အလွယ်ကူဆုံးလာဘ်ဖွင့်နည်း

Astrology
အလွယ်ကူဆုံးလာဘ်ဖွင့်နည်း

တခါတလေမှာ မိမိက လိုင်းပေါ်မှာရှိတဲ့ ဗေဒင်ယတြာတွေ လိုက်လုပ်တယ် ဒါပေမဲ့လာဘ်မပွင့်ဘူး ….ခါတိုင်း မိမိလာဘ်ပိတ်တာနဲ့ မိမိရွတ်ဆိုပွားများနေကြ ဂါထာတွေလည်း ရွတ်ဆိုတယ် ….ဒါပေမဲ့လည်း လာဘ်မပွင့်ဘူး… တချို့ဆို လာဘ်ပွင့်ဆေးအဆီတွေသုံးတယ် …အဆောင်တွေဆောင်တယ် အမျိုးမျိုးပေါ့ .. ဒါပေမဲ့လည်း လာဘ်မပွင့်ဘူးဆိုတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရပြီဆိုရင် ….

မဇာအမြဲပြုလုပ်လေ့ရှိတဲ့ လာဘ်ပွင့်နည်းလေးကို ပြုလုပ်ကြည့်ပါ ….လာဘ်လာဘများ ပြန်လည်ပွင့်လန်းတာကို တွေ့ရလိမ့်မယ်နော် ….
မိမိအဆင်ပြေရာ နံနက်ပိုင်းအချိန်မှာ မြတ်စွာဘုရာရှင်ကိုယ်တော်မြတ်ကြီးကို ကန်တော့ပါ ။ပြီးနောက် သောက်တော်ရေတခွက် နှင့်အမွှေးတိုင် ၁တိုင်ကို ကပ်လှူပူဇော်ပါ ။ ပြီးနောက် သမ္ဗုဒ္ဓေ ဂါထာအား ၁၀၈လုံး ပုတီးဖြင့် ၃ပတ်တိတိပုတီးစိတ်ပြီး ဆုတောင်းပါ ။ အမြန်ဆုံးလာဘ်ပွင့်တာကို တွေ့မြင်ခံစားရပါလိမ့်မည် ။ အတော်များများ ကိစ်စတွေမှာ ဘာယတြာဘာမှ မတိုးတော့ဘူးဆိုရင်လဲ ပြုလုပ်ကြည့်ပါ အဆင်ပြေလာပါလိမ့်မယ်နော် ….

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စသတ သဟဿာနိ၊
နမာမိ သိရသာ မဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗူတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနာဿန္တု အသေသတော။

ဖတ်ရှု့လေ့လာကြသူများ အားလုံးကိုလည်း… အစဉ်အမြဲ…ကျေးဇူးအထူးတင်ရှိပါသည်…

ရေးသားသူ –ဇာဇာဗေဒင်ယတြာများ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။