖက်လူက ကိုယ့်အပေါ် စိတ်ခံစားချက် ရှိနေသေးလားဆိုရင် ရှိနေသေးတယ်…but
သူ့ဘက်က ဒါကို တော်တော်လေးကို ကြိုးစားပြီး ဖြတ်ချနေတာမျိုး တွေ့ရတယ်…
ချစ်စိတ်အပြင် နာကျည်းစိတ်လေးတွေပါ ရောပီး တွေ့နေရတယ်…
နှစ်ယောက်ကြားက energy က တော်တော်လေး toxic ဖြစ်ခဲ့တာမျိုးလေး တွေ့ရတယ်…

attachment တွေ အနိုင်ယူလိုမှုတွေ အားပြိုင်တာတွေ အများကြီး ရှိတတ်တယ်…
နှစ်ယောက်ကြားမှာ အဆင်မပြေခဲ့တာကလဲ ရုတ်တရက်လိုမျိုးကို မိုးကြိုးပစ်လိုက်သလိူကို လျင်မြန် မြန်ဆန်လွန်းတယ်…

အဲ့အတွက် တကယ့် အဖြစ်မှန်လို့ လက်ခံဖို့တောင် ခက်ခဲနေတတ်တယ်…
တခြားသော pile တွေထက် ပိုပြီး နာကျင်ခဲ့ရတာတွေ များခဲ့ရတဲ့ energy မျိုးတွေ တွေ့ရတယ်…

အချစ်ကြီးခဲ့လို့ အမျက်ကြီးတယ်လို့လဲ ပြောလို့ရတယ်…
ဒီလို ဖြစ်ခဲ့ရတာကလဲ နှစ်ယောက်မှာ အတိတ်ဘဝက ပါလာတဲ့ ကံကြွေး Karmic debt လေးတွေ ကြောင့် ပြန်ပေးဆပ်ရဖို့ ဖြစ်တာကြောင့် ဘာမှ လုပ်လို့တော့ မရဘူး…
နှစ်ယောက် ကွဲကွာရတာက ဖြစ်ချိန်တန်လို့ကို ဖြစ်တာလို့ ပြောလို့ရတယ်…
သူ့ဘက်က လက်ရှိအချိန်မှာ သူ့ကို အလိုရှိသူတွေ များနေပေမယ့် ကိုယ်နဲ့ ပတ်သတ်ပြီးတဲ့ ခံစားချက်တွေကို မမေ့ဖျောက်နိုင်သေးဘူး…

ဒါပေမယ့် သူက မရရအောင်ကို ဖြတ်ချပြီး move on လုပ်ဖို့ ကြိုးစားနေတတ်တယ်…
အတင်းကို ပျော်စရာတွေ ရှာလုပ် ပျော်စရာတွေ ရှာတာပေါ့…
သူ့ဘက်က လက်ရှိအချိန်မှာ healing လုပ်ဖို့ အချိန်လိုနေတတ်တယ်…
တယောက်ထဲပဲ နေချင်တယ်…တယောက်ထဲပဲ ပေးနေပါ ဆိုတဲ့ vibe မျိုး…
တဖက်ဖက်က block သွားတာတွေ ghost သွားတာမျိုးတွေ ရှိတတ်တယ်…

(ဒီ pile ရွေးတဲ့သူတွေက အဆက်အသွယ်ပြတ်သွားတာ သိပ်မကြာသေးတာမျ်ိုး များတတ်တယ်…မဟုတ်ရင်လဲ နှစ်ယောက်ကြား စိတ်ခံစားချက်တွေက အရမ်း ပြင်းထန်တာမျိူးပေါ့)သူ့ဘက်က်ို အချိန်တခုပေးဖို့လိုပါတယ်…လက်ရှိမှာ သူ့ဟာသူ တယောက်ထဲ နေချင်စိတ်တွေပဲ များနေတာကြောင့် ကိုယ့်ဘက်က စောင့်နေရုံပဲပေါ့နော်…

ကိုယ်နဲ့ ဆို ရေရှည် အဆင်ပြေနိုင် မပြေနိုင်ရယ် သူတယောက်ထဲပဲ အေးဆေးနေလိုက်ရတော့မလားဆိုတာ စဉ်းစားနေတတ်ပါတယ်နော်…နှစ်ယောက်ကြား ကံကြွေးလေးတွေ ကုန်အောင် ဆပ်ပြီးတဲ့ တနေ့တော့ အသစ်က ပြန်စနိုင်ဖိူ့ chance လေးတွေ ရကြဦးမှာပါ…အဓ်ိကက တော့ တကယ်ချစ်တယ်ဆိုရင် နှစ်ယောက်လုံး လျော့သင့်တာ လျှော့ပေးဖို့တော့ လိုတာပေါ့

ရေးသားသူ –The Phoenix Sun Tarot

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။