သရက်သီးနှင့်ကျန်းမာရေး

Health Knowledge
သရက်သီးနှင့်ကျန်းမာရေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သရက်သီးနှင့်ကျန်းမာရေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သရက်သီးနှင့်ကျန်းမာရေး

သရက်သီးသည် ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ကလေး/လူကြီးမရွေး နှစ်ခြိုက်စွာ စားသုံးလေ့ရှိသော အသီးတစ်မျိုးဖြစ်သည်။သရက်သီးကို ပုံမှန်စားသုံးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများ အောက်ပါအတိုင်း ဖြစ်ပါသည်။

အသားအရေ လှပစေခြင်း

အမြင်အာရုံ ကောင်းစေခြင်း

ဝမ်းမှန်စေခြင်း

အယ်ကာလိုင်းဓာတ် ရစေခြင်း

ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း၊

သွေးတွင်းအဆီဓာတ်ကျစေခြင်း

ခုခံအားစနစ်ကို တက်စေခြင်း

ဆီးချိုရောဂါဝေဒနာရှင်များ စားသင့်/မသင့်

အခြေခံသဘောတရားအရ ဆီးချိုဖြစ်လျှင် ချိုသောသစ်သီးများကို ရှောင်ပြီး ချဉ်သည့်သစ်သီးများကိုသာ စားရမည်ဖြစ်သည်။ သရက်သီးကိုကြည့်လျှင် နုစဉ်ဘဝ (ဥပမာ-သရက်ကင်း) တွင် ချဉ်ပြီး ရင့်မှည့်လာသည်နှင့်အမျှ အချဉ်ဓာတ် တဖြည်းဖြည်းလျော့လာကာ မှည့်လေချိုလေ ဖြစ်သည်။ ထို့ကြောင့် ဆီးချိုသမားများသည် သရက်ကင်းကဲ့သို့ မမှည့်သေးမီ ချဉ်သည့်အချိန်တွင် စားသုံးနိုင်ပါသည်။

စပြီးမှည့်ခါစ အသီးမျိုးကို တစ်နေ့လျှင် သရက်သီးတစ်လုံး၏ တစ်ဝက်ခန့်သာ စားသင့်ပြီး လုံးဝ မှည့်ဝင်းနေသော အသီးမျိုးကို ရှောင်ရန်လိုအပ်ပါသည်။

နာတာရှည် ကျောက်ကပ်ရောဂါသည်များ စားသင့်/မသင့်

အဓိကအနေဖြင့် လူနာ၏သွေးထဲတွင်ရှိသော ပိုတက်စီယမ်ပေါ် မူတည်ပါသည်။ လူနာ၏သွေးထဲတွင် ပိုတက်စီယမ်ပမာဏ များနေပါက သရက်သီးကို ရှောင်ရန်လိုအပ်ပြီး ပိုတက်စီယမ် သိပ်မများလျှင် အနည်းငယ်စားနိုင်ပါသည်။

သရက်သီး ၁၀၀ ဂရမ်တွင် ပိုတက်စီယမ် ၁၆၈ မီလီဂရမ် ပါဝင်သောကြောင့် အခြားသစ်သီးများထက် ပိုတက်စီယမ်ပါဝင်မှု နည်းသည်ဟု ပြောနိုင်ပါသည်။ ဥပမာ ငှက်ပျောသီးတွင် ပိုတက်စီယမ်ပါဝင်မှု၏ သုံးပုံတစ်ပုံခန့်သာ သရက်သီးတွင် ပါဝင်ပါသည်။

ရေးသားသူ –ဒေါက်တာခင်မောင်လွင် (FAME)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။