တနင်္ဂနွေဂြိုဟ်နှင့် စိတ်ကြီးတတ်သော ကလေးသူငယ်များ

Astrology
တနင်္ဂနွေဂြိုဟ်နှင့် စိတ်ကြီးတတ်သော ကလေးသူငယ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တနင်္ဂနွေဂြိုဟ်နှင့် စိတ်ကြီးတတ်သော ကလေးသူငယ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တနင်္ဂနွေဂြိုဟ်နှင့် စိတ်ကြီးတတ်သော ကလေးသူငယ်များ

တနင်္ဂနွေဂြိုဟ်ဟာ လူသားတွေရဲ့ ပင်ကိုယ်စိတ်အားသတ္တိ အပေါ်မှာ အပြည့်အ၀ လွှမ်းမိုးပါတယ် ။ ဒါကြောင့် ကလေးငယ်တစ်ယောက်ရဲ့ မူလဇာတာမှာ တနင်္ဂနွေရပ်တည်ပုံအနေအထား အလိုက် ကလေးငယ်ရဲ့ စိတ်အားသတ္တိ ကြီးမားမှု သို့မဟုတ် သိမ်ငယ်မှု ၊ ကြံ့ခိုင်မှုသို့မဟုတ် ပျော့ညံ့မှု စတာတွေကို ဖော်ပြပေးနေတတ်ပါတယ် ။

တနင်္ဂနွေဂြိုဟ်ရဲ့ အနေအထားကို ဗေဒင်လက္ခဏာ ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်နိုင်ပြီး ယင်းအချက်များထဲကနေမှ……

ရင်သွေးမိဘများ အားလုံးအတွက် အလွယ်တစ်ကူ သိနိုင်မယ့် နည်းလမ်းလေးတစ်ခုကတော့ …..ရင်သွေးရဲ့အမည်အဖျားစာလုံး (ဝါ) အဆုံးစာလုံး နေရာမှာ တနင်္ဂနွေနံ ဖြစ်သည့် (အ ၊ဥ) ဖြင့် မှည့်ခေါ်ထားခြင်းပဲ ဖြစ်ပါတယ် ။

ယျေဘုယျအားဖြင့် ကလေးတစ်ယောက်ရဲ့အမည်အဆုံးမှာ ယင်းကဲ့သို့ တနင်္ဂနွေနံသင့် အက္ခရာတစ်စုံတစ်ရာနဲ့ မှည့်ခေါ်ထားခြင်းသည်.ကလေးငယ်ရဲ့ ဘ၀မှာ တနင်္ဂနွေဂြိုဟ်ရဲ့လွှမ်းမိုးမှုကို အထူးခံစားရမယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်တယ်ဆိုတာ ရင်သွေးမိဘတွေအနေနဲ့ သိရှိထားကြရပါမယ် ။

ဥပမာအားဖြင့် ….အောင်မြတ်ဦး ၊ မေသူဇာအေး ၊ ချစ်မြတ်နိုးအိမ် ၊ ရှင်းထက်အံ့…စသည်ဖြင့်သော ရင်သွေးအမည်ရှင်တွေဟာ တနင်္ဂနွေဂြိုဟ်လွှမ်းမိုးထားသော အမည်ရှင်မျိုးလေးတွေပါပဲ ။

ဗဟုသုတအနေနဲ့ ထပ်ပြောရရင် တနင်္ဂနွေဂြိုဟ်ဟူသည်မှာ …နေမင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ နေ ဆိုတာ အရှိန်အငြီးငြီးတောက်လောင်နေသော တေဇောဓါတ် မီးလုံးကြီးတစ်ခုလို့ ဆိုနိုင်ပါတယ် ။

ဒါကြောင့် အဆိုပါကဲ့သို့ အမည်ရှင်ရင်သွေးငယ်တွေဟာ …..အပူအားကြီးတတ်ကြပါတယ် ။ ရုပ်ပိုင်းခန္ဓာပေါ်မှာ အပူဖု အပူနာတွေ ပေါက်လွယ်သလွယ်…၊ စိတ်ပိုင်းဆိုင်ရာအရလည်း သူတို့ရဲ့ စိတ်သဘာဝတွေကလည်း ပြင်းထန်တတ်ကြပါတယ် ။

ထိုသို့သော အမည်ရှင်ကလေးငယ်တွေဟာ စိတ်ကြီးတတ်ကြပြီး ၊ တစ်ကိုယ်ရေ သီးသန့်ဆန်သော သဘာ၀စရိုက်လည်း မြင့်မားတတ်ကြပါတယ် ။

ဒီအမည်ရှင်ကလေးမျိုးတွေရဲ့ အားသာချက်ကတော့…..

လူကြီးသူမများ ( ၄င်းတို့လေးစားကြည်ညိုသူများအပေါ်) အထူးအရိုအသေပေးတတ်ခြင်း ၊ ဘာသာရေး နှင့် ထုံးတမ်းစဉ်လာများကို အလေးထားတတ်ခြင်း ၊ စည်းကမ်းလိုက်နာတတ်ခြင်း ၊ ကိုယ့်စည်းကိုယ့်ကမ်း ကိုယ်ပိုင်သတ်မှတ်ချက်များဖြင့် နေထိုင်တတ်ခြင်း ၊ မူလဇာတာတွင် တနင်္ဂနွေဂြိုဟ်အနေအထား ကောင်းမွန်ပါက ဘ၀တွင်အောင်မြင်မှုများ ၊ ဆုများ ၊ ဂုဏ်ပြုခံရခြင်းများ များစွာ ကြုံတွေ့ရတတ်ခြင်း ၊ အကြီးအမှုး ဘ၀ဖြင့်သာ ဘ၀ရပ်တည်ရတတ်ခြင်း ၊ သူတစ်ပါးကို အားမကိုး မမှီခိုဘဲ …ကိုယ်ထူကိုယ်ထ စွမ်းရည်မြင့်မားတတ်ခြင်း …စသည်ဖြင့် များစွာသော ကောင်းကျိုးအားသာချက်တွေ ရှိတတ်ပါတယ် ။

အဲ…….
အားနဲချက်ကတော့ ..တစ်ခါတစ်ရံမှာ အတ္တဆန်သကဲ့သို့ တစ်ဘို့ထဲသမားမျိုး ဖြစ်နေတတ်ခြင်း ၊ သူတစ်ပါးတို့နှင့် လိုက်လျောညီထွေဖြစ်ရန် ခက်ခဲစေတတ်ခြင်း ၊ သံမဏိစည်းကမ်းများကို လက်ကိုင်ထားသူမျိုးဖြစ်တတ်သဖြင့် ၄င်းတို့ကို ဇလိုက်ဇရောနေထိုင်တတ်ရန် သွန်သင်ဆုံးမရာတွင် ခက်ခဲစေတတ်ခြင်း ၊ တစ်ခါတစ်ရံ အလွန်ခေါင်းမာတတ်ခြင်း ၊ မွေးချင်းအငယ်များနှင့် မသင့်မြတ်တတ်ခြင်း…၊
မူလဇာတာတွင် တနင်္ဂနွေအနေအထား အားနဲနိမ့်ကျခဲ့ပါမူ…ယင်းသို့သော အမည်ရှင်ကလေးငယ်တို့မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ များစေတတ်ခြင်း ၊ လက်စားချေလိုသော စိတ်အတေးအမှတ်များ ပိုင်ဆိုင်လာတတ်ခြင်း ၊ ဗိုလ်ကျတတ်ခြင်း ၊ စိတ်ရောဂါနှင့် စိတ်ပိုင်းဆိုင်ရာအားနဲချက်များ ဖြစ်ပေါ်လာတတ်ခြင်း ၊ အလွန်စိတ်ကြီးစွာဖြင့် မိမိကိုယ်ကို ဒုက္ခပေးမိစေတတ်ခြင်း စသည်ဖြင့် ..အားနဲချက်တွေ ဖြစ်လာစေတတ်ပါတယ် ။
( အထက်ပါအချက်တွေဟာ မသိထားလို့ လုံး၀မဖြစ်သော ရင်သွေးမိဘများအတွက် အလေးမူရမယ့် အချက်တွေပါပဲ ။ )

ဥပမာအားဖြင့် မဟာဘုတ်ဗေဒင်ရှုထောင့်မှာ ဆိုရင်ပြီးခဲ့သော နှစ်တစ်နှစ်ဖြစ်သည့် ၁၃၇၇ခုနှစ် မှာ မွေးဖွားလာခဲ့သော ကလေးသူငယ်များကို ယင်းကဲ့သို့ အမည်အဖျားစာလုံး တနင်္ဂနွေနံ ရွေးခြယ်မှည့်ခေါ်မယ်ဆို အထူးသတိထားရမယ့် အခြေအနေတစ်ရပ်ဖြစ်လာပါတယ် ။

တစ်လောတုန်းကကိုပဲ….ဒီအသင်းထဲမှာပဲ …ရင်သွေးမိဘတစ်ဦး …သူ့ကလေးငယ် တနင်္လာနေ့ဖွားလေးကို….နာမည်ကို (၂+၁) အတွဲ မှည့်ထားပါတယ် ။ ကောင်းပါသလား ဆိုပြီး မေးလာတာတွေ့ခဲ့တာကြောင့်….၊ လုံး၀မမှည့်သင့်ပါ ။ ချက်ချင်းပြောင်းနိုင်အောင် ကြိုးစားပါလို့သာ အကြံပေးလိုက်ရပါတယ် ။
အမှန်ကတော့ သေချာနားလည်သည်အထိ ကျွန်တော်ရှင်းပြပေးရမှာပါ ။ သို့သော် အချိန်မသင့်တာကြောင့် သတိပေးရုံသာပေးလိုက်ရပါတယ် ။

တစ်ကယ်လည်း ထိုသို့အမည်ပေးမှည့်ခေါ်ခြင်းသည် ဆိုင်ရာကလေးငယ်အတွက် အလွန်အန္တရာယ်ကြီးစေသောအချက်ပါပဲ ။ အင်အားပြင်းထန်နေသော တနင်္ဂနွေသည် နာမည်အဖျားစာလုံးနေရာမှာ ကလေးငယ်ရဲ့ဘ၀ကို လွှမ်းမိုးလာပြီး ၊ မွေးနံ နဲ့ ဆန့်ကျင်တိုက်ခိုက်မှုပြုနေခြင်းဟာ (ပြင်းထန်သော မူလစိတ်သည် မိမိကိုယ်ကို ဒုက္ခပေးတတ်ခြင်းသဘာ၀) ကို ဖြစ်လာစေပြီး မဖြစ်သင့်သော suicide လုပ်ခြင်း သို့မဟုတ် suicide လုပ်ခြင်းဆန်ဆန် လုပ်ရပ်မျိုးတွေကို ကလေးငယ်မှာ ဖြစ်လာစေနိုင်တာကြောင့်ပါပဲ ။

ဆိုတော့ ထိုကလေးငယ် အမည်ရှင်မျိုးလေးတွေသည် ငယ်ငယ်ကတည်းက အလွန်အမင်းရွတ်ပြီး ခေါင်းမာခြင်း ၊ မိမိကိုယ် မိမိအနာခံပြီး ယုံကြည်ရာကို ခေါင်းမာစွာ စွဲကိုင်ထားတတ်ခြင်းလက္ခဏာလေးတွေ စတင်ပြလာမှာလည်းဖြစ်ပါတယ် ။ ဥပမာ ဒေါသထွက်လာတဲ့အခါ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြတာ ၊ ကိုယ့်ခေါင်းကိုယ် ထုပြတာ..စသည်ဖြင့် ကိုယ့်ကိုယ် အနာခံပြီးလုပ်ပြတဲ့ လက္ခဏာလေးတွေ စပြီး ပြလာမှာဖြစ်ပါတယ် ။
ဒါကြောင့် အမည်အဖျားစာလုံး တနင်္ဂနွေနံဖြင့်မှည့်တော့မယ်ဆိုရင် ကလေးရဲ့ မွေးနံ ၊ မွေးချိန် ၊ မွေးခုနှစ် အားလုံး…သေချာဆန်းစစ်ပြီးမှသာ သင့်လျော်တယ်ဆိုမှသာ မှည့်ကြဖို့ လိုအပ်ပါတယ်ခင်ဗျာ ။

ကလေးသူငယ်များ အတွက် ကောင်းသော စိတ်ဓါတ်အခြေခံကြီးမြင့်ခြင်းကိုသာ ဖြစ်စေပြီး မကောင်းသော စိတ်ကြီးခြင်း ၊ စိတ်မာန်ဆိုးဖြင့်အမှားပြုမိခြင်း ကင်းနိုင်ကြစေရန် ရည်သန်လျက် ဤသုတစာပေကို ရေးသားပေးအပ်ခဲ့ပါသည် ။

ရေးသားသူ –ကိုဖုန်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။