ရောက်ဆဲ အသက်နှင့် အချစ်ရေး ကံကြမ္မာ

Astrology
ရောက်ဆဲ အသက်နှင့် အချစ်ရေး ကံကြမ္မာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရောက်ဆဲ အသက်နှင့် အချစ်ရေး ကံကြမ္မာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရောက်ဆဲ အသက်နှင့် အချစ်ရေး ကံကြမ္မာ

ဤနှစ်ထဲမှာ အချစ်ရေး ပြေလည်မလား၊ ချစ်သူနဲ့ အဆင်ပြေမလား၊ ရည်ရွယ်ထားတဲ့ သူနဲ့ လက်ထပ် ဖြစ်မလား၊ ချစ်သူအသစ် တွေ့ဦးမလား၊ ချစ်သူနဲ့ ကွဲမလား ဆိုတာတွေ မသိချင်ဘူးလား။

အဲဒီလို နှလုံးသားရေးနဲ့ ပတ်သက်တဲ့ ပြဿနာလေးတွေ ကြိုတင် သိချင်သူတွေအတွက် သက်ရောက် ဟောကိန်းလေးတွေကို ပြောပြပါ့မယ်။

တစ်ခုတော့ ရှိတယ် လက်ဆန်းဗေဒင် နားလည်တဲ့ သူဆိုရင်တော့ ကိုယ် ဘယ်သက်ရောက်လဲ သိပေမဲ့ ဗေဒင်နဲ့ မရင်းနှီးရင်တော့ တွက်ပုံတွက်နည်း ပြောပြပါ့မယ်။

ကိုယ့်ရဲ့ အသက်နဲ့ မွေးနံသိဖို့တော့ လိုမှာပါ။ ဒါတွေ သိပြီးရင်တော့ သိချင်တာလေးတွေ ကြိုတင်ပြီး သိနိုင်ပါပြီ၊ တစ်ခု ပြောချင်တာက မိမိက ဒီနေ့ အသက်၂၀ တင်းတင်းပြည့်ပြီဆိုပါစို့ မနက်ဖြန်ဆို အသက် ၂၁ထဲရောက်ပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီတော့ အသက်၂၁နဲ့ တွက်ရမယ်ပေါ့။

သက်ရောက်ဂြိုလ် တွက်နည်း နှင့် သက်ရောက်ဂြိုလ်အလိုက် ဆောင်ရန် ရှောင်ရန် များ  - MYO TAW

တွက်ကြည့်ကြရအောင်

ပထမဦးစွာ သက်ရောက် ၈မျိုးကို အရင် သိရပါ့မယ်။ ဒါမှလဲ ဘယ်သက်ရောက်မှာ ဘာဖြစ်မယ် သိနိုင်ပါလိမ့်မယ်။

၁။ တနင်္ဂနွေ သက်ရောက်
၂။ တနင်္လာ သက်ရောက်
၃။အင်္ဂါ သက်ရောက်
၄။ဗုဒ္ဓဟူး သက်ရောက်
၅။ စနေ သက်ရောက်
၆။ကြာသပတေး သက်ရောက်
၇။ရာဟု သက်ရောက်
၈။သောကြာ သက်ရောက်

ဒုတိယ အနေနဲ့ကတော့ ကိုယ့်ရဲ့အသက်ကို သိထားပြီး ဖြစ်တဲ့အတိုင်း အဲဒီအသက်ကို တည်ပြီး (၈)နဲ့ စားရမယ်။ ရလာဒ်ကို သုံးစရာမလိုဘူး။ အကြွင်းကိုပဲ သုံးရမယ်။ တကယ်လို့ ၈နဲ့စားလို့ ပြတ်ရင် ၈ကြွင်းတယ်လို့ပဲ သတ်မှတ် ယူဆရမယ်။ ကိုယ့်အသက်ကို တည်ပြီး ၈နဲ့စားလို့ရတဲ့ အကြွင်း တန်ဖိုးအတိုင်း မိမိ မွေးနံကစပြီး ရေတွက်သွားရမယ်။

ရေတွက်သွားရမယ့် အကွက်တွေကို တစ်ကွက်ပြီး တစ်ကွက် ရေတွက်ရာမှာ နာရီလက်တံ ရစ်ပတ်တဲ့အတိုင်း လက်ယာရစ် ရစ်ပတ်သွားရမယ်။ အကြွင်း အရေအတွက် စေ့သွားတဲ့နေ့က မိမိရဲ့ သက်ရောက်ပါ။ သက်ရောက် ဟောကိန်းတွေ အကြောင်းကို ဖတ်ကြည့်ရင် ဒီနှစ်ထဲမှာ တွေ့ကြုံရမယ့် နှလုံးသားရေးရာ ကိစ္စလေးတွေကို သိရပါလိမ့်မယ်။

ဥပမာလေး တစ်ခုလောက် တွက်ကြည့်ရအောင်၊ အသက် ၂၀ – ရှိတဲ့ ကြာသပတေးသမီးအတွက် တွက်ကြည့်ရင် -၂၀- ကို ၈ – နဲ့စားရင် ၄ – ကြွင်းမယ်။ ကြာသပတေးသမီးကို အောက်မှာ ဖော်ပြထားတဲ့ အဌလဂ် ဂြိုဟ်ခွင်ပုံအတိုင်း ကြာသပတေးကနေ နာရီလက်တံအတိုင်း စရေရမယ်။

ဒါဆို ၄- ကွက်မြောက်တဲ့ အကွက်ဟာ တနင်္ဂနွေ မဟုတ်လား။ ဒါကြောင့် သူ့အတွက်က တနင်္ဂနွေ သက်ရောက် ဟောကိန်းတွေကို ကြည့်ရ ပါလိမ့်မယ်။

ဥပမာ နောက်တစ်ခု အသက်၂၇ နှစ်ရှိတဲ့ အင်္ဂါ သားသမီးဆို့ပါစို့။ ၂၇ကို ၈နဲ့စားတော့ ၃ကြွင်းတယ်။ အကြွင်းအတိုင်း အင်္ဂါကနေ အောက်ပါပုံအတိုင်း နာရီလက်တံပုံစံ စတင် ရေတွက်တော့ အင်္ဂါက တစ်၊ ဗုဒ္ဓဟူးက နှစ်၊ စနေက သုံးပါ။ အကြွင်းက ၃ဖြစ်တဲ့အတွက် စနေ သက်ရောက်ထဲမှာပါ။ ဒါကြောင့် စနေသက်ရောက် ဟောကိန်းလေးတွေ ဖတ်ကြည့်ပေါ့။ ကဲ သဘောပေါက်ပြီဆို ကိုယ့်ကိုယ်ကို တွက်ချက်ပြီး ဟောကိန်းတွေသာ ဖတ်ကြည့်ပေတော့။

တနင်္ဂနွေ သက်ရောက်

ဤနှစ်ထဲမှာ အချစ်ရေး ကံသိပ်မကောင်းပါဘူး၊ ကိုယ်က စွဲစွဲလမ်းလမ်း ချစ်နေပေမယ့် သူက ကိုယ့်အချစ်ကို ဂရုမစိုက်ဘူး၊ ကိုယ့်ရဲ့ အကောင်းဆုံး လုပ်ရပ်တွေဟာ သူ့အတွက် ပျော်ရွှင်စရာတခုလို ဖြစ်နေတက်ပါတယ်။ သူ့ကို ကိုယ်က ချစ်နေမှန်း စွဲလမ်းနေမှန်းလဲ သူသိတယ်။ ဒါပေမယ့် သူက ကိုယ့်ကို ချစ်ကြည့်လို့မရပဲ ဖြစ်နေတယ်။ သူငယ်ချင်းအဖြစ် ခင်တာထက် မပိုနိုင်ဘူး။ ကိုယ့်နဲ့ သူ့အကြားမှာ ထူးခြားတဲ့ သံယောဇဉ် ရှိမနေနိုင်ဘူး။ ဒါကလဲ အကြောင်း ရှိပါတယ်။ ကိုယ်က စွဲလမ်းနေတဲ့ သူ့မှာ သံယောဇဉ်ဘထားရမယ့် ရှိပြီးသား ဖြစ်နေလို့ပါ။ ဒါမှမဟုတ်လဲ စေ့စပ်ထားတဲ့လူ၊ လူကြီးချင်း သဘောတူထားတဲ့လူ ရှိနေလို့ပါ။ ဒါပေမယ့် အားမလျော့ပါနှင့်၊ မျှော်လင့်ခြင်းဆိုတာ သံယောဇဉ်သမားတွေရဲ့ ကျင့်ဝတ်တစ်ခုပဲ မဟုတ်လား။

တနင်္လာ သက်ရောက်

ကိုယ့်ရဲ့ လုပ်ဆောင်မှုလေးတွေဟာ အလိုလိုနေရင်း နာမည် ကျော်ကြားနေတတ်တယ်၊ ဒါကြောင့် ဤနှစ်ထဲမှာ စန်းပွင့်နေတဲ့ အတွက် နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး သောက ကင်းဝေးရမယ်၊ ချစ်သူနဲ့အတူ တွဲတွဲသွားသွား ရှိတာကြောင့် သာယာကြည်နူးရမယ်။ ချစ်သူဟာ ကိုယ့်အလိုကိုညလိုက်မယ်၊ ဒါပေမယ့် တစ်ခါ တစ်ခါ စိတ်ကောက်တတ်တယ်၊ အကြောင်းမရှိ အကြောင်းရှာပြီးဖြစ်စေ၊ အပြစ်မရှိညအပြစ်ရှာပြီးဖြစ်စေ၊ စိတ်ကောက်တာမျိုးပေါ့။

သတိ ထားစရာ တစ်ခုတော့ ရှိပါတယ်၊ ရေကန်နား မြစ်ကမ်း နံဘေးနားမှာတေ့ာ အတူသွားသွားပြီး မထိုင်ပါနဲ့၊ မမျှော်လင့်ပဲ အန္တရာယ် တစ်ခုခု တွေ့ကြုံရတတ်ပါတယ်။ ချစ်သူက ကိုယ့်ကို အဖိုးတန် လက်ဆောင်တွေ ပေးတတ်ပါတယ်။ အမှတ်တရ သိမ်းထားသင့်တဲ့ လက်ဆောင်တွေမို့ အဲဒီအတွက် ဝမ်းသာကြည်နူးရပါမယ်။ ဘာပဲပြောပြော တနင်္လာ သက်ရောက်နှစ်ဟာ နှလုံးသားရေးရာ ကံကောင်းတဲ့နှစ်ပါပဲ။

အင်္ဂါ သက်ရောက်

ကိုယ့်ကို မကြည်ဖြူတဲ့ မိန်းကလေး တစ်ချို့ကြောင့် (ညီမတို့အတွက် ဆိုရင် ယောင်္ကျားလေး တစ်ယောက်ယောက်ကြောင့်) အချစ်သောက ပွားရတတ်ပါတယ်။ ချစ်ခရီးရဲ့ညအနှောက်အယှက်တွေကို ဒီနှစ်ထဲမှာ ခဏခဏ တွေ့ရမယ်၊ အဲဒီ အနှောက်အယှက်တွေကြောင့် ချစ်သူက ကိုယ့်ကို အပြစ်မြင်မယ်၊ အပြစ်ထင်မယ်။ ဖြေရှင်းလို့မရတဲ့ ပြဿနာ တွေမို့ ကိုယ်က မှန်ရက်သားနဲ့ ရေငုံနှုတ်ပိတ် ဖြစ်နေရတတ်တယ်။
ကိုယ့်ရဲ့ တစ်ခြား ပြဿနာတွေကလည်း ချစ်သူအတွက် စိတ်မကြည်စရာတွေ ဖြစ်နေတတ်တယ်။ ဒီကြားထဲ အခြေအနေ အရပ်ရပ်က ချစ်သူရဲ့အလိုကို မဖြည့်စွမ်းနိုင်တာကြောင့် ပိုပြီး သောကပွားစရာလေးတွေ ဖြစ်လာရတယ်။ အဆုံးမှာတော့ သူနဲ့ကိုယ်ဟာ ချစ်ခရီးကို အတူ တွဲမလျှောက်နိုင်တော့ပဲ လမ်းခွဲရတတ်ပါတယ်။ ချစ်သူရဲ့ အမုန်းဒဏ်ကြောင့် ချစ်ဝေဒနာလေးတွေ ခံစားရရှိနိုင်ပါတယ်။

ဗုဒ္ဓဟူး သက်ရောက်

ဤနှစ်ထဲမှာ ချစ်ရမယ့်သူနဲ့ တွေ့ကြုံနိုင်ပါတယ်၊ သူဟာ ကိုယ့်ရဲ့ အရှေ့တောင်အရပ်က ဖြစ်ဖို့များပါတယ်။ ပြီးတော့ သူဟာ ကိုယ့်ကို သာယာချမ်းမြေ့မှု ပေးစွမ်းနိုင်မယ့်သူလို့လဲ ယူဆနိုင်ပါတယ်။ အထူးသဖြင့် သူဟာ အလှအပ ကြိုက်နှစ်သက်သူ ဖြစ်တတ်ပါတယ်၊ ဒါပေမယ့် စိတ်ကူးထက် လက်တွေ့ကို ကြိုက်နှစ်သက်သူ ဖြစ်တတ်ပါတယ်။ ချစ်သူရှိပြီးသား သူတွေအဖို့တော့ ဘာမှ ထူးထူးခြားခြား မရှိနိုင်ပါဘူး။ သာယာ ချမ်းမြေ့တဲ့အချစ် သက်တမ်း ကာလလေးပါ။

အဲတစ်ခုတော့ ရှိပါတယ်၊ တစ်ချိန်က ချစ်ခဲ့ဖူးသူ တစ်ယောက်ယောက် ရှိခဲ့ရင်တော့ သူရဲ့ စွမ်းဆောင်မှုကြောင့် သောက ပွားရတတ်ပါတယ်။ လက်ရှိချစ်သူက သဘောထားကြီးလို့ တော်သေးတာပေါ့။

စနေ သက်ရောက်

မိန်းကလေးတွေနဲ့ အစေးမကပ်တဲ့ နှစ်လို့ဆိုရင် မှားမယ် မထင်ပါဘူး၊ တစ်နည်းအားဖြင့် အချစ်ကို စိတ်မဝင်စားပဲ ဖြစ်နေတတ်ပါတယ်။ အချစ်ကို ခုံမင်သာယာမိတဲ့ စိတ်ထက် ငြီးငွေ့တဲ့စိတ်က ပိုများနေတတ်ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး စိတ်ကူး မယဉ်ချင်တော့တဲ့ သဘောပါ။

ဒါပေမယ့် မိန်းကလေးတွေနဲ့ ပတ်သက်တဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာကတော့ ကြုံနေရဦးမှာပါ။ သူများတွေရဲ့ညနှလုံးသားကိစ္စတွေ၊ ပြဿနာ ကိစ္စတွေကြားမှာ ကိုယ်က ဓားစာခံ ဖြစ်ဖြစ်နေတတ်ပါတယ်။ ကိုယ်က သံယောဇဉ် မကင်းနိုင်တဲ့ သူတွေကြောင့် ပိုပြီး စိတ်ညစ်ရမယ်၊ ဒါတွေကြောင့်လည်း အချစ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပိုပြီး စိတ်ကုန်လာတာပေါ့။

ကြာသပတေး သက်ရောက်

အချစ်နဲ့ ပတ်သက်ပြီး ပျော်စရာ အကောင်းဆုံး ကာလပါ။ ချစ်သူနဲ့ညစိတ်သဘောထားခြင်း တိုက်ဆိုင်ပြီး အပူအပင်မရှိ သာယာကြည်နူးရမယ်၊ ချစ်သူဟာ ကိုယ့်အလိုကို လိုက်မယ်၊ ကိုယ်လုပ်ဆောင်တဲ့ ကိစ္စတွေမှာ ပါဝင် ကူညီဆောင်ရွက်လေ့ရှိမယ်။ ချစ်သူထံကလဲ အဖိုးတန် လက်ဆောင်တွေရမယ်။ ချစ်သူ မဖြစ်သေးရင်လဲ ကိုယ်က စွဲလမ်းနေသူရဲ့ ခေါင်းညိတ် အဖြေစကားကို ကြားရမယ်။ ချစ်သူဟာ ကိုယ့်အလိုဆန္ဒကို လိုက်လျောလွန်းတာကြောင့် သတိတရားတော့ ရှိရမယ်။

ချစ်သူအပေါ် စောင့်ထိန်းရမယ့် သိက္ခာတရားကို စောင့်သိရမယ်၊ မဟုတ်ရင်တော့ ကျူးကျူးလွန်လွန်တွေ ဖြစ်ပြီး စိတ်ညစ်ရပါမယ်။ ကိုယ်က ထိန်းသိမ်းတာတောင်မှ တစ်ခြား မိန်းကလေးတွေရဲ့ အဖျက်စကားကြောင့် ဒုက္ခရောက်ရှိတတ်ပါတယ်။ ဒါတွေ သိထားဆင်ခြင်ရင်တော့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး ဘာမှ စိတ်သောက ပွားစရာမလိုပါဘူး။

ရာဟု သက်ရောက်

ချစ်သူဟာ ကိုယ်အပေါ်ကို မကောင်းမြင်နေလိမ့်မယ်၊ သံသယတွေ ဝင်နေတယ် ဆိုပါတော့၊ သူ့ဆီက မျှော်လင့်ချက် တစ်ခုခုကြောင့် ဟန်ဆောင်အချစ်နဲ့ ချစ်နေတယ်လို့ ထင်နေတယ်လေ။ ဒီတော့ သူက နာကျင်နေလိမ့်မယ်။ ကိုယ်က မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ လုပ်ဆောင်တာကြောင့်ပဲဖြစ်စေ၊ သူက မကြိုက်တာတွေ ကျူးလွန်လို့ပဲဖြစ်စေ၊ တစ်ယောက်နဲ့ညတစ်ယောက် ကတောက်ကဆဖြစ်ပြီး မုန်းကြရတတ်ပါတယ်။

ကိုယ်ကိုယ်နှိုက်ကလည်း တခြားညအဆင်မပြေစရာတွေ၊ စိတ်ညစ်စရာတွေ ကြုံနေရတာကြောင့် သူ့ရဲ့ ပြစ်တင်ပြောဆိုမှုကို မခံနိုင်ပဲ အတိုက်အခံတွေ ဖြစ်လာတတ်တယ်။ ဒီအတိုက်အခံတွေရဲ့ နောက်ဆုံး ရလဒ်ကတော့ သံယောဇဉ်ကြိုးလေး ဘပတ်တောက်သွားရခြင်းပါပဲ။ ချစ်သူဆီက အချစ်အဖြေကို တောင်းခံငံ့လင့်နေသူတွေညအတွက်တော့ ဒီနှစ်ထဲမှာ စိတ်ချမ်းသာရမယ့်အဖြေ မရရှိနိုင်ဘူး။ သူဟာ ကိုယ့်ရဲ့ စကားတွေကို မယုံမကြည် ဖြစ်နေသေးတယ်။ ပြီးတော့ ကိုယ့်ရဲ့ အားနည်းချက်ာတစ်ချို့ကြောင့် အထင်သေးပြီး ချစ်ဖို့ မဝံ့မရဲ ဖြစ်နေတတ်ပါတယ်။

သောကြာ သက်ရောက်

ကိုယ်ချစ်နေတဲ့ သူဆီက ချစ်စကား အဖြေပေးရနိုင်သလို ညီမတို့ အဖို့လဲ ကိုယ်စိတ်ဝင်စားနေတဲ့သူနဲ့ ခင်မင်ရင်းနှီးပြီး ချစ်စကား ပြောလာတာကို ကြားရမယ်။ တကယ်တော့ ဒီကာလဟာ ချစ်သူနှစ်ဦးအတွက် ပျော်စရာ အကောင်းဆုံး သာယာချမ်းမြေ့ဖို့ အကောင်းဆုံးကာလပါ။ ချစ်နေပြီး သူတွေ။ လက်ထပ်ဖို့ တာစူနေကြသူတွောဆိုရင်တော့ ဒီနှစ်ထဲမှာ ထိမ်းမြားဖို့ အခြေအနေ ပေးတက်ပါတယ်။ ဘယ်လို အနှောင့်အယှက်မျိုးတွေပဲ ရှိနေနေ၊ လက်ထပ်ဖို့စီ စဉ်ထားရင် မလွဲမသွေ အောင်မြင်မှာပါ။

ချစ်သူဘဝမှာ ပျော်ရွှင်ကြည်နူးရသလို တစ်ဘက်ကလည်း ရာထူးတက်နိုင်တယ်။ စာမေးပွဲတွေ အောင်နိုင်တယ်။ ဆောင်ရွက်ထားတဲ့ ကိစ္စတွေပြီး ပြတ်နိုင်တယ်။ ဒါ့ကြောင့် တစ်ခြား လူမှုရေးသောက၊ စီးပွားရေးသောက ပညာရေးသောကတွေ ကင်းစင်နေတာကြောင့် အချစ်နဲ့ပတ်သက်ပြီး စိတ်ကူးသမျှ အကောင်အထည်ဖော်ပြီး ချစ်နိုင်ကြပါတယ်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။